OPPO Myanmar ကတင်သွင်းရောင်းချပေးသမျှ စမတ်ဖုန်းတွေထဲမှာ ဘက်ထရီအားအကြီးဆုံးနဲ့ ပထမဆုံး Dual Camera စနစ်တို့ပါဝင်တဲ့ OPPO A3s ကို မြန်မာတစ်နိုင်ငံလုံးရှိ OPPO အရောင်းဆိုင်တွေမှာ ဝယ်ယူရရှိနိုင်ပြီလို့သိရပါတယ်။
OPPO A3s ကို အနီရောင်နဲ့ ခရမ်းနက် အရောင်၂မျိုးကိုရွေးချယ်နိုင်ပြီး ဈေးနှုန်းက ၁၉၉,ဝဝဝ သာရှိတာကြောင့် ပေးရတဲ့ဈေးနဲ့အတန်ဆုံးဖုန်းတစ်လုံးဖြစ်လို့လာပါတယ်။
ဝယ်ယူအသုံးပြုသူတွေအနေနဲ့ တစ်လကို ဖုန်းငွေဖြည့်ကဒ် ၅ဝဝဝ ကျပ်ဖြည့်သွင်းရုံနဲ့ Telenor Data Package ကို 1GB ရရှိမှာဖြစ်ပြီး ၆လဆက်တိုက် 6GB အထိခံစားခွင့်ရရှိမှာပါ။
OPPO A3s ကို Notch ဒီဇိုင်းနဲ့ဖန်တီးထားပြီး 720x1520 pixels ရုပ်ထွက်အရည်အသွေးရှိ 6.2 inch Display အမျိုးအစားကိုအသုံးပြုထားပါတယ်။ အဆင့်မြှင့်တင်ထားတဲ့ AI နည်းပညာသုံး 8MP ရှေ့ကင်မရာနဲ့အတူ Portrait ပုံတွေကိုပါရိုက်ယူနိုင်မယ့် 13MP+2MP Dual Camera ပါဝင်ပါတယ်။
ဖုန်းရဲ့စွမ်းဆောင်ရည်ပိုင်းအတွက် Octa-core 1.8 GHz မြန်နှုန်းရှိ Snapdragon 450 CPU နဲ့အတူ RAM 2GB တို့နဲ့တွဲဖက်လုပ်ဆောင်မှာပါ။ ဖုန်းတွင်းသိုလှောင်မှုအတွက် 16GB ROM ပါရှိပြီး SD ကဒ်မှတစ်ဆင့် 256GB အထိ ထပ်တိုးအသုံးပြုနိုင်ပါတယ်။
4G ကွန်ရက်မှာအသုံးပြုနိုင်မယ့် Dual SIM ကဒ်စနစ်လည်းပါဝင်ပါတယ်။
OPPO A3s ၏အကြီးမားဆုံးအားသာချက်တစ်ခုကတော့ ယနေ့ခေတ်မိုဘိုင်းအသုံးပြုမှုကို ပိုမိုကြာရှည်စေမယ့် ကြီးမားတဲ့ 4230 mAh battery အမျိုးအစားကိုအသုံးပြုပေးထားတာပဲဖြစ်ပြီး ပုံမှန်အတိုင်းသုံးစွဲပါက ၁၅နာရီဝန်းကျင်အထိကြာရှည်ခံ မှာဖြစ်ပါတယ်။ Android OS 8.1 (Oreo) ကိုအခြေခံထားတဲ့ ColorOS 5.1 version နဲ့ OPPO A3s ကို ထိတွေ့အသုံးပြုရမှာပဲ ဖြစ်ပါတယ်။