ကိုယ်က လူကြီးဖြစ်လာပြီလို့ မြင်တယ်။

လေပြေသွေးကတော့ ဘန်ကောက်မှာ ကျောင်းတက်နေရတာဖြစ်တဲ့ အတွက် မိဘတွေနဲ့ ဝေးနေရတဲ့ အချိန်မှာ သူကြုံတွေ့ခဲ့ရတာတွေကို အခုလို ပြောပြလာပါတယ်။ 

Photo: Lay Pyay Thway



လေပြေသွေး ကတော့ အကယ်ဒမီ မင်းမော်ကွန်းရဲ့ သမီးလေးဖြစ်ပါတယ်။ သူ့ အနေနဲ့ လက်ရှိ ထိုင်းနိုင်ငံ ဘန်ကောက်မှာ ကျောင်းတက်နေတာဖြစ်ပြီး မိဘတွေနဲ့ ခွဲနေရတဲ့ အချိန်မှာ သူ့ရဲ့ ခံစားချက်တွေကို Duwun ကနေ ပြောပြလာပါတယ်။ 

“ အခု ဘန်ကောက်မှာ ကျောင်းတက်တော့ တစ်ယောက်တည်း နေရတယ်၊ မိဘနဲ့ ခွဲနေရတယ် ဆိုတော့ ကိုယ့်ကိုယ်ကိုယ် လူကြီးဖြစ်လာတယ်လို့ ခံစားရတယ်။ ဒါပေမယ့်လည်း ကိုယ့်ဘာသာကိုယ် ကျတော့ (၁၄) နှစ် လိုပဲ ထင်နေမိတယ်။ ငယ်ငယ်ကတည်းက ဖေဖေ မေမေ တို့က ကိုယ့်ကို ကလေးလိုပဲ ထားတာ ဆိုတော့ အခု (၁၉) နှစ်ပြည့်မယ် ဆိုတာတောင် သိပ်မယုံချင်ဘူးဖြစ်နေတယ်” လို့ ဆိုပါတယ်။ 

Photo: Lay Pyay Thway

လေပြေသွေးဟာ သူ့ရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စအဝဝ ကို ကိုယ်တိုင်စီမံရတာဖြစ်တဲ့ အတွက် မိဘတွေနဲ့ နေခဲ့တုန်းက အချိန်တွေကို အမှတ်ရနေမိတယ်လို့လည်း ပြောပြခဲ့ပြန်ပါသေးတယ်။ 

“ မိဘတွေက ကိုယ့်ကို အိမ်မှာ ဘယ်လို ထားတယ်ဆိုတာ အခု သိသွားပြီပေါ့နော်။ ကိုယ်စားတဲ့ ထမင်းက အစ၊ ရေကအစ ကိုယ့်ဘာသာကိုယ် ဝယ်ရတယ်။ အိမ်မှာဆိုရင် ဗိုက်ဆာပြီဆို အသင့် ချက်ထားပြီးသား၊ ရေဆိုလည်း အဆင်သင့်ရှိတယ်ပေါ့နော်။ အဲဒီတော့ ကိုယ့်မိဘက ကိုယ့်ကို သေသေချာချာ ထားတာပဲ ဆိုပြီးတော့ ပိုကျေးဇူးတင်မိတယ်” လို့ ဆက်လက် ပြောပြလာပါတယ်။ 

Photo: Lay Pyay Thway

လေပြေသွေးဟာ အနုပညာမျိုးရိုးက ဆင်းသက်လာသူတစ်ဦးဖြစ်ပါတယ်။သူမရဲ့ အဘိုးဖြစ်သူ ဦးဇင်ဝိုင်းဟာ ၁၉၉၇ ခုနှစ်တုန်းက " မြင့်မြတ်သော နှလုံးသား" ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသား ဇာတ်ပို့ဆုကို ရရှိခဲ့တဲ့အပြင် ၂၀၁၄ ခုနှစ်တုန်းက " နှလုံးသားဖြင့်ပြုလုပ်သည်" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ နောက်တစ်ကြိမ်အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆုကိုရရှိခဲ့တာ ဖြစ်ပါတယ်။ ဇင်ဝိုင်းဟာ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဌဟောင်းတစ်ဦးဖြစ်ပါတယ်။ ဖခင်ဖြစ်သူ မင်းမော်ကွန်းကလည်း ၂၀၀၁ ခုနှစ်တုန်းက " နှလုံးလှ လူမိုက်" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ရရှိထားသူဖြစ်ပါတယ်။ အဲ့ဒီနောက် အစ်ကိုဖြစ်သူ မင်းမြတ်ကလည်း ဆယ်လီရုပ်ရှင်ဇာတ်ကားကြီးမှာပါဝင်သရုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။ လေပြေသွေးကိုယ်တိုင်ကလည်း လက်ရှိမှာ TV ကြော်ငြာတွေ ရိုက်ကူးထားတာကို တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က