အသက် ၁၀ နှစ်၊ ၁၅ နှစ်နဲ့ ၁၆ နှစ်အရွယ် အမျိုးသားလေးများ ဖြစ်ကြပါတယ်။

မနေ့ည ၈ နာရီထုတ်ပြန်ချက်မှာ ကိုဗစ်လူနာ ၂၄ ဦးသေဆုံးကြောင်း ပါရှိကာ သေဆုံးမှုအများဆုံးဖြစ်ခဲ့ပြီးနောက် ၂၄ နာရီအကြာ ယနေ့ညထုတ်ပြန်ချက်မှာ သေဆုံးမှုအရေအတွက်က ၂၈ ဦးနဲ့ စံချိန်သစ်တစ်ခု ထပ်တင်သွားခဲ့ပါတယ်။

ယနေ့ (စက်တင်ဘာလ ၂၇ ရက်) ည ၈ နာရီထုတ်ပြန်ချက်မှာ ကိုဗစ်လူနာ ၂၈ ဦး သေဆုံးကြောင်းပါရှိပြီး ဒါဟာ ဆိုရင် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ကိုဗစ် ၁၉ နဲ့ ပတ်သက်တဲ့ ထုတ်ပြန်မှုတွေထဲမှာ သေဆုံးမှု အများဆုံးပမာဏလည်းဖြစ်ပါတယ်။



သေဆုံးသူ ၂၈ ဦးမှာ အငယ်ဆုံးအဖြစ် အသက် ၁၀ နှစ်အရွယ်အမျိုးသားတစ်ဦး၊ အသက် ၃၀ ကျော် လူလတ်ပိုင်း ၄ ဦး၊ အသက် ၄၀ ကျော် ၂ ဦး၊ အသက် ၅၀ ကျော် ၆ ဦး၊ အသက် ၆၀ နဲ့ ၆၀ ကျော် ၈ ဦး၊ အသက် ၇၀ ကျော် ၃ ဦး၊ အသက် ၈၀ ကျော် ၄ ဦးတို့ ပါဝင်ပါတယ်။

မနေ့ညက သေဆုံးလူနာ ၂၄ ဦးမှာလည်း အသက် ၁၆ နှစ်အရွယ်နဲ့ ၁၅ နှစ်အရွယ် အမျိုးသားလေးနှစ်ဦး ပါဝင်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ စက်တင်ဘာလအတွင်း ကိုဗစ်လူနာအရေအတွက် အဆမတန်မြင့်တက်လာသလို သေဆုံးမှုလည်း များပြားလာပါတယ်။ 

အခုဆိုရင် ကိုဗစ် အတည်ပြုလူနာ ၁၀၇၃၄ ဦးရှိရာ သေဆုံးသူက ၂၂၆ ဦးရှိတဲ့အတွက် ကိုဗစ်လူနာအရေအတွက်ရဲ့ ၂.၁ ရာခိုင်နှုန်းကျော် သေဆုံးခဲ့တာ ဖြစ်ပါတယ်။

သေဆုံးသူများဟာ အသက် ၄၀ ကျော်ကနေ ၈၀ ကျော်တွေ အရွယ်ထိ အများဆုံးပါဝင်နေပြီး အသက် ၂၀ ကျော်၊ ၃၀ ကျော် အရွယ် လူလတ်ပိုင်းတွေလည်း ပါဝင်သလို အခုနောက်ပိုင်း ဆယ်ကျော်သက်အရွယ်တွေလည်း ပါဝင်ပါတယ်။ အများစုကတော့ နာတာရှည်‌ရောဂါအခံရှိသူများဖြစ်တယ်လို့လည်း သိရပါတယ်။

မြန်မာနိုင်ငံမှာ စက်တင်ဘာလအတွင်း ကိုဗစ်လူနာများသေဆုံးမှုက တစ်နေ့တခြားမြင့်တက်နေသလို ကိုဗစ်လူနာတွေ့ရှိမှုကလည်း မြင့်တက်နေတာပါ။ စက်တင်ဘာလ ၂၆ ရက်နေ့ညက ပိုးတွေ့လူနာ ၈၈၀ ဦးနဲ့ စံချိန်သစ်တင်ခဲ့တာဖြစ်ပြီး ယနေ့မှာတော့ ၇၄၃ ဦး ပိုးတွေ့ရှိခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ စက်တင်ဘာလ ၂၇ ရက် ည ၈ နာရီထုတ်ပြန်ချက်အထိ အတည်ပြုလူနာ  ၁၀,၇၃၄ ဦးရှိပြီး သေဆုံးသူ ၂၂၆ ဦးရှိကာ ဆေးရုံမှ ဆင်းခွင့်ပြုလိုက်တဲ့ လူနာက ၂၈၆၂ ဦးရှိပါတယ်။ ဆေးရုံများ ကုသမှုခံယူနေဆဲလူနာက ၇၆၄၆ ဦး ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က