ငယ်စဉ်ကတည်းက ဂီတဝါသနာကို ပြောပြလာပါတယ်။

တန်ခွန်ကျော်ကတော့ မိခင်ဖြစ်သူကြောင့် ပညာရေးဆုံးခန်းတိုင်မှ ဂီတလောကထဲကို ရောက်ရှိလာခဲ့တာလို့ ဆိုပါတယ်။ 

Photo: Tan Kun Kyaw



တန်ခွန်ကျော်ကတော့ ဂီတနဲ့ ပတ်သက်လာရင် ငယ်ငယ်ကတည်းက သီချင်းဆိုတာကို ဝါသနာကြီးခဲ့သူတစ်ယောက်လို့ သိရပါတယ်။ ဒါပေမယ့် သူ့ရဲ့ မိခင်ကတော့ ပညာရှာရမယ့် အချိန်မှာ ဂီတအလုပ်တွေ လုပ်ဖို့ အားမပေးခဲ့ဘူးလို့ Duwun ကနေ ပြောပြလာပါတယ်။ 

“ ငယ်ငယ်တုန်းကတော့ အမေက ဂီတကို ပညာရေးနဲ့ ပတ်သက်ပြီး သိပ်အားမပေးခဲ့ဘူး။ ပညာရေးကို ဆုံးခန်းတိုင်အောင် မရောက်မှာ ဆိုးလို့လည်း ပါတယ်။ အချိန်ရှိရင် ရှိသလို စာတွေပဲ လေ့လာခိုင်းတယ်။ ဒါပေမယ့် ဂီတနဲ့ ပတ်သက်ပြီး ကျွန်တော်က ငယ်ငယ်ကတည်းက ဗီဇ ပါခဲ့တာဆိုတော့ သီချင်းတွေဆိုတာ၊ ဂစ်တာ တီးတာတော့ လုံးဝ မပျက်ခဲ့ဘူး။ အရင်တုန်းကတော့ ဂီတအလုပ်တွေလုပ်တဲ့ အချိန်မှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက် မရှိဘူး။ ဒါပေမယ့် အခုဆိုရင် အားပေးတဲ့ ပရိသတ်တွေရှိလာတဲ့ အချိန်မှာတော့ ကိုယ်ပိုင် ယုံကြည်ချက်တွေ ဖြစ်လာတယ်။ ပြီးတော့ အဆိုပိုင်းမှာရော၊ အပြောအဆိုပိုင်းမှာကအစ တော်တော် တိုးတက်လာတယ်လို့လည်း ကိုယ့်ကိုယ်ကိုယ် မြင်တယ်" လို့ ဆိုပါတယ်။ 

Photo: Tan Kun Kyaw (အဘွားနဲ့ပုံ) 

တန်ခွန်ကျော်ရဲ့ မိခင်နဲ့ မောင်နှမတွေကတော့ ချင်းပြည်နယ် ခန္တီးမှာ နေထိုင်ကြတယ်လို့ သိရပါတယ်။ သူ့ရဲ့ ဖခင်ဟာ (၆) တန်းအရွယ်ကတည်းက ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ သူ့ရဲ့ ဂီတလှုပ်ရှားမှုတွေမှာ မိခင်ဖြစ်သူက အမြဲတမ်း အားပေးနေတယ်လို့ တန်ခွန်ကျော်က ပြောပါတယ်။ 

“ အခုတော့ ဂီတလောကထဲကို ရောက်လာတဲ့ အချိန်မှာ အမေက အားပေးတယ်။ ပညာရေးကို အားပေးတုန်းကလိုပဲ ဂီတအလုပ်ကိုလည်း နောက်ပြန်မလှည့်ပဲ၊ စိတ်ဓာတ်မကျဖို့၊ အဆုံးထိအောင် လျှောက်ဖို့ အားပေးစကား အမြဲတမ်း ပြောလေ့ရှိပါတယ်။ အခုချိန်မှာက ပြန်ချင်တိုင်းပြန်၊ လာချင်တိုင်း လာလို့ မရတဲ့ အခြေအနေဆိုတော့ ဖုန်းလေး တစ်လုံး ရှိတာနဲ့ အဆင်ပြေနေပြီ။ ညနေဘက်ဆိုလည်း အမေရေ ဘာစားပြီးပြီလဲ၊ နေကောင်းလား၊ အဆင်ပြေကြရဲ့လား ဆိုပြီးတော့ ဖုန်းလေးနဲ့တော့ အမြဲတမ်း စကားပြောဖြစ်ပါတယ်" လို့လည်း ဆက်လက် ပြောပြလာပါတယ်။ 

Photo: Tan Kun Kyaw (အင်္ကျီ အဝါနဲ့ တန်ခွန်ကျော် အမေ)

တန်ခွန်ကျော် ဟာ နာဂတိုင်းရင်းသားတစ်ယောက်ပါ။ သူဟာ Myanmar Idol (Season-4) သီချင်းဆိုပြိုင်ပွဲကြီးမှာတော့ Top-8 အထိ ပါဝင်ယှဉ်ပြိုင်နိုင်ခဲ့သူဖြစ်ပါတယ်။ ဒီပြိုင်ပွဲကနေတဆင့် ပရိသတ်အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော် တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ သီချင်းဆိုပြိုင်ပွဲကြီး ပြီးသွားတဲ့ နောက်မှာတော့ သူဟာ Single Songe အနေနဲ့ " ခံနိုင်ရည် မရှိတော့" ဆိုတဲ့ သီချင်းလေးကို ဇူလိုင်လတုန်းက ထွက်ရှိခဲ့ပါတယ်။


 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က