OPPO မှ ထုတ်လုပ်ထားသော နိုင်ငံတကာ 3G နှင့် 4G ဆိုင်ရာ မူပိုင်ခွင့်များကို မှတ်ပုံတင်သွားမယ်လို့ ကြေညာလိုက်ပါတယ်။

ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်းအမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ OPPO ဟာ နာမည်ကြီး မူပိုင်လိုင်စင် Platform ဖြစ်တဲ့ Avanci မှ တစ်ဆင့် IoT (internet of things) နှင့် မော်တော်ယာဉ်နှင့် ဆက်စပ်ပစ္စည်း စျေးကွက်များတွင် OPPO မှ ထုတ်လုပ်ထားသော နိုင်ငံတကာ 3G နှင့် 4G ဆိုင်ရာ မူပိုင်ခွင့်များကို မှတ်ပုံတင်သွားမယ်လို့ ကြေညာလိုက်ပါတယ်။

OPPO ရဲ့ တီထွင်ဖန်တီးမှု မူပိုင်ခွင့်ရေးရာဌာန Senior Director ဖြစ်သူ Adler Feng က “ OPPO က IoT industry ရဲ့ တိုးတက်မှုကောင်းတွေကို အထောက်အကူပြုပေးနိုင်အောင် အမြဲ စိတ်‌‌‌‌ရောကိုယ်ပါ ကြိုးစားနေပါတယ်။ OPPO ရဲ့ အ‌‌ရေး ပါလှတဲ့ မူပိုင်ခွင့်တွေကို IoT Industry မှာ သင့်တင့်မှန်ကန်တဲ့ စျေးနှုန်းနှင့် ခွဲခြားဆက်ဆံခြင်းမရှိဘဲ မျှတတဲ့ (FRAND) စည်းကမ်းချက်တွေနဲ့ အတူ မှတ်ပုံတင်ထားပါတယ်။ ဆက်သွယ်ရေးမှာ အခရာကျတဲ့ OPPO ရဲ့ 3G နှင့် 4G မူပိုင်ခွင့်တွေကို Avanci ကနေ တစ်ဆင့် IoT နဲ့ မော်တော်ယာဉ်နဲ့ ဆက်စပ်ပစ္စည်း စျေးကွက်တွေမှာ မှတ်ပုံတင်ပေးနိုင်တာကို အရမ်း ဝမ်းမြောက်မိပါတယ်” လို့ပြောကြားခဲ့ပါတယ်။

အဲဒီလိုပဲ Avanci ရဲ့ တည်ထောင်သူနှင့် အလုပ်အမှုဆောင် ဥက္ကဌဖြစ်သူ Kasim Alfalahi ကလည်း “ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်း အမှတ် တံဆိပ်ဖြစ်တဲ့ OPPO ကို Avanci Platform ကနေ လှိုက်လှဲစွာ ကြိုဆိုပါတယ်။ Avanci က OPPO စတဲ့ ကုမ္ပဏီတွေကို မူပိုင်ခွင့်ပိုင်ရှင်တွေနဲ့ လိုင်စင်ရသူတွေ အချိုးညီညီ ပါဝင်နေတဲ့ လွယ်ကူချောမွေ့တဲ့ စျေးကွက် တစ်ခု လုပ်ပေးပြီး R&D ရင်းနှီးမြှပ်နှံမှုတွေမှာ သင့်တော်တဲ့ ရလဒ်တွေ ရစေဖို့၊ ဆန်းသစ်တီထွင်မှုတွေ အဆက်မပြတ် ရှိနေစေဖို့ ကူညီပေးပါတယ်” လို့ပြောကြားခဲ့ပါတယ်။

Avanci ဟာ IoT ရောင်းချသူများအတွက် တစ်နေရာတည်းမှာ Wireless ဆက်သွယ်ရေး နည်းပညာများရရှိနိုင်ရန် စွမ်းဆောင်ပေးသော မူပိုင်ခွင့် (Patent) မှတ်ပုံတင်နိုင်တဲ့ Platform တစ်ခုပါ။ Avanci မှာ မိမိတို့ရဲ့  မော်တော်ယာဉ်များအတွက် မှတ်ပုံတင်ထားသော ကား Brand ပေါင်း ၁၄ခု ရှိပြီ ဖြစ်ပြီး OPPO အပါအဝင် Standard Essential Patent မူပိုင်ခွင့် ပိုင်ဆိုင်သူ ၃၈ ဦး နှင့်လည်း လက်တွဲလုပ်ကိုင်လျက်ရှိပါတယ် ။

အခုလို OPPO ပါဝင်လာမှုဟာ Wireless ဆက်သွယ်ရေးနယ်ပယ်မှာ ကုမ္ပဏီရဲ့ မူပိုင်ခွင့် စွမ်းအားကို ဖော်ပြလျက်ရှိပါတယ်။

ကမ္ဘာ့ထိပ်တန်း နည်းပညာကုမွဏီ တစ်ခုအနေနဲ့ OPPO ဟာတစ်ကမ္ဘာလုံးမှ သုံးစွဲသူများအတွက် အရည်အသွေးမြင့် ထုတ်ကုန်များနှင့် စွမ်းဆောင်မှုများ ပေးနိုင်ရန် R&D တီထွင်ဆန်းသစ်မှုများကို အစဉ်တစိုက် အလေးထားလာခဲ့တာ ကိုတွေ့ရပါတယ်။

၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၂၉ ရက်နေ့မှာ နိုင်ငံတကာမှ မူပိုင်ခွင့် အသုံးပြုခွင့်လျှောက်လွှာ ၄၃,၀၀၀ ကျော်ကို ရရှိခဲ့ပြီး မူပိုင်ခွင့် အသုံးပြုခွင့် တောင်းခံလွှာ ၃၈,၀၀၀ ကျော်တို့တွင် OPPO မှ မူပိုင်ခွင့်ပေါင်း ၁၆,၀၀၀ ကျော်ကိုလျှောက်ထားခဲ့တဲ့ အတွက်  နိုင်ငံတကာမှ မူပိုင်ခွင့် အသုံးပြုခွင့်လျှောက်လွှာ တင်သွင်းခြင်း အားလုံးရဲ့ ၈၈ ရာခိုင်နှုန်းကျော်ကို OPPO မှ ပိုင်ဆိုင်ထားလျက် ရှိပါတယ်။ 

(ဒီသတင်းကို OPPO မှပံ့ပိုးကူညီထားပါတယ်)

Share

Loading Next Article...
က္က