နည်းပညာမိတ်ဆက်သွားတာ ဖြစ်ပြီး ထုတ်ကုန်ကို စောင့်ကြည့်ရမှာပါ

Realme ဟာ SLED နည်းပညာသုံး စမတ်တီဗွီတစ်ခုကို ပထမဆုံး ချပြလိုက်ပြီ ဖြစ်ပါတယ်။



ထုတ်ကုန်အနေနဲ့ တရားဝင် ထွက်ရှိမလာသေးပေမယ့် Realme ဟာ SLED display နည်းပညာကို ပထမဆုံးမိတ်ဆက်လိုက်တဲ့ ကုမ္ပဏီ ဖြစ်လာပါတယ်။ SLED နည်းပညာဟာ Quantum Dot base dispay (QLED) နည်းပညာအမျိုးအစားတစ်ခုလို့ ပြောနိုင်ပါတယ်။ ဒီနည်းပညာဟာ LCD panel တွေနဲ့ Backlight သုံးတာချင်း ကွာပါတယ်။

Photo: GSMArena


LCD ဟာ နောက်ခံအလင်း Backlight အဖြူသုံးပါတယ်။ SLED မှာတော့ Backlight ကို RGB filter လို့ခေါ်တဲ့ အနီ ၊ အစိမ်းနဲ့ အပြာရောင် LED တွေ သုံးပြီး ပိုလာရိုက်ဇ်အလင်းစစ်ထုတ်တဲ့ polarizer နဲ့ သလင်းရည်အကြည်သားအလွှာတစ်ခု ပါရှိပါတယ်။ SLED ဟာ OLED panel နဲ့လည်း ကွာခြားပါတယ်။

OLED က အပြာရောင် နောက်ခံအလင်းပါရှိပြီး အပြာအလင်းကို စုပ်ယူဖို့ Quantum dots တွေ သုံးပြီး အနီ ဒါမှမဟုတ် အစိမ်းရောင်တွေ ပြန်ထုတ်ပေးတာပါ။ ပြီးရင်တော့ LCD အလွှာတစ်ခုကနေ pixel တစ်ချင်းစီကနေ ဖြတ်ဝင်လာတဲ့ အလင်းပမာဏကို ထိန်းညှိတာ ဖြစ်ပါတယ်။ 

Photo: GSMArena

Realme ရဲ့ သရုပ်ပြထားတဲ့ တီဗွီဟာ ၅၅ လက်မ စမတ်တီဗွီဖြစ်ပြီး NTSC ကာလာရောင်စဉ်တန်းကို ၁၀၈% လွှမ်းခြုံနိုင်မယ်လို့ ဆိုပါတယ်။ Bluelight ထိန်းချုပ်မှု ပါရှိပြီး TUV Rheinland ထောက်ခံချက်လည်း ရရှိထားတယ်လို့ ကုမ္ပဏီက ပြောထားပါတယ်။ SLED နည်းပညာဟာ QLED မှာထက် blue light ပြဿနာကို ပိုကောင်းအောင် ဖြေရှင်းနိုင်မယ်လို့ ဆိုပါတယ်။

ပြိုင်ဘက်စမတ်တီဗွီကုမ္ပဏီတွေ ဖြစ်တဲ့ Samsung နဲ့ OnePlus တို့ဟာ အိန္ဒိယဈေးကွက်မှာ QLED smart TV တွေ မိတ်ဆက်ထားတာ ဖြစ်လို့ Realme ကလည်း အပြတ်သာမယ့်ထုတ်ကုန်တစ်ခုကို ထုတ်လုပ်မိတ်ဆက်သွားနိုင်ဖို့ ရှိပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က