ရက်ပိုင်းအတွင်း Play Storeနဲ့ App Storeမှာလည်း Download ရယူနိုင်တော့မယ်လို့ သိရပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်း တွေရဲ့ အချက်အလက်တွေ၊ ဝင်ပြိုင်မယ့် နိုင်ငံရေးပါတီတွေရဲ့ ပါတီမူဝါဒတွေအပြင် မဲဆန္ဒရှင်ပြည်သူတွေအတွက် မဲပေးနည်းအဆင့်ဆင့် ၊ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ သတင်းတွေကို Mobile Applicaton ကတစ်ဆင့် ကြည့်ရှုနိုင်တော့မှာဖြစ်တယ်လို့ သိရပါတယ်။

mvoter2020 Application ကို mvoterapp.com/apk နဲ့ www.maepaysoh.org တို့ကတစ်ဆင့် Download လုပ်ရယူနိုင်ပြီး ရက်ပိုင်းအတွင်း Play Storeနဲ့ App Storeမှာလည်း Download ရယူနိုင်တော့မယ်လို့ သိရပါတယ်။



အဆိုပါ mvoter2020 Application ကိုတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ Asia Foundation Myanmar , International IBEA, Pop Stack အဖွဲ့ဝင်တွေက ဦးစီးပြုလုပ်တာဖြစ်ပြီး Application မိတ်ဆက်ပွဲအခမ်းအနားကို ဒီကနေ့ စက်တင်ဘာ ၂၉ ရက်မှာ အွန်လိုင်းကတစ်ဆင့် ပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။

“ အခုချိန် ကိုဗစ်-၁၉ ဖြစ်ပွားနေတဲ့အချိန်မှာ ပြည်သူတွေက အိမ်ထဲမှာပဲ နေနေကြတဲ့အခါမှာ Applicaton က အထောက်အကူဖြစ်မယ်လို့ ယုံကြည်ပါတယ်။ ကိုယ်စားလှယ်လောင်းတွေရဲ့ အမည်၊အရည်အချင်းတွေကို မဲဆန္ဒရှင်ပြည်သူတွေ သိဖို့ လိုအပ်ပါတယ်။ ပါတီရဲ့ မူဝါဒ၊သဘောထား၊ လုပ်ငန်းစဉ်တွေကိုလည်း သိရှိထားဖို့ လိုအပ်တယ်။ မြန်မာနိုင်ငံမှာ မိုဘိုင်းလ်ဖုန်းသုံးစွဲသူက ၂၂ သန်းခန့်ရှိတယ်လို့ ခန့်မှန်းရတယ်။ မိုဘိုင်းလ်ဖုန်းသုံးစွဲတဲ့ ပြည်သူတွေအနေနဲ့ ဒီ Mobile Application ကနေ ပြည်သူတွေ သိလိုတဲ့အချက်အလက်တွေကို ရှာဖွေတွေ့နိုင်မှာပါ။” လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးလှသိန်းက Application မိတ်ဆက်ပွဲမှာ ပြောခဲ့ပါတယ်။

အဆိုပါ mvoter2020 Application မှာ သက်ဆိုင်ရာ မဲဆန္ဒနယ်အသီးသီးက ကိုယ်စားလှယ်လောင်းတွေရဲ့ အမည်၊ အရည်အချင်း၊ အတွေ့အကြုံ၊ ကိုယ်စားလှယ်လောင်းတွေ ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်မယ့် မူဝါဒ၊သဘောထားလုပ်ငန်းစဉ်တွေ အပြင် မဲပေးမယ့် ပြည်သူတွေအနေနဲ့ မိမိ ဘယ်လိုမဲပေးရမလဲ၊ မဲရုံ ဖွင့်ချိန်၊ပိတ်ချိန်၊ မဲရုံမှာ မဲသွားပေးတဲ့အခါ လုပ်ရမယ့် လုပ်ငန်းစဉ် အသေးစိတ်၊ ကြိုတင်မဲပေးနည်း စတာတွေ အပြင် ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်တဲ့ သတင်းအချက်အလက်တွေကို ပါ ဝင်ရောက်ဖတ်ရှုနိုင်မှာလည်းဖြစ်ပါတယ်။

အဆိုပါ Mobile Application ကိုအသုံးပြုတဲ့သူတွေအနေနဲ့ မိမိနေထိုင်ရာ မြို့နယ်၊ရပ်ကွက်/ကျေးရွာအုပ်စုကို ရွေးချယ်ပြီးတော့ မိမိနေတဲ့ မြို့နယ်မှာ ဝင်ပြိုင်ကြမယ့် ပါတီအသီးသီးရဲ့ ကိုယ်စားလှယ်လောင်းတွေရဲ့ အချက်အလက်တွေကို အသေးစိတ် ကြည့်ရှုလို့ရတော့မှာလည်းဖြစ်ပါတယ်။ အဆိုပါ Application တစ်ခုကို အသုံးပြုရုံနဲ့ မိမိကိုယ်တိုင်အပြင် အခြားသူတွေအတွက်ပါ သူတို့နေထိုင်တဲ့ မြို့နယ်က ကိုယ်စားလှယ်လောင်းတွေရဲ့ အချက်အလက်တွေကို ကြည့်ရှုပေးနိုင်မယ်လို့လည်းသိရပါတယ်။

လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း (၇၀၀၀) နီးပါးခန့် ၊ နိုင်ငံရေးပါတီပေါင်း (၉၂) ခု ဝင်ပြိုင်မှာဖြစ်ပြီး အဆိုပါ Mobile Application မှာ ဝင်ပြိုင်မယ့်ကိုယ်စားလှယ်လောင်း၊ နိုင်ငံရေးပါတီ အားလုံးရဲ့ အချက်အလက်တွေကို ထည့်သွင်းထားတာဖြစ်တယ်လို့လည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

က္က