အမုန်းစကားပြန့်နှံ့မှု လျှော့ချရေး နဲ့ တစ်ခြား လုပ်ဆောင်ချက်တွေလည်း ပါဝင်လာပါတယ်

ပြည်တွင်းရွေးကောက်ပွဲအတွက် Facebook ရဲ့ ကတိကဝတ်တွေအတိုင်း နောက်ထပ်ခြေလှမ်းသစ်တွေ ထပ်ပြီး လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

နိုဝင်ဘာမှာ ကျင်းပမယ့် ၂၀၂၀ မြန်မာနိုင်ငံရွေးကောက်ပွဲမှာ Facebook ပလက်ဖောင်းပေါ်ကနေ ဖြောင့်မတ်မှုရှိရှိ ရပ်တည်နိုင်ရေးကို ကာကွယ်ဖို့ Facebook ဟာ ခြေလှမ်းသစ်တွေ စတင်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။



Photo: Facebook NewsRoom


Facebook ဟာ အန္တရာယ်ရှိသတင်းမှားပြဿနာ ဖြေရှင်းရေးအတွက် ကမ္ဘာအရပ်ရပ်မှာ ကြားခံ အချက်အလက်စစ်ဆေးတဲ့ Fact-Checkers တွေနဲ့ လက်တွဲလုပ်ဆောင်နပြီး ဒီထဲမှာ နိုင်ငံတကာ အချက်အလက်စစ်ဆေးရေးကွန်ရက် IFCN ထောက်ခံချက်ရထားတဲ့ မြန်မာနိုင်ငံမှ မိတ်ဖက်လုပ်ငန်း ၃ ခုလည်း ပါတယ်လို့ ထုတ်ပြန်ထားပါတယ်။

ပြည်တွင်းမှ မိတ်ဖက်အချက်အလက်စစ်ဆေးရေး အဖွဲ့အစည်း ၃ ခုနဲ့ လက်တွဲပြီး Facebook အသုံးပြုသူများ မြင်နေရတဲ့ အကြောင်းအရာတွေနဲ့ ဆိုင်တဲ့ နောက်ခံအချက်အလက်တွေ ထပ်ဆောင်းပေးသွားဖို့လည်း လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ 

ဒီထဲမှာ အချက်အလက်နဲ့ သတင်းမှား ဖြစ်ကြောင်း စစ်ဆေးထားတဲ့ အကြောင်းအရာတစ်ခုကို တွေ့မြင်သူတွေဟာ screen မှာ ဒီသတင်းမှားကြောင်း အသိပေးထားတဲ့ စာကို မြင်တွေ့နိုင်အောင်လည်း လုပ်ထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ သတင်းမှား အသိပေးစာကို မြန်မာဘာသာနဲ့ ဖော်ပြနိုင်အောင် တိုးမြှင့်လုပ်ဆောင်နေတယ်လို့လည်း ဆိုပါတယ်။

Photo: frontiermyanmar

ထုတ်ပြန်ချက်သစ်မှာ မြန်မာဘာသာနဲ့ သတင်းမှားဖြစ်ကြောင်း အသိပေးချက် လုပ်ခြင်းအပါအဝင် အမုန်းစကားပြန့်နှံ့မှု လျှော့ချရေး ၊ လူမှုကွန်ရက်စံ ထပ်ခါတလဲလဲ ချိုးဖောက်သူများရဲ့ အကြောင်းအရာ လျှောချ့ခြင်း ၊ တရားဝင် မဲပေးခြင်းဆိုင်ရာ အချက်အလက်များ လမ်းညွှန်ခြင်း နဲ့ ပြည်တွင်းမှာ ဒီဂျစ်တယ်တတ်ကျွမ်းမှုဆိုင်ရာ လေ့ကျင့်ပေးခြင်းများ လုပ်ဆောင်သွားမယ်လို့ ဖော်ပြထားပါတယ်။ 

Share

Loading Next Article...
က္က