တရုတ်စမတ်ဖုန်းကုမ္ပဏီတချို့ရဲ့ ပထမဆုံး Foldable ထုတ်ကုန်တွေကို မြင်ရဖို့ သိပ်စောင့်စရာမလိုတော့ပါဘူး။
ဈေးကွက်ဝင် Foldable ဖုန်းတွေကို Samsung နဲ့ Huawei တို့က ပထမဆုံးဖြန့်ချိခဲ့တာ ဖြစ်ပြီး လက်ရှိ Foldable ဖုန်းလောကကို Samsung က ကြီးစိုးနေတယ်လို့ ပြောနိုင်ပါတယ်။ ဒီနှစ်ထဲမှာ တရုတ်စမတ်ဖုန်းကုမ္ပဏီ Xiaomi က Mi Mix Fold နာမည်နဲ့ ပထမဆုံး Foldable ဖုန်းကို ကြေညာခဲ့ပြီးနောက် OPPO နဲ့ Vivo တို့ရဲ့ Foldable ဖုန်းတွေလည်း မကြာခင် ဈေးကွက်ထဲ မိတ်ဆက်မယ်လို့ သတင်းထွက်ခဲ့ပါတယ်။
OPPO ၊ Vivo နဲ့ Xiaomi တို့ဟာ ပြီးခဲ့တဲ့နှစ်ကတည်းက သူတို့ရဲ့ Foldable ဖုန်း Concept မော်ဒယ်တွေကို ချပြခဲ့တဲ့ OEMs တွေလည်း ဖြစ်ပါတယ်။ ဈေးကွက်မှာ Foldable ဖုန်းတွေ တရားဝင် ကြေညာမှုမရှိသေးပေမယ့် Concept ဒီဇိုင်းတွေအရ OPPO နဲ့ Vivo တို့ရဲ့ Foldable ဖုန်းဒီဇိုင်းတွေဟာ အတော်လေး စိတ်ဝင်စားဖို့ကောင်းနေပါတယ်။ OPPO X 2021 မှာဆို ခေါက်သိမ်းနိုင် Folding ထက် display ကို ဖုန်းကိုယ်ထည်ကနေ ဆွဲထုတ်နိုင်မယ့် Rollable ဒီဇိုင်းဘက်ကို သွားထားတာပါ။
Photo: notebookcheck
Foldable ဖုန်းအနေနဲ့ မြင်ရမယ့် OPPO Fold အကြောင်း ဒီတစ်ပတ်ထဲ သတင်းတွေ တက်လာခဲ့ပါတယ်။ Weibo ပေါ်က Digital Chat Station ရဲ့ ပို့စ်တစ်ခုမှာ OPPO Fold ဖုန်းဟာ 4500mAh အကြီးစားဘက်ထရီ pack နဲ့လာပြီး 65W fast charging ပါမယ်လို့ ဆိုပါတယ်။ OPPO Fold မှာ သုံးမယ့် display ဟာ low Temperature ပိုလီခရစ္စတယ်လိုင်းအောက်ဆိုဒ် LTPO display ဖြစ်မယ်လို့လည်း ဒီအကောင့်က ဖော်ပြထားပါတယ်။
OPPO Fold ခေါက်သိမ်းနိုင်စမတ်ဖုန်းမှာ Snapdragon 888 SoC နဲ့လာပြီးအတွင်း display ဆိုဒ် ၇.၈ လက်မကကနေ ၈ လက်မအထိ ရှိမယ်လို့ ဆိုပါတယ်။ display ရုပ်ထွက် 2K+ screen ဖြစ်ပြီး 120Hz refresh rate ပါမယ်လို့လည်း သတင်းထွက်နေပါတယ်။ ကျောဘက်မှာ 50MP Sony IMX766 main sensor နဲ့ ရှေ့ဘက် 32MP selfie ကင်မရာ နဲ့လာဖို့ ရှိပါတယ်။
Vivo ရဲ့ Foldable ဖုန်းမှာ Snapdragon 898 chipset သုံးမယ်လို့ သတင်းထွက်နေတာကြောင့် ၂၀၂၂ ရောက်မှ ကြေညာသွားမယ်လို့ ယူဆရပါတယ်။ Huawei ကလည်းဒီနှစ်ထဲမှာ Foldable ဖုန်းသစ် တစ်မျိုး ထပ်မိတ်ဆက်ဖို့ ရှိပါတယ်။ နှစ်ဆန်းပိုင်း ဖေဖော်ဝါရီလက Huawei ကနေ ဒီဇိုင်းသစ် ၊ ပတ္တာပုံစံသစ်နဲ့ Huawei Mate X2 ဆိုတဲ့ Foldable ဖုန်းကို ကြေညာခဲ့ပါတယ်။
Photo: Gizmochina
Huawei Mate X2 ဟာ Huawei Mate X နဲ့ Xs တို့နောက် တတိယမြောက် Foldable ဖုန်းအဖြစ် ထွက်လာတဲ့ Huawei ဖုန်းလည်း ဖြစ်ပါတယ်။ အရင် Huawei ထုတ် Foldable ဖုန်းတွေဟာ အပြင်ခေါက်စတိုင် သုံးခဲ့ပြီး Mate X2 မှာ Samsung Galaxy Z Fold စတိုင် အတွင်းခေါက်ဒီဇိုင်းနဲ့ ထွက်လာတာပါ။ နှစ်ကုန်ပိုင်းမှာ ထွက်မယ့် Huawei ရဲ့ Foldable ဖုန်း Mate V ဟာ Galaxy Z Flip တို့လို Flip Style ဖြစ်မယ်လို့လည်း သတင်းထွက်နေပါတယ်။ ဒီနှစ်ထဲ Huawei က ထုတ်မယ့် ဖုန်းသစ်တွေမှာ 5G တော့ မျှော်လင့်လို့ ရမှာ မဟုတ်ပါဘူး။
တရုတ်နည်းပညာကုမ္ပဏီ Lenovo ရဲ့အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ Motorola ကလည်း ဈေးကွက်ထဲမှာ ဒီဇိုင်းနှစ်မျိုးနဲ့ Foldable ဖုန်းမော်ဒယ်နှစ်မျိုးကြေညာထားပါတယ်။ တရုတ်ဖုန်း Brand တွေလို အမေရိကန်စမတ်ဖုန်းကုမ္ပဏီတွေလည်း Foldable ဖုန်းတွေ ထုတ်မယ်လို့ သတင်းထွက်နေပါတယ်။ Google ရဲ့ Pixel Fold ဖုန်းအကြောင်း သတင်းတွေ ထွက်ထားတာ နှစ်ပေါက်နေပြီ ဖြစ်ပေမယ့် တရားဝင်မိတ်ဆက်ဖို့ စောင့်ရဦးမှာပါ။
Apple ရဲ့ Foldable iPhone ထွက်ဖို့ မျှော်နေသူတွေကတော့ အနည်းဆုံး နောက် ၃ နှစ်လောက် စောင့်ရဖို့ ရှိပါတယ်။
Share