လက်ရှိတော့ ရောဂါကူးစက်မှုတွေ ရှိတဲ့နေရာလို့ ယူဆရတဲ့ ကြည့်မြင်တိုင်ငါးဈေး၊ ထီးတန်းဈေးနဲ့ ညဈေးတွေကိုတော့ ပိတ်သိမ်းခြင်းမရှိသေးပါဘူး။

ကြည့်မြင််တိုင်က ပိုးတွေ့ လူနာ (၈၉) ဦးမှာ အများစုက ငါးဈေးဒိုင်မှာ အလုပ်လုပ်ကိုင်သူတွေ၊ လူစည်ကားရာ ထီးတန်းဈေးနဲ့ ညဈေးတွေကို သွားခဲ့သူတွေ ဖြစ်ကြတယ်လို့ ကြည့်မြင််တိုင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးမှူးက ဒေါက်တာ ခင်မောင်လွင်က Duwun ကိုပြောပါတယ်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ စက်တင်ဘာ (၂၃) ရက် ထုတ်ပြန်ချက်တွေအရ ကြည့်မြင်တိုင်မြို့နယ်မှာ ပိုးတွေ့လူနာ (၈၉) ဦးနဲ့ အများဆုံးဖြစ်ခဲ့ပြီး ပိုးတွေ့သူတွေကို မှော်ဘီမြို့က ကိုဗစ်-၁၉ ယာယီတိုးချဲ့ ဆေးရုံကို ပို့ဆောင်ထားခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။ပိုးတွေ့သူတွေဟာ ကြည့်မြင့်တိုင်မြို့ပေါ်ရပ်ကွက်တွေမှာ နေထိုင်သူတွေ၊ မြို့နယ်ရဲ့ တစ်ဖက်ကမ်းမှာနေထိုင်ကြသူတွေ ဖြစ်ပြီး လက်လုပ်လက်စားကျပန်းလုပ်ကိုင်သူတွေ၊ ဝန်ထမ်းတွေနဲ့ငါးဈေးဒိုင်မှာ အလုပ်လုပ်ကိုင်သူတွေ ဖြစ်ကြတယ်လို့လည်း ဒေါက်တာခင်မောင်လွင်ကဆိုပါတယ်။ “ ပိုးတွေ့သူတွေထဲမှာ ငါးဈေးဒိုင်မှာ လုပ်တဲ့သူတွေပါတယ်။ အဲဒီကတစ်ဆင့် သူတို့ မိသားစုဝင်တွေပေါ့။ တချို့ ဆို ဘယ်ကိုမှ သွားသွားလာလာ မရှိခဲ့ဘူး။ လူနာတစ်ယောက်ဆို သူ့ရဲ့ မှတ်တမ်းမှာ ထီးတန်းဈေးကို ပဲအသွားအလာရှိတယ်။ အခုပိုးတွေ့တဲ့အများစုက လူစည်ကားတဲ့ ဈေးတွေကို အသွားအလာရှိခဲ့တဲ့သူတွေများတော့ ကူးစက်မှုတွေက ဈေးတွေက လို့ ပြောလို့ရပါတယ်။”လို့ ကြည့်မြင့်တိုင် ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာခင်မောင်လွင်က Duwun ကိုပြောပါတယ်။



ပိုးတွေ့ထားတဲ့ (၈၉) ဦးနဲ့ အနီးကပ်ဆက်စပ်ထိတွေ့သူ(၁၅၀) နီးပါးကို Facility Quarantine ထားမှာဖြစ်ပြီး နေရာအခက်အခဲကြောင့် လောလောဆယ်တော့ လူ အယောက် (၁၀၀) ကို ကွာရန်တင်းစင်တာမှာ နေထိုင်စေပြီးနောက်ထပ် (၅၀) ကိုတော့ မနက်ဖြန်မှာကွာရန်တင်းစင်တာကို ခေါ်ဆောင်မယ်လို့လည်းသိရပါတယ်။

လက်ရှိတော့ ရောဂါကူးစက်မှုတွေ ရှိတဲ့နေရာလို့ ယူဆရတဲ့ ကြည့်မြင်တိုင်ငါးဈေး၊ ထီးတန်းဈေးနဲ့ ညဈေးတွေကိုတော့ အစားအသောက် ရောင်းဝယ်မှုအတွက် ပိတ်သိမ်းလို့မရသေးဘဲ ဈေးရဲ့ ဝင်ပေါက်မှာ လက်ဆေးတာ၊ နှာခေါင်းစည်းတပ်တာ စသဖြင့် ရောဂါကာကွယ်ရေးညွန်ကြားချက်အတိုင်း ဝင်ထွက်သွားလာခွင့်ပြုထားတယ်လို့လည်း သိရပါတယ်။“အစားအသောက်တွေအတွက် ဈေးတွေက ပိတ်လို့မရဘူး။ ဒါပေမယ့် ပြည်သူတွေက သွားသွားလာလာသိပ်တော့မရှိပါဘူး။ ကျွန်တော်တို့လည်း စပီကာတွေနဲ့ ဈေးအဝင်တွေမှာလက်ဆေးဖို့၊ နှာခေါင်းစည်းတပ်ဖို့ပန်ကြားရပါတယ်” လို့ ဒေါက်တာခင်မောင်လွင်က ဆိုပါတယ်။

လက်ရှိ စက်တင်ဘာ (၂၅) ရက်အထိ ကြည့်မြင််တိုင် မြို့နယ်မှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာ (၂၀၀) ဝန်းကျင်ခန့်ရှိနေပြီး အသွားအလာကန့်သတ်ထားသူလည်း (၂၀၀) နီးပါးခန့်ရှိနေတယ်လို့ ကြည့်မြင််တိုင်မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနရဲ့ အချက်အလက်တွေ အရသိရပါတယ်။

Share

Loading Next Article...
က္က