တပ်မတော် ကြည်း၊ရေ၊လေ အရာရှိကြီးတွေနဲ့ တပ်မတော်သားတွေရဲ့ လစာတွေလည်းပါဝင်ပါတယ်။

ကိုဗစ်ကာလအတွင်း အစိုးရနဲ့အတူ တပ်မတော်ဘက်ကလည်း ကူညီထောက်ပံ့ရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးလျှက်ရှိရာ ကိုဗစ်အတွက်အသုံးပြုဖို့ ဘတ်ဂျက်ငွေ (၄.၅)ဘီလီယံကျော် လျာထားတယ်လို့ သိရပါတယ်။

ဒီကနေ့ပြုလုပ်တဲ့ တပ်မတော်နဲ့ သတင်းမီဒီယာတွေတွေ့ဆုံမေးမြန်းတဲ့ အွန်လိုင်းသတင်းစာရှင်းလင်းပွဲမှာ တပ်မတော်ဘက်မှ အခုလိုပြောကြားခဲ့တာဖြစ်ပြီး ဒီဘတ်ဂျက်ငွေတွေထဲမှာ တပ်မတော်အကြီးအကဲတွေအပါအဝင် တပ်မတော်သားတွေရဲ့ လစာတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။



“ ကိုဗစ်နဲ့ ပတ်သက်ပြီး တပ်မတော်ဘက်ကငွေကြေးသုံးစွဲမှုတွေက တပ်မတော် ကြည်း၊ရေ၊လေ အရာရှိကြီးများရဲ့ လစာထဲက နှစ်လစာလှူဒါန်းမှုတွေ၊ အခြားအဆင့် စစ်သည်တွေရဲ့ လစာထဲကတစ်ရက်စာလှူဒါန်းမှုမှရရှိတဲ့ငွေ (၄.၅)ဘီလီယံနဲ့ အရပ်ဘက်အလှူရှင်များက တပ်မတော်ကိုလှူဒါန်းထားတဲ့ သိန်း (၃၂၀၀)ကျော် အလှူငွေတွေအပါအဝင် မြန်မာ့စီးပွါးရေးဦးပိုင်၊မြန်မာ့စီးပွါးရေးကော်ပရေးရှင်းတို့က အမြတ်ငွေတွေနဲ့ အသုံးပြုသုံးစွဲလျှက်ရှိတယ်”လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက မီဒီယာတွေကိုပြောပါတယ်။

 လက်ရှိမှာလည်း တပ်မတော်ဘက်က စီစဉ်ထားတဲ့ ယာယီဆေးရုံတွေမှာ တက်ရောက်ကုသနေတဲ့ လူနာတွေရဲ့ စားသောက်စရိတ် ဆေးစစ်စရိတ်တွေက အစ တပ်မတော်ဘက်မှ တာဝန်ယူဆောင်ရွက်ပေးထားတာဖြစ်ပါတယ်။ 

လက်ရှိအချိန်မှာ မြန်မာနိုင်ငံအတွင်း တပ်မတော်ဘက်မှ ပြင်ဆင်ဆောင်ရွက်ပေးထားတဲ့ ကွာရန်တင်း စင်တာ (၁၆)ခုရှိပြီး လူဦးရေ (၉၀၀၀)နီးပါးအထိ ထားရှိနိုင်အောင် ပြင်ဆင်ထားတယ်လို့လည်းသိရပါတယ်။ ရန်ကုန်၊ နေပြည်တော်၊ မော်လမြိုင်၊ ကျိုင်းတုံ၊ လားရှိုး၊ ကော့သောင်း ၊ ရွှေညောင် စတဲ့မြို့တွေအပါအဝင် ကွာရန်တင်းနေရာ (၁၆)နေရာ ပြင်ဆင်ထားတာဖြစ်ပြီး ကွာရန်တင်းစင်တာတစ်ခုမှာ လူဦးရေ ထောင်ဂဏန်းနီးပါး နေထိုင်နိုင်အောင် ပြင်ဆင်ထားတာလည်း ဖြစ်ပါတယ်။ 

လက်ရှိမှာ နိုင်ငံတွင်း ကူးစက်လူနာတွေများလာတာကြောင့် တပ်မတော်အနေနဲ့ ကွာရန်တင်းစင်တာတွေအပြင် positiveလူနာ (၁၀၀၀)နီးပါးကို ကုသမှုပေးနိုင်မယ့် နေရာအတွက်ကိုလည်း အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က