စက်တင်ဘာ (၁၉)မှ (၂၅)ရက်အတွင်းဖြစ်ပါတယ်။

တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ ကိုဗစ်စည်းကမ်းမလိုက်နာတဲ့သူတွေကို အရေးယူဆောင်ရွက်ခဲ့ရာမှာ စက်တင်ဘာလ (၉)ရက်နေ့ကနေ (၂၅)ရက်နေ့အထိ တစ်ပတ်အတွင်း စည်းကမ်းဖောက်ဖျက်လို့ အရေးယူခံရသူ (၅၂၅)ဦးရှိတယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အရေးယူခံရသူတွေထဲမှာ ပြည့်တန်ဆာအိမ်တွေပါသလို တရားမဝင်ကေတီဗီတွေ၊ ညမထွက်ရအမိန့်ချိုးဖောက်သူတွေနဲ့ အပြင်ထွက်တဲ့အခါမှာ နှာခေါင်းစည်း တပ်ဆင်ခြင်းမရှိတဲ့သူတွေပါဝင်တယ်လို့ သိရပါတယ်။ ကျူးလွန်သူ (၅၂၅)ဦးမှာတော့ နှာခေါင်းစည်းမတပ်လို့ အရေးယူခံရသူက (၃၅၀)ဦးပါဝင်ပြီး အရင်ကထက် စည်းကမ်းဖောက်ဖျက်သူက လျော့နည်းသွားခြင်း မရှိဘဲ ပိုများလာတယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။ 



လက်ရှိမှာနိုင်ငံတွင်း ကိုဗစ် ၁၉ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရန်အတွက် ရန်ကုန်အပါအဝင် လူနာတွေ့ရှိမှုများနေတဲ့ တိုင်းနဲ့ပြည်နယ်တချို့က မြို့နယ်တွေကို stay at home ကြေညာထားသလို ကိုဗစ်စည်းကမ်းတွေကိုလည်း တင်းတင်းကျပ်ကျပ်ဆာင်ရွက်နေတာဖြစ်ပါတယ်။ အခုလိုဆောင်ရွက်တဲ့ အခါမှာ သက်ဆိုင်ရာ မြို့နယ်အလိုက် လှည့်ကင်းပတ်ကင်းတွေနဲ့ဆောင်ရွက်လျှက်ရှိပြီး တားမြစ်ထားတဲ့ကြားက ဖွင့်လှစ်နေတဲ့ စားသောက်ဆိုင်တွေ ကေတီဗီတွေကိုပါ ရှောင်တခွင်ဝင်ရောက်စစ်ဆေးပြီး အရေးယူမှုတွေဆောင်ရွက်နေတာ ဖြစ်ပါတယ်။

ကေတီဗီတွေကနေတစ်ဆင့် ရောဂါပိုးကူးစက်မှုတွေရှိနေတဲ့အတွက် တားမြစ်ထားတဲ့ကြားက ဖွင့်လှစ်နေတဲ့ ကေတီဗီတွေ နိုက်ကလပ်တွေကိုလည်း ထိထိရောက်ရောက်အရေးယူဆောင်ရွက်ဖို့ကိုလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင်က ညွှန်ကြားထားတာရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က