တစ်ယောက်နဲ့တစ်ယောက် ကျန်းမာရေးဂရုစိုက်ဖို့ ပြောထားပါသေးတယ်။

ဝေဠုကျော်ကတော့ သရုပ်ဆောင် အောင်သော်နဲ့ ပုံလေးတွေ တင်ရင်း Covid ကာလမှာ တာဝန်အတူတူ ထမ်းဆောင်နေကြတဲ့ အမှတ်တရတွေကို ပြောရင်းနဲ့ တစ်ချိန်ချိန်မှာ ကွာရန်တင်း(သို့) ကိုဗစ်လူနာ တစ်ယောက် မဖြစ်စေဖို့ အစစ အရာရာ ဂရုစိုက်ဖို့ အောင်သော့်ကို မှာခဲ့ပါသေးတယ်။

Photo: Wai Lu Kyaw



ဝေဠုကျော်ကတော့ Covid ကာလမှာ ကျန်းမာရေးဝန်ထမ်းအဖြစ် ကျိုက္ကစံကွင်းရှိ သံလွင်ဆောင် မှာ တာဝန်ထမ်းဆောင်နေတယ်လို့ သိရပါတယ်။ အဲဒီနောက် အနုပညာညီအစ်ကိုတွေ ဖြစ်တဲ့ သရုပ်ဆောင် အောင်သော် တို့ပရဟိတအသင်းနဲ့လည်း ကျန်းမာရေးဝန်ထမ်းအဖြစ် အတူပါဝင် လက်တွဲ အလုပ်လုပ်ခဲ့ကြတာ (၆) လကြာပြီဖြစ်တဲ့ အမှတ်တရတွေကို ဝေဠုကျော်က အခုလို ပြောပြထားပါတယ်။

" ကျွန်တော်တို့ တွေ ကိုဗစ် ကာကွယ်ထိန်းချုပ်ရေးအတွက် တိုင်းကျမ်းမာရေးရဲ့ ကွပ်ကဲမှုနဲ့အတူ နိုင်သ၍ ဝိုင်းကူခဲ့တာ ၆ လပြည့်တဲ့ ညမှာ ထမင်းတူတူ စားဖြစ်ပြန်တယ်။ ၆ လ အတွင်းမှာ ဒုတိယ အကြိမ်ပေါ့။ စခန်း နေရာက တစ်နေရာဆီဆိုတော့ ကျန်တဲ့ အချိန်တွေမှာတွေ့ဖြစ်ကြပေမယ့် အလုပ်ကိုယ်စီနဲ့ အပြေးအလွှား ကူနေကြရတော့ စကားတောင်အေးဆေး သိပ်မပြောဖြစ်ကြဘူး။ ခုလည်း ၆ လပြည့်တာ သူသိလို့လာတာမဟုတ်ပါဘူး။ လမ်းကြုံလို့ ကျွန်တော်တို့စခန်းမှာ PPE ဝင်ချွတ်ရင်း ညစာ အတူစား ဖြစ်ရင်းမှ တို့ကူနေတာ ၆ လပြည့်ပြီဆိုတာ သတိရကြတာပါ။ တွေ့တော့လည်း ကိုဗစ် အတွေ့ ကြုံတွေထဲက ရယ်စရာ မောစရာ အဖြစ်ပျက်တွေကို ပြန်ပြောရင်း တခဏတာ အမော တွေပြေခဲ့ရတာပေါ့"ဆိုပြီးတော့ ဝေဠုကျော်ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ စက်တင်ဘာလ(၂၅) ရက်နေ့ မနက်(၁) နာရီကျော်က ရေးသားခဲ့တာ ဖြစ်ပါတယ်။ 

Photo: Wai Lu Kyaw

ဝေဠုကျော်ဟာ Covid ကာလမှာ ကျန်းမာရေးဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ သရုပ်ဆောင် အောင်သော်ကို ပြောချင်တဲ့ သူ့ရင်ထဲက စကားတွေကိုလည်း အခုလို ရေးသားထားပြန်ပါသေးတယ်။ "ညီရေ တို့တွေလို နိုင်သ၍ ကူနေကြတဲ့သူတွေ အများကြီးပါ။ အဲဒီထဲမှာ တို့တွေလည်း အပါဝင်ပေါ့။ အားလုံးလည်း ပင်ပန်းနေကြပြီ တချို့တွေဆို Q ဝင်ကြရတဲ့ သူတွေ P+ ဖြစ်လို့ ကုသမှုခံယူရတဲ့သူတွေ ပါရှိလာပြီလေ။ တို့နှစ်ယောက်လည်း တစ်ချိန်မှာတော့ Q နဲ့ P+ တစ်ခုခုတော့ထိလာနိုင်တယ်။ ခုလိုတွေ့ဖို့ဆိုတာ နောက်ရှိချင်မှ ရှိမှာ အစစဂရုစိုက်ပါညီ။ အားလုံးကို လေးစား တန်ဖိုးထားလျှက်" ဆိုပြီးတော့လည်း ဆက်လက် ရေးသားခဲ့ပါတယ်။
 

Photo: Wai Lu Kyaw

သရုပ်ဆောင် ဝေဠုကျော် ဦးဆောင်တဲ့ ဝေဠုကျော်ဖောင်ဒေးရှင်းဟာ အခုလက်ရှိ COVID-19 ရောဂါ ကာကွယ်ရေးအတွက် သံသယလူနာများ သယ်ယူပို့ဆောင်ခြင်း၊ ဆေးဖြန်းခြင်းများဆောင်ရွက်လျှက်ရှိပါတယ်။ အဲဒီနောက် အမှန်တကယ် လိုအပ်မှု ရှိနေတဲ့ နေရာဒေသတွေမှာလည်း စားနပ်ရိက္ခာတွေ လှူဒါန်းခဲ့တာ တွေ့ရပါတယ်။ မေလအတွင်းမှာလည်း နာဂဒေသအတွက် လိုအပ်တဲ့ ဆေးဝါးတွေကို ဝေဠုကျော် ဖောင်ဒေးရှင်းက လှူဒါန်းခဲ့တာ တွေ့ရပါတယ်။ ဒါ့အပြင်ကျူးကျော်ရပ်ကွက်တွေမှာ နေထိုင်ရတဲ့ လူကြမ်းသရုပ်ဆောင်တွေ နဲ့ ဆိုက်ကား နင်းပြီး မိသားစု စားဝတ်နေရေးအတွက် ရုန်းကန်နေရသူတွေကို အဝတ်အစား ၊ စားနပ်ရိက္ခာနဲ့ ငွေကြေးထောက်ပံ့မှုတွေ ပြုလုပ်ခဲ့တာ တွေ့ရပါတယ်။





ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က