ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပုဂံဒေသက ရွှေစည်းခုံဘုရားကြီးရဲ့ တောင်ဘက်စောင်းတန်း ခြင်္သေ့ရုပ်ကြီးနှစ်ကောင်ကြားက တန်ဆောင်း ဒီ ကနေ့ စက်တင်ဘာလ ၂၉ ရက်နေ့ မနက်ပိုင်းမှာ ပြိုကျမှုဖြစ်ပွားခဲ့တယ်လို့ ညောင်ဦးမြို့နယ်၊ အမှတ် ၅ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစန်းမောင်က ပြောပါတယ်။
ဓာတ်ပုံ - ကိုဆော် (ပုဂံ)
အဆောက်အဦးဟာ ခံနိုင်ရည်ဝန်အားသက်တမ်းကုန်သွားတာကြောင့် ပြိုကျသွားတာဖြစ်နိုင်တယ်လို့သုံးသပ်ပြောဆိုပါတယ်။ "ဒီကနေ့မနက် ၆ နာရီခွဲက တောင်ဘက်စောင်းတန်းအခြေ သံတံခါးအနီးပေါ့။ခြင်္သေနှစ်ကောင် သံတခါးကြား ပြသာဒ်ဆောင်ရဲ့ တောင်ဘက်က အုပ်ထုတ်တန်းကျိုးသွားတာပေါ့။ ၊အဲဒီခေတ်က RC ထုတ်မပါတော့ အုတ်နဲ့ရိုးရိုးချည်ထားတာပေါ့။၂၀ ရာခိုင်နှုန်း လောက်ပြိုကျသွားတာပေါ့။ရှေးဟောင်းနဲ့အဓိကသက်ဆိုင်တယ်။လာလဲကြည့်သွားပြီ။ အစည်းအဝေးထိုင်ပြီးမှ ဆက်လုပ်မယ်ပြောတယ်။"လို့ ဦးစန်းမောင်ကပြောပါတယ်။
ဓာတ်ပုံ - ကိုဆော် (ပုဂံ)
အဆိုပါ အဆောက်အဦးဟာ လွန်ခဲ့တဲ့ ၁၃၂၃ ခုနှစ်မှာ တည်ထားခဲ့တဲ့ ရှေးဟောင်းအမွေအနှစ်လက်ရာတွေဖြစ်တယ်လို့ သိရပါတယ်။
"ကျနော်ရောက်သွားတော့ မနက် ၆ နာရီခွဲလောက်ပေါ့။ ပြိုကျနေတာတွေ့တယ်။ မိုးရွာတဲ့ဒဏ်ကြောင့်လို့ ထင်တယ်။ခြင်္သေနှစ်ကောင်ကြားက ပြိုကျသွားတာပါ။ အခုတော့ပြိုကျတဲ့နေရာကို သံဇကာတွေတော့ကာထားတယ်။"လို့ အဆောက်အဦး ပြိုကျရာ နေရာကိုရောက်ရှိခဲ့တဲ့ ညောင်ဦး ဒေသခံတစ်ဦးဖြစ်သူ ကိုဆော်(ပုဂံ)ကပြောပါတယ်။
အခုလို ပြိုကျခဲ့တာနဲ့ပတ်သက်ပြီး ပုဂံရှေးဟောင်းသုတေသန ဌာနခွဲမှ တာဝန်ရှိသူတွေ၊ မြို့နယ်အုပ်ချုပ်ရေး အပါအဝင် သက်ဆိုင်ရာတာဝန်ရှိသူတွေလည်း လာရောက်စစ်ဆေးကြည့်ရှု့သွားတယ်လို့ သိရပါတယ်။
အလွတ်တန်းသတင်းထောက် ချစ်ခွန်းချို ပေးပို့ထားသော သတင်းဖြစ်ပါသည်။