မိဘတွေကို စိတ်ချမ်းသာအောင် ထားချင်တယ်။

နန်းသူဇာကတော့ မိဘနှစ်ပါးနဲ့ အတူတူရှိ ချိန်လေးမှာ ကိုယ်ပိုင်အိမ်လေးနဲ့ ခြံလေး ဝယ်ချင်တဲ့ သူမရဲ့ ဆန္ဒတွေကို ပြောပြလာပါတယ်။ 

Photo: Nan Thu Zar



နန်းသူဇာကတော့ မိဘနှစ်ပါးအတွက် ရည်ရွယ်ထားတဲ့ သူမရဲ့ ဆန္ဒလေးကို အခုလို ထုတ်ဖော်ပြောပြလာပါတယ်။ ကိုယ်ပိုင်ခြံ၊ ကိုယ်ပိုင် အိမ်လေးလည်း လိုချင်တယ်လို့ Duwun ကနေ ပြောခဲ့ပါတယ်။ 

“ လက်ရှိ Lifestyle မှာတော့ ကိုယ့်ရဲ့ ပတ်ဝန်းကျင်၊ အပေါင်းအသင်း အကုန်လုံးကို သဘောကျတယ်။ ကိုယ်သဘောမကျတာက အိမ်ပေါ့။ အိမ်ပြောင်းချင်တယ်။ အိမ်ဝယ်နိုင်အောင် ကြိုးစားမယ်။ အိမ်နဲ့ ကားနဲ့ မိဘတွေကို ကောင်းကောင်းမွန်မွန်လေး ထားပေးချင်တယ်။ခြံ အကြီးကြီးလည်းမလိုဘူး၊ လူကြီးတွေဆိုတော့ အိမ်မှာနေလည်း မပြင်းရအောင် ကျန်းမာရေးလည်း လုပ်လို့ရအောင် လေဝင်လေထွက်ကောင်းတဲ့နေရာလေး ဘယ်မှာဖြစ်ဖြစ်ပေါ့နော်။ နယ်ဖြစ်ရင်တောင် ရတယ်။ တစ်နေရာရာမှာ ဝယ်နိုင်အောင်တော့ ကြိုးစားရမယ်။ မိဘတွေရှိနေတုန်းလေး စိတ်ချမ်းသာအောင် ကိုယ်ထားချင်တဲ့ ပုံလေးထားချင်တယ်” လို့ သူက ဆိုပါတယ်။ 

Photo: Nan Thu Zar

နန်းသူဇာဟာ မိဘကို အိမ်ဝယ်ပေးဖို့ ရည်မှန်းထားတဲ့ ဆန္ဒလေးပြည့်အောင် အနုပညာကြေးတွေကို စုထားတယ်လို့ ဆိုပါတယ်။ 

“အခုလည်း အနုပညာကြေးရတဲ့ ပိုက်ဆံလေးတွေကို စုတယ်။ အရင်တုန်းက အရမ်းအသုံးအဖြုန်းကြီးတယ်။ မလိုတာတွေ ဝယ်တယ်ပေါ့နော်။ အခုတော့ ပိုက်ဆံစုနေပါပြီ။ စီးပွားရေး တစ်ခုခုကျတော့လည်း အခုက Covid ဖြစ်သွားတော့ ဘာမှ လုပ်လို့မရတော့ဘူး။ ဒါပေမယ့်လည်း စားသောက်ကုန် လုပ်ငန်းဖြစ်ဖြစ်၊ အရင်းအနှီးလည်း အရမ်းမကြီးတဲ့ဟာမျိုးလေး လုပ်သွားချင်တယ်" လို့ ဆက်လက် ပြောပြလာပါတယ်။ 

Photo: Nan Thu Zar

နန်းသူဇာက အဆိုတော်တစ်ယောက်ဖြစ်သလို ပရိသတ်အားပေးမှု ရရှိထားသူတစ်ဦးလည်း ဖြစ်ပါတယ်။ နန်းမြတ်ဖြိုးသင်းနဲ့ အတူ Friend စီးရီးခွေကို ထွက်ရှိထားပါတယ်။ သူမက လက်ရှိမှာ ပွဲတွေ တက်ဖြစ်နေသလို သီချင်းတွေလည်း ဆိုဖြစ်နေတယ်လို့ သိရပါတယ်။ အတွဲခွေများစွာ မှာ သီချင်းပါဝင်သီဆိုထားတဲ့ နန်းသူဇာက တစ်ကိုယ်တော်အခွေအတွက်လည်း ပြင်ဆင်နေတယ်လို့ သိရပါတယ်။ သီချင်းပိုင်းကိုပဲ စိတ်ဝင်စားတဲ့ သူမကတော့ သရုပ်ဆောင်ပိုင်းကိုကူးဖို့ အစီအစဉ်မရှိပါဘူးတဲ့။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က