အခုလည်း သီချင်းအသစ်လေး တစ်ပုဒ်နဲ့ မိတ်ဆက်ပေးထားပါသေးတယ်။

G Fatt ကတော့ သူ့ရဲ့ သီချင်းအသစ်လေးကို YouTube မှာ မိတ်ဆက်ခဲ့တာဖြစ်ပြီး ပရိသတ် အားပေးမှုတွေ အများကြီးရခဲ့တဲ့အကြောင်း ပြောပြလာပါတယ်။ 

Photo: G Fatt



အဆိုတော် G Fatt ကတော့ " အဝေးပြေးလမ်းမ" ဆိုတဲ့ သီချင်းဟောင်းလေးကို Music ပုံစံ အသစ်ပြောင်းပြီး YouTube မှာ မိတ်ဆက်ပေးခဲ့တယ်လို့ သိရပါတယ်။ သူ့ရဲ့ သီချင်းအသစ်လေးကို YouTube မှာ တင်ဖြစ်ခဲ့တဲ့ ရည်ရွယ်ချက်ကို အခုလို ပြောပြလာပါတယ်။ 

“ ကျွန်တော့်ရဲ့ သီချင်းအသစ်ကို ပရိသတ်ကို မိတ်ဆက်ပေးခဲ့ပါတယ်။ ဒီသီချင်းကတော့ “ အဝေးပြေးလမ်းမ” ဆိုတဲ့ သီချင်းပါ။ သီချင်းကတော့ အဟောင်းပေမယ့် New Version အနေနဲ့ ပြန်တီးပြီးတော့ ပုံမှန် ထွက်နေကြ ကျွန်တော့်ရဲ့ ဖေ့စ်ဘွတ် Fan Page က မဟုတ်ပဲ You Tube တစ်ခုတည်းကနေ တင်ခဲ့ပါတယ်။ Facebook ကနေပဲ နားထောင်တတ်တဲ့ ပရိသတ်တွေအတွက်တော့ အခက်အခဲဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ YouTube ကနေနားထောင်တဲ့ အလေ့အကျင့်ကို ပရိသတ်တွေနဲ့ အတူတူ လုပ်ချင်ပါတယ်" ဆိုပြီးတော့ စက်တင်ဘာလ ၂၈ ရက်နေ့ ည ၉ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ဗီဒီယို ဖိုင်လေးတင်ရင်း ပြောခဲ့တာ ဖြစ်ပါတယ်။ 

Photo: G Fatt

G Fatt ဟာ ကိုယ်ပိုင် YouTube Channel ကနေ သီချင်းအသစ်ကို မိတ်ဆက်လိုက်တဲ့ အချိန်မှာပဲ သူမျှော်လင့် မထားမိတဲ့ ပရိသတ် အားပေးမှုတွေ ရခဲ့တယ်လို့လည်း ပြောခဲ့ပါသေးတယ်။ သူ့ရဲ့ ဂီတလှုပ်ရှားမှုတွေကိုYouTube မှာ အမှတ်တရ ဗီဒီယို ဖိုင်လေးတွေ တင်သွားမယ်လို့ဆိုပါတယ်။ 

"သီချင်းတင်လိုက်တဲ့ တစ်နေ့တည်းမှာပဲ 85K ရှိပါတယ်။ ကျွန်တော့်ရဲ့ YouTube ကို အားပေးတဲ့ ပရိသတ်ပေါင်း 10.2K ရှိပါတယ်။ ဒီအရေအတွက်က ကျွန်တော် မှန်းထားတဲ့ အရေအတွက်ထက် ပိုများပါတယ်။ ကျွန်တော် အများကြီး ကျေနပ်ပါတယ်၊ ဝမ်းသာပါတယ်။ ကျွန်တော့် ပရိသတ် တစ်ယောက်ချင်းစီကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။ နောက်ကျရင်တော့ ကျွန်တော့်ရဲ့ သီချင်းဗီဒီယို ဖိုင်တွေ၊ သီချင်းတွေ လုပ်နေတဲ့ ဗီဒီယိုဖိုငအမှတ်တရတွေကို YouTube ကနေပဲ ပရိသတ်အတွက် တင်ပေးချင်ပါတယ်" လို့လည်း ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: G Fatt

G Fatt ဟာ Shwe FM က ဆုချီးမြှင့်တဲ့ "Facebook Page ကနေ ပရိသတ်သီချင်းတောင်းဆိုမှု အများဆုံးအမျိုးသားတေးသံရှင်ဆု" ကိုလည်း "အကယ်၍ လက်ထပ်ခဲ့ကြရင်" ဆိုတဲ့ သီချင်းနဲ့ ရရှိထားသူဖြစ်ပါတယ်။ သူဟာ လက်ရှိ လူငယ်အဆိုတော်တွေကြားမှာ အောင်မြင်မှုများစွာ ရရှိနေတဲ့ အဆိုတော် တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ G Fatt ကိုတော့ 8 day 8 month 8 hour ဆိုတဲ့ သီချင်းကနေ ပရိသတ်တွေ စတင်သိရှိလာတာဖြစ်ပါတယ်။ အဲ့ဒီနောက် တေးစီးရီးအခွေတွေမှာလည်း ပါဝင်သီဆိုလာရသူ တစ်ယောက်ပါ။ G Fatt ဟာ ပထမဆုံး တစ်ကိုယ်တော်အခွေ အနေနဲ့ ‘’ဂျင်’’ တေးစီးရီးကို ထွက်ရှိထားပါတယ်။ ဒုတိယမြောက် တစ်ကိုယ်တော်အခွေ အနေနဲ့ ‘’ 120/B’’ အခွေလည်း ထွက်ရှိထားပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က