ပြင်သစ်ကတော့ စိုးရိမ်ဖို့ကောင်းနေပါတယ်။

ပြင်သစ်လက်ရွေးစင်အသင်းဟာ မနေ့ညက ကစားခဲ့တဲ့ ဘယ်လ်ဂျီယံနဲ့ ကစားခဲ့တဲ့ ယူရို ရှုံးထွက် (၁၆) သင်းအဆင့်ပွဲစဉ်မှာ ၁-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲမှာ ပြင်သစ်တို့ ခြေစွမ်းအသာ၊ ကစားကွက်အသာနဲ့ ကစားနိုင်ခဲ့ပါတယ်။



ဒါပေမယ့်လည်း ဂိုးရဖို့အတွက်တော့ ရုန်းကန်ခဲ့ရပြီး ပွဲပြီးခါနီးမှသာ ဗာတွန်ဂန်ရဲ့ Own Goal ကြောင့် တစ်လုံးတည်းသော အနိုင်ဂိုးကို ရရှိခဲ့တာပါ။ ဒီပွဲမှာ အနိုင်ရရှိခဲ့တာကြောင့် ပြင်သစ်တို့ ကန်တေ ပါဝင်တဲ့ ကမ္ဘာ့ဖလား ဒါမှမဟုတ် ယူရိုပြိုင်ပွဲတွေမှာ ရှုံးပွဲမရှိတာ (၁၉) ပွဲဆက်အထိ ရှိလာခဲ့ပါပြီ။

ကန်တေ ပါဝင်ကစားခဲ့တဲ့ ဒီပွဲတွေမှာ ပြင်သစ်တို့ (၁၃) ပွဲနိုင်၊ (၆) ပွဲသရေရလဒ် ထွက်ပေါ်ခဲ့တာပါ။ ဒါ့အပြင် မနေ့က ကစားခဲ့တဲ့ ဘယ်လ်ဂျီယံနဲ့ပွဲမှာလည်း အနိုင်ဂိုးအတွက် ကန်တေရဲ့ ကစားကွက် စတင်မှုကနေ အစပြုခဲ့တာဖြစ်ပါတယ်။

ဂိုးပေါက်ကို မူအာနီ မကန်သွင်းခင်မှာ နောက်ဆုံးပေးပို့ဖန်တီးခဲ့တဲ့ ကစားသမားကလည်း ကန်တီပဲဖြစ်ခဲ့ပါတယ်။ မူအာနီရဲ့ ကန်ချက်ကို ဗာတွန်ဂန်က တားဆီးဖို့ကြိုးစားရင်း Own Goal ဖြစ်ခဲ့ရပြီး ပြင်သစ်တို့ ဒီနှစ် ယူရိုမှာ ဒုတိယမြောက် Own Goal ကို ရရှိခဲ့တာပါ။

ပြင်သစ်ဟာ အုပ်စုအဖွင့်ပွဲမှာလည်း ပြိုင်ဘက်ကစားသမားရဲ့ တစ်လုံးတည်းသော Own Goal ကြောင့် အနိုင်ရရှိခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း ပြင်သစ်တို့ ဒီယူရိုမှာ (၃) ဂိုးရခဲ့တဲ့အနက် (၂) ဂိုးက Own Goal ဖြစ်ခဲ့ပြီး ကျန် (၁)​ ဂိုးကိုတော့ ပိုလန်နဲ့ပွဲမှာ အမ်ဘာပေက ပင်နယ်တီကတစ်ဆင့် သွင်းယူခဲ့တာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က