လာမယ့်နှစ်မှာတော့ ရာသီအစကတည်းက ခေါ်ယူပြီး သေချာပြင်ဆင်မယ်လို့ သိရပါတယ်။

၂၀၁၇ခုနှစ်မှာ နိုင်ငံခြားသားကစားသမားတွေ နောက်ဆုံးခေါ်ယူအားဖြည့်ခဲ့ပြီး ပြည်တွင်းကစားတွေချည်း ယှဥ်ပြိုင်နေတာ ၃နှစ်ဆက်တိုက်ရှိပါပြီ။

ရတနာပုံအက်ဖ်စီအသင်းကတော့ ၂၀၂၀ မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲကို ပြည်တွင်းကစားသမားများဖြင့်သာ ယှဥ်ပြိုင်နေတာ ဖြစ်ပြီး နိုင်ငံခြားသား ကစားသမားတွေကို ခေါ်ယူအားဖြည့်ခြင်း မရှိပါဘူး။



ဒါပေမယ့်လည်း ပထမအကျော့အပြီး ဒုတိယအကျော့မှာတော့ ပြည်ပကစားသမား‌ ခေါ်ယူအားဖြည့်ဖို့ အသင်း အနေနဲ့ စီစဥ်ခဲ့ပေမယ့် ကိုဗစ်ကြောင့် ပျက်ခဲ့ရတယ်လို့ နည်းပြချုပ် ဦးအောင်ကျော်မိုးက ပြောပါတယ်။

“ကျွန်တော်တို့ ဒီနှစ် ဒုတိယအကျော့မှာ နိုင်ငံခြားသားကစားသမားခေါ်ယူဖို့ အသင်းပိုင်ရှင် ညွှန်ကြားပေးခဲ့ပေ မယ့် ကိုဗစ်ဖြစ်သွားလို့ မခေါ်ဖြစ်လိုက်တာပါ။လာမယ့်နှစ်မှာတော့ ရာသီအစကတည်းက ခေါ်ယူပြီး သေချာ ပြင် ဆင်သွားမှာပါ။”လို့ ဦးအောင်ကျော်မိုးက ပြောပါတယ်။

ရတနာပုံအသင်းကတော့ မြန်မာနေရှင်နယ်လိဂ်မှာ နိုင်ငံခြားသားကစားသမား ခေါ်ယူ အသုံးမပြုတော့တာ ၂၀၁၈ ခုနှစ်က စတင်ခဲ့ရာမှာ ယခုနှစ် အပါအဝင် ၃နှစ်ဆက် ဖြစ်လာခဲ့ပါပြီ။

လိဂ်ပြိုင်ပွဲစတင်ချိန်ကတည်းက အောင်မြင်မှုများစွာ ဆွတ်ခူးထားနိုင်ပေမယ့်လည်း ၂၀၁၆ခုနှစ်မှာ နောက်ဆုံး အကြိမ် ချန်ပီယံ ဖြစ်ပြီးနောက် ချန်ပီယံဆုနဲ့ ဝေးကွာနေခဲ့တာ ကြာပါပြီ။

ယခုနှစ်မှာတော့ ရတနာပုံအသင်းဟာ အဆင့် ၅နေရာမှာ ရပ်တည်နေပြီး လက်ကျန် ၂ပွဲမှာတော့ စစ်ကိုင်းယူနိုက် တက်၊ရှမ်းယူနိုက်တက်အသင်းတို့နဲ့ ယှဥ်ပြိုင်ဖို့ ကျန်နေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က