အာရှနဲ့ ဥရောပဈေးကွက်တွေထဲ ဝင်မှာပါ

Samsung ကနေ အသစ်ထုတ်လိုက်တဲ့ Galaxy Active Tab 3 ဟာ အမြင့် ၅ ပေကနေ လွတ်ကျမှုကို ခံနိုင်ရည်ရှိတဲ့ တည်ဆောက်ထားတယ်လို့ ဆိုပါတယ်။

Galaxy Tab Active 3 ဟာ ဆောက်လုပ်ရေးလုပ်ငန်းခွင်နဲ့ စက်ရုံ ၊ အလုပ်ရုံလို အကြမ်းပတမ်း အလုပ်လုပ်ရတဲ့ နေရာမျိုးမှာ သုံးနိုင်အောင် အထူးထုတ်ထားတဲ့ တက်ဘလက်ဖြစ်ပါတယ်။ ဒီတက်ဘလက်ရဲ့ကိုယ်ထည် Case ဟာ အမြင့်ပေ ၁ မီတာခွဲကနေ လွတ်ကျတဲ့ဒဏ်ကို ခံနိုင်မယ်လို့ ဆိုပါတယ်။ 



Photo: GSMArena

Case မပါဘဲ လွတ်ကျမယ်ဆိုရင်တောင် အမြင့် ၁.၂ မီတာ (၄ပေခန့်) ကနေ ပြင်ညီမျက်နှာပြင်ပေါ် လွတ်ကျတာမျိုးမှာ ခံနိုင်ရည်ရှိမှာ ဖြစ်ပါတယ်။ IP68 rating ရေစို/ဖုန်တင်ဒဏ်ခံနိုင်ရည် ရှိတဲ့ တက်ဘလက်ဖြစ်လို့ မိုးရွာရွာ နေပူပူ အသုံးပြုနိုင်မှာပါ။ မျက်နှာပြင် ၈ လက်မ LCD panel ဟာ လက်အိတ်စွပ်လျက်သား သုံးနိုင်အောင် ဒီဇိုင်းထုတ်ထားတာ ဖြစ်ပါတယ်။

လက်အိတ်က သိပ်ထူနေပြီး touch မမိချင်ရင်တော့ IP68 rating ရထားတဲ့ S Pen နဲ့ UI ပိုင်း စိတ်ကြိုက်သုံးနိုင်မှာပါ။ သုံးထားတဲ့ Processor ဟာ Galxy Note 9 နဲ့ Galaxy S9 တို့မှာ သုံးသွားတဲ့ Exynos 9810 chispet နဲ့ လာပြီး RAM 4GB ပါရှိပါတယ်။ storage ကိုတော့ 64GB ၊ 128GB နှစ်မျိုး ထွက်ထားပြီး microSD card နဲ့ storage ထပ်တိုးနိုင်မှာပါ။ 

Desktop ပုံစံမျိုး သုံးနိုင်ဖို့ DeX mode ပါရှိသလို Knox လုံခြုံရေးကာကွယ်စနစ် ထည့်သွင်ငးထားပါတယ်။ ဇီဝလုံခြုံရေးနည်းပညာအနေနဲ့ Fingerprint sensor နဲ့ Face ID မျက်နှာပြင်ဖတ်စနစ်တို့ ထည့်သွင်းထားပါတယ်။ ကျောဘက်မှာ 13MP single lens နဲ့ ရှေ့ဘက် 5MP ကင်မရာတို့ ပါရှိပါတယ်။

Photo: Android Authority


ဘက်ထရီပါဝါ 5050mAh သုံးထားပြီး ကိုယ်ထည်ဘေးဘောင်မှာ ရှိတဲ့ pogo pins လေးတွေကြောင့် in dock အားသွင်းနိုင်သလို ပုံမှန် USB-C port ကနေလည်း အားသွင်းနိုင်မှာပါ။ ဘက်ထရီဟာ ဖြုတ်နိုင် တပ်နိုင်တဲ့ Removable ဘက်ထရီအမျိုးအစား ဖြစ်ပြီး သီးသန့် ပါဝါအရင်းအမြစ်ထုတ်ကုန်တစ်ခုနဲ့ ချိတ်ထားချိန်မှာ ဘက်ထရီမပါဘဲနဲ့လည်း သုံးနိုင်မှာ ဖြစ်ပါတယ်။

NFC features ပါလို့ တက်ဘလက်ပေါ်ကနေ မိုဘိုင်းငွေချေမှုသုံးနိုင်မှာပါ။ Android 10 စနစ်နဲ့ လာတာ ဖြစ်ပြီး Android Update မျိုးဆက် ၃ ခုအထိ ပံ့ပိုးပေးသွားမယ်လို့ ဆိုပါတယ်။ အာရှနဲ့ ဥရောပဈေးကွက်တွေထဲ ဝင်မှာ ဖြစ်ပြီး ဈေးနှုန်းနဲ့ထွက်ရှိမယ့် ရက် မသိရသေးပါဘူး။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က