ဒီလိုဖြတ်တောက်ပေမယ့် ဟောပြောထုတ်လွှင့်မှုကို လုပ်သွားမယ်လို့ ဒေါက်တာသက်သက်ခိုင်က ပြောပါတယ်။

နိုင်ငံပိုင်ရေဒီယိုနဲ့ ရုပ်မြင်သံကြားမှာ ထုတ်လွှင့်မယ့် ပါတီရဲ့မူဝါဒ ၊သဘောထား ၊ လုပ်ငန်းစဉ်တွေထဲက ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်တဲ့အချက်တစ်ချို့ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဖြတ်တောက်ခဲ့တယ်လို့ ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဌ ဒေါက်တာသက်သက်ခိုင်က Duwun ကိုပြောပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ တားမြစ်ချက်နဲ့ ငြိစွန်းခြင်းမရှိဘဲ ဒီလိုဖြတ်တောက်မှုတွေ လုပ်ဆောင်နေတာက ကော်မရှင်အနေနဲ့ ဒီမိုကရေစီကို သစ္စာဖောက်တဲ့လုပ်ရပ်ဖြစ်ပြီး စည်းကျော်နေတယ်လို့လည်း ဒေါက်တာသက်သက်ခိုင်က ဝေဖန်ပြောဆိုလိုက်ပါတယ်။



" နိုင်ငံတော်ရဲ့မီဒီယာကနေပြောမယ်ဆိုရင် နိုင်ငံရေးပါတီတွေက သူတို့ရဲ့ မူဝါဒကိုရှင်းလင်းတင်ပြပြီးတော့မှ ပြည်သူလူထုက ဒါကို ကြိုက်၏မကြိုက်၏ဆုံးဖြတ်ပြီး မဲပေးရမှာလေ။ဒါကိုဘာမှဆင်ဆာဖြတ်စရာ အကြောင်းမရှိဘူး။ပါတီမူဝါဒကိုပဲ ကျွန်မတို့ကပြောတာလေ။ကျွန်မတို့ပါတီကနေ ချမှတ်ထားတဲ့မူဝါဒကို UEC က ဝင်ရောက်ပြီးဘယ်ဟာပဲပြော ဘယ်ဟာမပြောနဲ့လို့ ပြောပိုင်ခွင့်လုံးဝမရှိဘူး။ သြဂုတ်လ၂၂ရက်နေ့မှာတောင်းတယ်။တောင်းတုန်းကတည်းက ဘာမလုပ်ရဘူး ဘာမဖြစ်ရဘူး ကန့်သတ်ချက်တွေရှိတယ်။ အဲဒါတွေနဲ့လည်းလုံးဝမငြိဘူး။ပြီးတော့ ဘာကြောင့်ဖြတ်ရပါတယ်ဆိုတဲ့ဟာလည်း အကြောင်းပြချက်မပါဘူး။ အဲဒါက ပြောရမယ်ဆိုရင် ဒီUECသည် ဒီမိုကရေစီကို သစ္စာဖောက်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ကျွန်မကပြောချင်တယ်။ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စည်းကျော်တာပေါ့နော် " လို့ ဒေါက်တာသက်သက်ခိုင်က Duwun ကို ပြောပါတယ်။

ဓာတ်ပုံ-ကျော်ဇင်မန်း(ပြည်သူ့ရှေ့ဆောင်ပါတီက ရန်ကုန်ဆေးရုံကြီးတွင် ကိုဗစ်၁၉ ကာကွယ်ရေးအတွက် အသုံးအဆောင်များလှူဒါန်းစဉ်)

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပါတီမူဝါဒထဲက အချက်တစ်ချို့ကို ဖြတ်တောက်ခဲ့ပေမယ့်လည်း ရုပ်မြင်သံကြားကြည့်ရှုတဲ့ ပြည်သူလူထုတွေအတွက် ကျန်တဲ့အချက်တွေကို နိုင်ငံပိုင်မီဒီယာကနေ ဟောပြောမှု ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်လည်း ဒေါက်တာသက်သက်ခိုင်က ပြောပါတယ်။ ဒါ့အပြင် နိုင်ငံပိုင်မီဒီယာကနေ ပြောဆိုခွင့်မရဘဲ ဖြတ်တောက်ခံခဲ့ရတဲ့ မူဝါဒအပိုင်းတွေကို ပြည်သူ့ရှေ့ဆောင်ပါတီရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ဖော်ပြသွားမယ်လို့ သိရပါတယ်။

"ပြည်သူကိုလေးစားသောအားဖြင့် ကျွန်မပြောမယ်။TV ကြည့်တဲ့ ပြည်သူလူထုကလည်းအများကြီးရှိသေးတာကိုး။ အခုပြောမှာက ၁၀၀ရာနှုန်းရှိတယ် UEC က ၁၅ရာနှုန်းလောက်ဖြတ်တယ်ဆိုလည်း ကျန်တဲ့ ၈၅ရာနှုန်းလောက်ကလည်း ပြည်သူကို သိစေချင်တာတွေ ပြောမှာပဲလေ။ပြီးတော့မှ ကျွန်မတို့ပါတီ page ကနေပြီးတော့မှ ဒါကတော့ ထုတ်လွှင့်ခဲ့တာဖြစ်တယ်။UECက ဒါတွေဒါတွေ ဖြုတ်သွားတယ်ဆိုတာ ကျွန်မနောက်မှ ပါတီpageကနေ ပြောမယ်"လို့ ဒေါက်တာသက်သက်ခိုင်က ပြောပါတယ်။

လက်ရှိမှာ နိုင်ငံပိုင်မီဒီယာကနေ နိုင်ငံရေးပါတီတွေ ဟောပြောမယ့် မူဝါဒ ၊ သဘောထား ၊လုပ်ငန်းစဉ်တွေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဖြတ်တောက်မှုတွေ လုပ်ဆောင်နေပြီး ဒီလိုဖြတ်တောက်ခံခဲ့ရတဲ့ နိုင်ငံရေးပါတီတွေကတော့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ၊ ထားဝယ်တိုင်းရင်းသားများပါတီ ၊ ပြည်သူ့ပါတီ ၊ ရခိုင်အမျိုးသားပါတီ ၊ ရခိုင့်ဦးဆောင်ပါတီ နဲ့ ဓနုအမျိုးသားအဖွဲ့ချုပ်ပါတီတို့ ဖြစ်တယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က