ဝေဖန်ခံနေရတဲ့ သီချင်းအကြောင်း ပြောပြလာပါတယ်။

နေထွဋ် ကတော့ " ပြည့်စုံပါစေ" သီချင်းကို Cover Song ပြန်ဆိုခဲ့ချိန်မှာ ပရိသတ်တွေရဲ့ ဝေဖန်မှုခံနေရတဲ့ အပေါ် သူ့ရဲ့ ခံစားချက်ကို အခုလို ပြောပြလာပါတယ်။ 

Photo: Nay Htut



နေထွဋ် ကတော့ သူသီဆိုလိုက်တဲ့ Cover Song တွေကြောင့် ပရိသတ် အများစုရဲ့ ဝေဖန်ခြင်းကို ခံနေရတယ်လို့ ဆိုပါတယ်။ လက်ရှိမှာလည်း တေးရေး မောင်သစ်မင်း၊ တေးဆို ဘိုဖြူ သီဆိုခဲ့ဖူးတဲ့ " ပြည့်စုံပါစေ" သီချင်းလေးကို Cover ပြန်ဆိုခဲ့ချိန်မှာ ပရိသတ်တွေရဲ့ ဝေဖန်မှုကို ပိုရခဲ့တာကြောင့် သူ့ရင်ထဲက စကားတွေကို Duwun ကနေ တဆင့် အခုလို ပြောလာပါတယ်။ 

 “ကျွန်တော်က ချစ်စရာကောင်းတဲ့ သီချင်းတွေ ဆိုလေ့ရှိတော့ မိန်းကလေး ပရိသတ်တွေ ပိုများလာတာလို့ထင်တယ်။ အခု ပြည့်စုံပါစေ သီချင်းက ယောင်္ကျားလေး ပရိသတ်တွေလည်း ခံစားလို့ရအောင် ဆိုလိုက်ပေမယ့် ဝေဖန်မှုတွေ ခံခဲ့ရတယ်။ ဒါပေမယ့် ကျွန်တော်က ဝေဖန်မှုတွေကို အရေထူနေပါပြီ။ Cover Song တွေ ဆိုရတာ တကယ်ကို တာဝန်ကြီးပါတယ်။ အရင်တုန်းက စီနီယာကြီးတွေက အရမ်းမြင့်တယ်လေ။ ဒါကြောင့် ကိုယ်ဆိုမယ့် သီချင်းကို ဆိုလို့ကောင်းတယ် ဆိုတိုင်း မရွေးပါဘူး။ ကျွန်တော် တကယ်ကြိုက်လား၊ နားထောင်တဲ့ ပရိသတ်တွေနဲ့ရော ရင်းနှီးတဲ့ သီချင်းလား ဆိုတာကို Cover Song လုပ်တိုင်း အရမ်းစဉ်းစားရတယ်။ ဝေဖန်တဲ့ ပရိသတ်တွေရဲ့ ခံစားချက်ကိုလည်း နားလည်တယ်။ သီချင်းကိုလည်း ဖျက်ဆီးတာ မဟုတ်ပါဘူး။ စီနီယာကြီးတွေ ဆိုတဲ့ အတိုင်း ဆိုမယ် ဆိုရင် ကာရာအိုကေ ဖြစ်သွားမှာပေါ့နော်။ Cover Song ဆိုတာ ဖြစ်တဲ့ အတွက် ဒီနေ့ ခေတ်နဲ့ ဘယ်လိုလေး ပြောင်းဆိုရင် ကောင်းမလဲဆိုတာကိုလည်း ကျွန်တော် အရမ်းစဉ်းစားခဲ့ပါတယ်” လို့ သူက ဆိုပါတယ်။ 

Photo: Nay Htut

နေထွဋ်ကတော့ ဂီတနဲ့ ပတ်သက်ပြီး တစ်ကိုယ်တော် အခွေ ထွက်ဖို့လည်း ကြိုးစားနေပြီလို့ သိရပါတယ်။ Covid ကြောင့် ရိုက်ကူးရေးတွေ နားတဲ့ အချိန်မှာ သီချင်းတွေ ကိုယ်တိုင်ရေးနေတယ်လို့ ဆိုပါတယ်။ 

“ အရင်တုန်းကတော့ ဘလိတ် ဆိုတဲ့ နာမည်နဲ့ ကက်ဆက်ခွေ ဇာတ်လမ်းတွဲတွေမှာ ပါဝင် သရုပ်ဆောင်ရင်း နာမည် ရခဲ့တယ်။ ဇာတ်ကားရိုက်နေရင်း Covid ဖြစ်သွားတဲ့ အချိန်မှာ တခြား အလုပ်တွေ အကုန်ရပ်သွားတယ်။ လက်ရှိရိုက်နေတဲ့ “ A” ရုပ်ရှင်ဇာတ်ကားကြီးဆိုရင် အခုထိ ပြန်မစရသေးဘူး။ ၃ ခန်း၊ ၄ ခန်းလောက်ပဲ ကျန်တော့တာ အဲဒီဟာကို ဒီ Covid ကြောင့် အပြီးသတ် မလုပ်နိုင်သေးဘူး။ အဲဒီတော့ အလုပ်တွေ အားနေတဲ့ အချိန်မှာ အိမ်မှာနေတဲ့ ပရိသတ်တွေကို ဖျော်ဖြေပေးချင်လို့ သီချင်းလေးတွေ ဆိုဖြစ်ပါတယ်" လို့ ဆက်လက် ပြောပြလာပါတယ်။ 

Photo: Nay Htut

နေထွဋ်ကိုတော့ MRTV Entertainment က ထုတ်လွှင့်ပြသလေ့ရှိတဲ့ ရေဒီယိုကက်ဆက် ဇာတ်လမ်းတွဲ လေးတွေမှာ ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်တွေ အားပေးခဲ့ကြတာ ဖြစ်ပါတယ်။ ဗိုလ်အောင်ဒင် ဇာတ်ရုပ်နဲ့ ပိုလိုက်ဖက်တာကြောင့် ဒီကာရိုက်တာကို ပရိသတ်တွေက ပိုကြိုက်တယ်လို့ နေထွဋ်က အင်တာဗျူးမှာ ပြောပြခဲ့ပါတယ်။ လက်ရှိမှာတော့ နေထွဋ်ဟာ ပရိသတ်အခိုင်အမာနဲ့ ရပ်တည်နေပြီဖြစ်တဲ့ အနုပညာရှင်အသစ် တစ်ယောက်ဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က