OPPO Reno4 Limited Edition ရဲ့ ဈေးနှုန်းကို သိရှိလိုတယ်ဆိုရင်တော့ စက်တင်ဘာလ (၁၃) ရက်နေ့ ည ၇ နာရီ က ၈ နာရီ အတွင်း ဝတ်မှုံရွှေရည်ရဲ့ Official Pageမှာ ပြုလုပ်သွားမယ့် Live Stream ကို ကြည့်ရှုစောင့်ကြည့်နိုင်ပြီး မှာယူလိုသူတွေ အနေနဲ့ Live Stream တွင် ဖော်ပြပေးသွားမယ့် Hotline ဖုန်းနံပါတ်တွေကို ဆက်သွယ်ပြီး Pre-order မှာပြီး ဝယ်ယူရရှိနိုင်မယ့် အပြင် OPPO က Free Delivery အနေနဲ့ အိမ်တိုင်ရာရောက် ပို့ဆောင် ပေးသွားမှာ ဖြစ်တယ်လို့လည်းသိရပါတယ်။

OPPO  Myanmar က  မိသားစုဝင် Brand Ambassador ဖြစ်တဲ့ အကယ်ဒမီ ဝတ်မှုံရွှေရည်နဲ့အတူ ပူးပေါင်းလက်တွဲပြီး Limited Edition Package ကို ထုတ်လုပ်ရောင်းချသွားမည်ဖြစ်တယ်လို့ သိရပါတယ်။ အကယ်ဒမီ ဝတ်မှုံရွှေရည်ရဲ့ အမှတ်တရ လက်မှတ်ရေးထိုးထားတဲ့ လူကြိုက်များပြီး ထူးခြားဆန်းသစ်တဲ့ စွမ်းဆောင်ရည် ပါဝင်မယ့် နေ့မိုက်ညချော OPPO Reno4 နဲ့ OPPO Smart Watch တို့အပြင် အလန်းစားဓာတ်ပုံတွေ ပါဝင်တဲ့ Limited Edition Package ကို စက်တင်ဘာလ (၁၁) ရက်နေ့တွင် ထုတ်လုပ်ရောင်းချသွားမှာ ဖြစ်ပါတယ်။

အကယ်ဒမီ ဝတ်မှုံရွှေရည်ဟာ OPPO အပါအဝင် Brand ပေါင်းများစွာနဲ့ လက်တွဲလုပ်ကိုင်လျက်ရှိပြီးတော့ ရုပ်ရှင် ကားကြီးတွေနဲ့ ကြော်ငြာတွေ ရိုက်ကူးနေရတဲ့ မြန်မာပရိသတ်များအကြား ဩဇာလွှမ်းမိုးမှုရှိတဲ့ နာမည်ကြီး အမျိုးသမီး သရုပ်ဆောင်နဲ့ ကြော်ငြာမင်းသမီးတစ်ဦး ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်တွင် သူမရဲ့ ပထမဆုံးသော အကယ်ဒမီဆုကို အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်အဖြစ် “နင်စေရင်” ရုပ်ရှင်ဇာတ်ကားကြီးဖြင့်ရရှိခဲ့ပြီးတော့ ဒုတိယမြောက် အကယ်ဒမီဆုကို အကောင်းဆုံး အမျိုးသမီးဇာတ်ပို့အဖြစ် “နှလုံးသားဖြင့် ပြုလုပ်သည်” ရုပ်ရှင် ဇာတ်ကားကြီးဖြင့် ၂၀၁၄ ခုနှစ်တွင် ဆွတ်ခူးရရှိခဲ့ပါတယ်။ OPPO Myanmar အနေနဲ့ ၂၀၁၈ ခုနှစ်၊ ဩဂုတ်မှာ မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီး အကယ်ဒမီ ဝတ်မှုံရွှေရည်ကို Brand Ambassador အဖြစ် ယုံကြည်စွာ စတင်ခန့်အပ်ခဲ့ပြီး ယခုအချိန်အထိ လက်တွဲလုပ်ကိုင်လာရာ (၂) နှစ် ကျော်တိုင် ရှိပြီဖြစ်တယ်လို့ သိရပါတယ်။ OPPO ရဲ့ ကြော်ငြာတွေ၊ Launch Event ပွဲတွေနဲ့ OPPO ထုတ်ကုန်အသစ်တွေ မြန်မာနိုင်ငံဈေးကွက်အတွင်း မိတ်ဆက်တဲ့ အချိန်တိုင်း ပြည်သူ့အချစ်တော် ဝတ်မှုံရွှေရည်က Brand Ambassador အဖြစ် အစဥ်အမြဲ တက်ကြွစွာ ပါဝင်အားဖြည့် ခဲ့ပါတယ်။

OPPO ရဲ့ ထုတ်ကုန်တွေက လူငယ်လူလတ်ပိုင်းတွေကို ဦးတည်ပြီး ခေတ်ရေစီးကြောင်းနဲ့အညီ Trendy ဖြစ်ပြီးတော့ Fashion ကျကျ အဆင့်မြင့်သောအသွင်အပြင်တွေနဲ့ ထုတ်လုပ်ဖန်တီးထားတဲ့အလျောက် OPPO ရဲ့ Brand Ambassador ဝတ်မှုံရွှေရည်ကလည်း လူငယ်တွေအကြား သူမရဲ့ Fashion နဲ့ Trend တွေကြောင့် ရေပန်းစား လူကြိုက်များတဲ့ အနုပညာရှင် မင်းသမီးတစ်ဦးဖြစ်ပါတယ်။

OPPO ဟာ ၂၀၂၀ ခုနှစ်၊ ဩဂုတ်လ (၂၂) ရက်နေ့မှာ နေ့မိုက်ညချော OPPO Reno4 ကို ဝတ်မှုံရွှေရည် အပါအဝင် အခြားနာမည်ကြီးအနုပညာရှင်တွေနဲ့ အတူ Online Launch Event က တစ်ဆင့် တရားဝင် မိတ်ဆက်ပေးခဲ့ပြီး ဩဂုတ်လ (၃၀) ရက်နေ့တွင် မြန်မာနိုင်ငံ အမြို့မြို့အနယ်နယ်ရှိ အရောင်းဆိုင်များတွင် စတင် ရောင်းချပေးခဲ့သည်။ စတင် ရောင်းချတာနဲ့ တစ်ပြိုင်နက်  လူအမျာရဲ့ အားပေးနှစ်သက်မှုကိုရရှိခဲ့ပြီး ရောင်းအားကောင်းခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ နေ့မိုက်ညချော OPPO Reno4 ကို အခုအချိန်မှာ ဝတ်မှုံရွှေရည်နဲ့ ပူးပေါင်းပြီးOPPO  မိသားစုဝင် Brand Ambassador ဖြစ်တဲ့ (၂) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် OPPO Reno4 Limited Edition ကို OPPO နဲ့ ဝတ်မှုံရွှေရည် ချစ်ပရိတ်သတ်များအတွက် ထုတ်လုပ် ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။

OPPO က ဝတ်မှုံရွှေရည်နဲ့ အတူ လက်တွဲကာ ထုတ်လုပ်ရောင်းချမယ့် Limited edition special package မှာတော့ OPPO Reno4 (Space Black) ဖုန်းနဲ့ 41mm OPPO Smart Watch (Black Colour) တို့ပါဝင်မှာဖြစ်ပြီး ဝတ်မှုံရွှေရည်ရဲ့ အလှ ဓာတ်ပုံကတ် (၅) ခုကို လက်ဆောင်ထည့်ပေးသွားမည်ဖြစ်တယ်လို့ သိရပါတယ်။  ဒါ့အပြင် OPPO Reno4 ဖုန်းရဲ့ ကျောဘက်တွင် ဝတ်မှုံရွှေရည် ကိုယ်တိုင်ရေးထိုးထားသော လက်မှတ်လည်း ပါဝင်သွားမှာဖြစ်ပြီး လှပဆန်းသစ်တဲ့ ထုပ်ပိုးမှု ပုံစံနဲ့ မိတ်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

OPPO Reno4 Limited Edition ရဲ့ ဈေးနှုန်းကို သိရှိလိုတယ်ဆိုရင်တော့ စက်တင်ဘာလ (၁၃) ရက်နေ့ ည ၇ နာရီ က ၈ နာရီ အတွင်း ဝတ်မှုံရွှေရည်ရဲ့ Official Pageမှာ ပြုလုပ်သွားမယ့် Live Stream ကို ကြည့်ရှုစောင့်ကြည့်နိုင်ပြီး မှာယူလိုသူတွေ အနေနဲ့ Live Stream တွင် ဖော်ပြပေးသွားမယ့် Hotline ဖုန်းနံပါတ်တွေကို ဆက်သွယ်ပြီး Pre-order မှာပြီး ဝယ်ယူရရှိနိုင်မယ့် အပြင် OPPO က Free Delivery အနေနဲ့ အိမ်တိုင်ရာရောက် ပို့ဆောင် ပေးသွားမှာ ဖြစ်တယ်လို့လည်းသိရပါတယ်။

Share

Loading Next Article...
က္က