သူ့ရဲ့ ကစားသမားဟာ လေးမိနစ်လောက်ပဲ ကစားဖို့အတွက် မန်ချက်စတာကို ရောက်လာခဲ့တာမဟုတ်ဘူးလို့ ဒေါသတကြီးနဲ့ ပြောဆိုသွားခဲ့ပါတယ်။
ယူနိုက်တက်အတွက် အခုအချိန်ထိ ပရီးမီးယားလိဂ်မှာ ပွဲထွက်ကစားခွင့်မရရှိသေးတဲ့အပေါ် ကွင်းလယ်လူဗန်ဒီဘိခ်ရဲ့ အေးဂျင့်ဖြစ်သူ Sjaak Swart က ဒေါသထွက်နေခဲ့ပါတယ်။ သူ့ရဲ့ ကစားသမားဟာ လေးမိနစ်လောက်ပဲ ကစားဖို့အတွက် မန်ချက်စတာကို ရောက်လာခဲ့တာမဟုတ်ဘူးလို့ ဒေါသတကြီးနဲ့ ပြောဆိုသွားခဲ့့ပါတယ်။
Swart က "သူက အရာ ၃ခုလောက်လုပ်နိုင်ပါတယ်၊ ပယ်နယ်တီ၊ အနိုင်ဂိုးတွေက သူ့ဆီကနေ ရရှိလာမှာပါ၊ ပုံမှန်အားဖြင့်ဆိုရင် ယူနိုက်တက်က ဘရိုက်တန်ကို ၇-၁ နဲ့ အရေးနိမ့်ခဲ့သင့်တာပါ၊ ဘားတန်းကို ငါးကြိမ်လောက်မှန်ခဲ့တယ်လေ၊ သူတို့က အသင်းကောင်းတစ်သင်းပါ၊ ဒါပေမယ့်လည်း သူတို့တွေ ယူနိုက်တက်ကို အနိုင်မယူနိုင်ခဲ့ပါဘူး"
"အခု ဗန်ဒီဘိခ်က လူစားဝင်ကစားနေရပါတယ်၊ ဒါကို ကျွန်တော်ဘယ်လိုမှသဘောမကျပါဘူး၊ လေးမိနစ်လောက်ကစားပြီး ရပ်နေရတာကိုတော့ ကျွန်တော်ဆိိုရင် မလုပ်နိုင်ပါဘူး" လို့ ပြောသွားခဲ့ပါတယ်။ ဗန်ဒီဘိခ်ကို အသုံးမပြုမှုနဲ့ပတ်သက်ပြိး ဆိုးလ်ရှားကို ယူနိုက်တက်အသင်းသားဟောင်းအီဗရာကိုယ်တိုင်ကလည်း ဝေဖန်ခဲ့ဖူးပြီး ပရိသတ်တွေကလည်း မေးခွန်းထုတ်မှုတွေရှိခဲ့ကြပါတယ်။