ဈေးကွက်ထဲ ဝင်ဖို့ နီးစပ်လာပြီလား

OPPO ဖုန်းကုမ္ပဏီကနေ Find N နာမည်နဲ့ ကုမ္ပဏီရဲ့ပထမဆုံး Foldable ဖုန်းကို မိတ်ဆက်သွားတော့မှာပါ။ 

OPPO Find N ကို OPPO ရဲ့ နှစ်စဉ် Inno Day ဒုတိယမြောက်ရက်ဖြစ်တဲ့ ဒီဇင်ဘာ ၁၅ ရက်နေ့မှာ ကြေညာသွားမယ်လို့ The Verge သတင်းက ဖော်ပြပါတယ်။ OPPO ရဲ့ ထုတ်ကုန်အမှုဆောင်အရာရှိချုပ်နဲ့ OnePlus CEO ပီတီလောင်ရဲ့ ပို့စ်မှာ နာမည်နဲ့အတူ မိတ်ဆက်မယ့်ရက်ပါ ကြေညာထားတာ ဖြစ်ပြီး ထုတ်ကုန်အကြောင်းအသေးစိတ်အချက်အလက်တွေတော့ ပြောမထားပါဘူး။





Twitter ပေါ် တင်ထားတဲ့ ထုတ်ကုန်နမူနာအမြည်းအရ ဒီဖုန်းဟာ Samsung Galaxy Z Fold ထုတ်ကုန်စတိုင် အတွင်းခေါက် ခေါက်ဖွင့်နိုင်ဒီဇိုင်း သုံးလာဖို့ ရှိပါတယ်။ အပြင်မှာ Cover Screen တစ်ခု ပါရှိပြီး အပြင် Screen ကလည်း ပုံမှန်ဖုန်းတွေရဲ့ အချိုးအစားနဲ့ နီးစပ်မှုရှိပါတယ်။ Foldable ဖုန်းဘက်မှာ OPPO ဟာ နောက်ကျတယ်လို့ ပြောနိုင်ပေမယ့် ပြိုင်ဘက်ထုတ်ကုန်တွေထက် အကြမ်းခံပြီး User Experience ဘက်မှာ သုံးရပိုအဆင်ပြေဖို့ အဆင်သင့်ဖြစ်တဲ့အချိန်မှ ထုတ်ဖို့ စီစဉ်လိုက်တာလို့လည်း ဆိုပါတယ်။ 

OPPO Find N ဟာ OPPO သုတေသနနဲ့ ဖွံ့ဖြိုးရေးဘက်က ၄ နှစ်ကြာ တီထွင်ကြံဆမှုနဲ့ နမူနာမော်ဒယ်မျိုးဆက် ၆ ဆက်တိုင် အားထုတ်မှုရဲ့ ရလဒ်တစ်ခုလည်း ဖြစ်တယ်လို့ လောင်က ပြောပါတယ်။ OPPO Find N ရဲ့ ပထမဆုံးမျိုးဆက် Prototype ကို ၂၀၁၈ ဧပြီလထဲမှာ စတင်ထုတ်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၉ ဖေဖော်ဝါရီလထဲမှာလည်း ကုမ္ပဏီဟာ အကြီးစား OLED Panel ကြီးတစ်ခုတည်းသုံးထားပြီး Huawei Mate X စတိုင် အပြင်တွန်းခေါက်နိုင်မယ့် နမူနာထုတ်ကုန်ကို ပြသခဲ့ပါတယ်။

OPPO ရဲ့ Inno Day ပွဲဟာ ရှေ့ပြေး Concept နည်းပညာနဲ့ ထုတ်ကုန်တွေ မိတ်ဆက်လေ့ရှိတဲ့ ပွဲတစ်ပွဲဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က ဘေးကို ဆန့်ထွက်လာနိုင်တဲ့ OPPO X 2021 နာမည်နဲ့ Rollable ဖုန်း နဲ့ AR Glasses မျက်မှန်လို ထုတ်ကုန်တွေ မိတ်ဆက်ပြသခဲ့ပါတယ်။ ဒီနှစ် Inno Day မှာလည်း AR မျက်မှန်တွေအပြင် အရှင်ဖြုတ်တပ်နိုင်တဲ့ ကျောဘက်ကင်မရာမျိုးတွေပါ ပြသသွားဖို့ ရှိပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က