၂၀၂၀ မှာ flagship အရည်အသွေးနဲ့ အဆင့်မြှင့်ထားတဲ့ Reno ဖုန်းသစ်တွေ မြင်ရတော့မှာပါ။
OPPO Reno 3 Pro 5G ဟာ လာမယ့်ဒီဇင်ဘာ ၂၆ ရက်နေ့မှာ မိတ်ဆက်သွားမယ့် စမတ်ဖုန်းဖြစ်ပြီး ဘေးဘောင်တွေ ကွေးညွှတ်ထားတဲ့ curved edged display သုံးသွားဖို့ ရှိပါတယ်။ ပေါက်ကြားလာတဲ့ ဒီဇိုင်းတွေအရ OPPO Reno 3 Pro 5G ရဲ့ အပေါ်ဘယ်ထောင့်မှာ punch hole တစ်ခု သုံးလာတာ တွေ့ရပါတယ်။
Photo: Android Authority
OPPO Reno 3 နဲ့ Reno 3 Pro တို့ဟာ 5G စမတ်ဖုန်းတွေအဖြစ် မြင်ရမယ့် စမတ်ဖုန်းမော်ဒယ်တွေ ဖြစ်ပြီး dual-band 5G ချိတ်ဆက်မှု ပါရှိမယ်လို့ ဆိုပါတယ်။ Reno 3 series ဖုန်းတွေဟာ ဖုန်းကိုယ်ထည် ပတ်ပတ်လည်မှာ ၃၆၀ ဒီဂရီ ပတ်ပတ်လည် wraparound antenna ဒီဇိုင်းနဲ့ လာမှာ ဖြစ်လို့ signal ဖမ်းယူမှု ပိုကောင်းလာမယ်လို့ ဆိုပါတယ်။
Reno 3 Pro 5G ဟာ 90Hz refresh rate display နဲ့ လာပြီး အရောင်အနေနဲ့ Misty White ၊ Misty Night Black ၊ Blue Starry Night နဲ့ Sunrise ကာလာ ၄ ရောင်နဲ့ ထွက်လာဖို့ ရှိပါတယ်။ RAM/storage ကိုတော့ 8GB/128GB ၊ 12GB/128GB နဲ့ 12GB/256GB ဆိုပြီး ဗားရှင်းသုံးမျိုး မိတ်ဆက်မှာပါ။ OPPO ရဲ့ ဝက်ဘ်ဆိုက်မှာ အတည်ပြုချက်အရ Reno 3 Pro 5G ဟာ 4025mAh ဘက်ထရီနဲ့ လာပြီး Snapdragon 765G processor သုံးသွားမယ်လို့ ဆိုပါတယ်။
Photo: Beebom
ဒီဖုန်းဟာ မျက်နှာပြင် ၆.၅ လက်မ FHD+ AMOLED screen သုံးသွားဖို့ ရှိပြီး in-display လက်ဗွေနည်းပညာ ပါဝင်လာဖို့ ရှိပါတယ်။ ကျောဘက်မှာ 48MP+ 13MP + 8MP + 2MP ဆိုပြီး ကင်မရာ ၄ လုံး နဲ့အတူ ရှေ့ဘက်မှာ 32MP selfie ကင်မရာတို့ သုံးသွားဖို့ ရှိပါတယ်။ OPPO Reno 3 Pro 5G ဟာ VOOC 4.0 fast charging စနစ်နဲ့ လာမယ်လို့ သတင်းထွက်ထားတာကြောင့် ဘက်ထရီပါဝါ သုညကနေ ၁၀၀% ရောက်ဖို့ ၅၆ မိနစ်ပဲ ကြာဖို့ ရှိပါတယ်။
Reno 3 series စမတ်ဖုန်းတွေရဲ့ ဈေးနှုန်း မသိရသေးပေမယ့် 5G ဗားရှင်းတွေ ဖြစ်လို့ ဈေးတော့ မြောက်မှာ သေချာပါတယ်။ ပုံမှန်အတိုင်း တရုတ်ဈေးကွက်မှာပဲ ပထမဆုံး မိတ်ဆက်သွားမှာ ဖြစ်ပြီး ဥရောပနဲ့ အိန္ဒိယဈေးကွက်တွေကိုတော့ နောက်ပိုင်းမှာ ဖြန့်သွားဖို့ ရှိပါတယ်။