ပြေတီဦးဖောင်ဒေးရှင်အနေနဲ့လည်း (၁၀) သိန်း လှူဒါန်းခဲ့ပါသေးတယ်။

ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင် တို့ ဇနီးမောင်နှံကတော့ Covid ကာလမှာ လိုအပ်နေတဲ့ နေရာတွေကို အလှူအတန်းတွေ လုပ်ခဲ့ကြတာ တွေ့ရပါတယ်။ 



Photo: Pyay Ti Oo

ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ ဇနီးမောင်နှံကတော့ လူဦးရေ(၃၅၀) ကျော် ကုသမှုခံယူနေတဲ့ ဧရာဝတီQuarantine Center ကို ငွေကျပ်သိန်း(၃၀) လှူဒါန်းခဲ့တာ တွေ့ရပါတယ်။ ဒီအလှူမှာ ပြေတီဦးဖောင်ဒေးရှင်ရဲ့ ကုသိုလ်လည်း ပါဝင်တယ်လို့ ပြေတီဦးက ပြောပါတယ်။  

" COVID-19 ရောဂါကုသရေးဌာန ဧရာဝတီ စင်တာသို့ ပြေတီဦး၊ အိန္ဒြာကျော်ဇင် မိသားစုမှ အလှူငွေ သိန်း(၂၀)ကျပ်၊ ပြေတီဦး ပညာရေးဖောင်ဒေးရှင်းမှ အလှူငွေ (၁၀)ကျပ် သိန်း စုစုပေါင်း သိန်း (၃၀) ကျပ် ပါဝင်လှူဒါန်းခဲ့ပါတယ်။ ကျန်းမာရေးဝန်းထမ်းများနှင့်တကွ ရောဂါခံစားနေရသူများနှင့် ၇ ရက်သားသမီးများအားလုံး ဘေးအန္တရာယ်ကင်းရှင်းပြီး ရောဂါကပ်ဆိုးကြီးကိုအောင်မြင်စွာကျော်လွှားနိုင်ကြပါစေ" ဆိုပြီးတော့ စက်တင်ဘာလ (၂၅) ရက်နေ့ နေ့လယ် (၁၂) နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့တာဖြစ်ပါတယ်။ 

Photo: Pyay Ti Oo

ဧရာဝတီ Quarantine Center ကတော့ ဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဦးဇော်ဇော် ဦးစီးပြီး တည်ဆောက်ထားတာ ဖြစ်ပါတယ်။ Covid-19 Positive တွေ့ရှိသူ များပြားလာတာနဲ့အမျှ လိုအပ်ချက်ကို ဖြည့်ဆည်းပေး နိုင်ရန် အတွက် ရည်ရွယ်ပြီး တည်ဆောက်ထားတာ ဖြစ်သလို ကုတင်(၄၀၀) ဆန့် Quarantine Center ကနေ လက်ရှိမှာ ကုတင်(၇၇၀)ဆန့် Quarantine Center ဖြစ်လာဖို့အတွက် ကြိုးစားတည်ဆောက်နေတယ်လို့ ဦးဇော်ဇော်ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားထားတာ တွေ့ရပါတယ်။ လက်ရှိမှာတော့ ဧရာဝတီ Quarantine Center မှာ လူဦးရေ(၃၅၀) ကျော် တက်ရောက်ကုသမှု ခံယူနေတယ်လို့လည်း သိရပါတယ်။ 

Photo: Pyay Ti Oo

ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ ဇနီးမောင်နှံဟာ ဧပြီလတုန်းကလည်း COVID-19 ကာလမှာ စားဝတ်နေရေးအခက်အခဲကြုံနေရတဲ့ ပရိသတ်တွေအတွက် We Love Yangon ကနေတဆင့် ငွေကျပ်(၁၀) သိန်းကို လှူဒါန်းခဲ့ပါသေးတယ်။ မေလ တုန်းကလည်း ဝါရင့်အနုပညာရှင်ကြီးတွေ ဖွဲ့စည်းထားတဲ့ အမေများ အဖွဲ့ အတွက်ကိုလည်း ငွေကျပ်(၁၀)သိန်း လှူဒါန်းခဲ့ပါသေးတယ်။ အလှူအတန်းနဲ့ ပတ်သက်လာရင် လက်မနှေးကြသူတွေ ဖြစ်သလို လက်ရှိမှာလည်း ပြေတီဦးဟာ ပြေတီဦးဖောင်ဒေးရှင်း ကို ဦးဆောင်နေသူ ဖြစ်ပြီး အိန္ဒြာကျော်ဇင်ကတော့ ဖောင်ဒေးရှင်းနဲ့ ပတ်သက်တဲ့ ကိစ္စအဝဝကို ဘေးကနေ လိုက်ပါဆောင်ရွက်ပေးနေတာကိုလည်း တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က