ပြောင်းတာလား ၊ ပေါင်းတာလား

OnePlus ရဲ့အလတ်တန်းစားထုတ်ကုန်သစ် Nord CE2 5G ကို ကာလာအဆန်း ၊ ဒီဇိုင်းအလန်းနဲ့အတူ မြင်ရဖို့ရှိပါတယ်။ 


ဖေဖော်ဝါရီ ၁၇ ရက်နေ့မိတ်ဆက်သွားမယ့် ဒီထုတ်ကုန်နဲ့ ပတ်သက်ပြီး အချက်အလက်တချို့ ကြားသိရပြီး ဖြစ်သလို အခုတစ်ခေါက်မှာဆို ကျောဘက်ဒီဇိုင်းပါ တရားဝင်ချပြလာပြီ ဖြစ်ပါတယ်။ ပုံစံအနေနဲ့ အရင်ပထမမျိုးဆက် ၂၀၂၁ မော်ဒယ် OnePlus Nord CE နဲ့ သိပ်မကွာလှပါဘူးဆိုပေမယ့် ကျောဘက်ကင်မရာ Module ပုံစံက ကွဲပြားမှုတွေ ရှိလာပါတယ်။



OnePlus Nord CE2 5G ဟာ OnePlus ရဲ့ Family Brand တွေထဲက တစ်ခုဖြစ်တဲ့ OPPO ရဲ့ Find X3 Pro စတိုင် ကင်မရာ Module ဒီဇိုင်းမျိုး ယူသုံးထားတာလို့ ပြောနိုင်ပါတယ်။ ကျောဘက်ဖုန်းကာဗာကနေ ကင်မရာအိမ်တစ်ခုဖြစ်တည်လာသလိုမျိုး ဒီဇိုင်းအယူအဆကို အခြေခံတာလို့လည်း ဆိုပါတယ်။ 

Photo: GSMArena


OnePlus ထုတ်ကုန်ဌာနအကြီးအကဲ အိုလီဗာဇောင်က Tech Radar ကို ပြောရာမှာလည်း “သေသပ်သားနားတဲ့ ကွေးညွှတ်မှုနဲ့ ဖုန်းရဲ့ ကျောဘက်ကနေ သဘာဝကျကျ မြင့်တက်သွားတဲ့ သလင်းကျောက်လို ကြည်လင်တဲ့ကင်မရာ Module ရဖို့ အပိုင်းအစတစ်ခုတည်းကိုပဲ ပုံသွင်းတဲ့လုပ်ငန်းစဉ်မျိုုး သုံးထားကြောင်း ” ပြောထားပါတယ်။ 


နောက်ထပ် ဒီဖုန်းမှာ မြင်ရတဲ့ အပြောင်းအလဲတစ်ခုက Gradient ပါးပါးဖောက်ထားတဲ့ Bahama Blue ဆိုတဲ့ ကာလာဆန်းသုံးလာတာပဲ ဖြစ်ပါတယ်။ အပြာရောင်ကာလာတန်းကိုမှ သပ်သပ်ရပ်ရပ် ပေါင်းစပ်ထားတဲ့ အပြာ ၊ အဝါအရောင်နှစ်မျိုးကို Multi-Dimensional ရောင်ပြေးဖောက်လိုက်တာပါ။ Gray Mirror အနေနဲ့လည်း တစ်ရောင်ထွက်ဖို့ ရှိတယ်လို့ ဇောင်က ဆိုပါတယ်။

ရက်ပိုင်းအတွင်း မြင်ရမယ့် OnePlus Nord CE2 5G ဟာ 4500mAh ဘက်ထရီ နဲ့ 65W Fast Charging သုံးလာမယ်လို့ သတင်းထွက်နေပါတယ်။ 65W Fast Charging ကတော့ အရင် OPPO ထုတ်ကုန်တွေမှာ မြင်ခဲ့ရတဲ့ SuperVOOC နည်းပညာဖြစ်ပြီး ၁၅ မိနစ်အားသွင်းမှုကနေ ဘက်ထရီသက်တမ်း ၁ ရက်ခံမယ်လို့ OnePlus က အတည်ပြုပါတယ်။ 


Photo: GSMArena

Teaser တွေအရ 3.5mm Headphone Jack နဲ့ MicroSD Slot တစ်ခုလည်း ပါပါမယ်။ Processor ကို Dimensity 900 Chipset သုံးပြီး ကျောဘက်ကင်မရာ ၃ လုံးအနေနဲ့ 64MP main ၊ 8MP Ultrawide နဲ့ 2MP Macro Lens တို့ သုံးလာနိုင်ပါတယ်။ 

၂၀၂၁ မော်ဒယ် OnePlus Nord CE ကို ပေါင်စတာလင် ၂၉၉ (မြန်မာငွေ ၇ သိန်းကျော်) ဈေးနဲ့ ရောင်းချခဲ့ပြီး ၂၀၂၂ ခုနှစ်မှာ မြင်ရမယ့် ဒုတိယမျိုးဆက်မှာလည်း အလားတူဈေးနဲ့ ရောင်းချသွားဖို့ရှိပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က