ပါကင် မဖောက်ရသေးတဲ့ iPhone 2007 ကို ရောင်းခဲ့တာပါ

2007 တုန်းက iPhone ဟာ ဒီဖက်ခေတ် အမျိုးစားတွေနဲ့ ယှဥ်လိုက်ရင် စွမ်းဆောင်ရည်ပိုင်း ၊ ကင်မရာပိုင်း ဘာမျှ ပြောစရာ မရှိတာ အမှန်ပါ။

ဒါပေမယ့် နည်းပညာ လောကကို အပြောင်းလဲ ဖြစ်စေခဲ့တဲ့ Icon ဖြစ်တာမို့ ခေတ်ပေါ် စမတ်ဖုန်းတွေရဲ့ အမွေလို့ ပြောရင်လည်း မှားမယ် မထင်ပါဘူး။

Macworld 2007 မှာ ကွယ်လွန်သူ Steve Jobs ကိုယ်တိုင် မိတ်ဆက်ခဲ့တဲ့ iPhone ဟာ သူ့ခေတ် သူ့ခါတုန်းက တန်ကြေး $500 ရှိခဲ့ပြီး Storage 4GB သာပါတယ် ၊​ 8GB ဆိုရင် $600 ရှိတာမို့ 2023 ထွက် Android ဖုန်းတစ်လုံးကို $150 ပေးရင်တောင် 8GB RAM နဲ့ 128GB Storage နဲ့ ရပါတယ်။

ခုဆိုရင် အော်ရီဂျယ်နယ် အိုင်ဖုန်းကို 4GB နဲ့ မရနိုင်သလို လေလံတင် ရောင်းချတဲ့ LCG Auctions က “Holy Grail” ဘုရားသခင် သောက်တော်ရေခွက်လို့ တင်စားထားပြီး ရှာမှရှားသွားပြီ၊

8GB ပါကင် အလုံးကို ရောင်းတုန်းက $63,000 ရှိခဲ့ပြီး ကြမ်းခင်းစျေး $2,500 နဲ့ စျေးခေါ်ခဲ့တယ်လို့ သိရပါတယ်။

စက်ရုံ ပထမဆုံးထုတ် iPhone 4GB ကိုကျ ဇွန် 30 မှာ $10,000 နဲ့ စတင် လေလံတင် ရောင်းခဲ့ရာ ခန့်မှန်းတန်ဖိုး $50,000 နဲ့ $100,000 ကြား ရှိမယ်၊

ဒီလို ဒေါ်လာ ၁ သောင်းနဲ့ လေလံတင် ရောင်းခဲ့တဲ့ တန်ဖိုးဟာ ဇူလိုင် 16 ထိ $42,000 ရှိခဲ့ပေမယ့် အချိန်တိုတွင်း ဒေါ်လာ ၂ သိန်း နီးပါး ဖြစ်သွားခဲ့တာ အံ့အားသင့်စရာပါ။

2007 မှာ စရောင်းတုန်းက 8GB နဲ့ 16GB အလုံးတွေထက် 4GB အလုံးတွေ အရောင်းပါးခဲ့တယ် ၊ $100 ပိုပေးရုံနဲ့ 8GB အလုံးကို ရွေးကြတဲ့ အပေါ် လေလံတင် တန်ဖိုးကို မေးခွန်းထုတ်စရာ ဖြစ်စေခဲ့တာပါ။

iPhone တွေကို စုဆောင်းရတာ ဝါသနာပါသူအဖို့  အထူးအဆန်း မဟုတ်လှပေမယ့် လက်လှမ်းမီသလောက် ပြောရရင် USB-C ပါ iPhone X ကို $86,000 နဲ့ ရောင်းခဲ့တယ် ၊ iPhone 2007 ကို $39,339 နဲ့ လေလံတင်ခဲ့ပြီး အဆိုပါ iPhone အားလုံး Revolutionary ထုတ်ကုန်တွေပါ။

ပါကင် မဖောက်ရသေးတဲ့ iPhone 2007 ကို ဒေါ်လာ ၂ သိန်းပါး ရတယ်ဆိုရင် ကိုယ့်မှာ အော်ရီဂျယ်နယ် iPhone 2GB သို့ တခြား အလုံးများရှိနေသေးရင် လေလံတင်ဖို့ စိတ်ကူးရှိရဲ့လား?

Source: GSMArena

Share

Loading Next Article...
က္က