သင်္ဃန်းကျွန်းမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက တရားလိုပြုလုပ်ပြီး သင်္ဃန်းမြို့နယ်ရဲစခန်းကအမှုဖွင့်ခဲ့တာဖြစ်ပါတယ်။

 Music Zone စားသောက်ဆိုင်ကို သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ နဲ့ သင်္ဃန်းကျွန်းမြို့နယ်ရဲစခန်းမှာ အမှုဖွင့်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။



သင်္ဃန်းကျွန်းမြို့နယ်အတွင်း လူများစွာ ရောဂါပိုးကူးစက်ခံခဲ့ရတဲ့အတွက် Music Zone စားသောက်ဆိုင် ပိုင်ရှင်နဲ့ မန်နေဂျာကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ (၂၅) နဲ့ အမှုဖွင့်လိုက်တာဖြစ်တယ်လို့ သင်္ဃန်းကျွန်းတိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က အသိပေး ပြောဆိုလိုက်ပါတယ်။

မနေ့က စက်တင်ဘာလ ၃၀ ရက်နေ့မှာ သင်္ဃန်းကျွန်းမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက တရားလိုပြုလုပ်ပြီး သင်္ဃန်းမြို့နယ်ရဲစခန်းကအမှုဖွင့်ခဲ့တာဖြစ်တယ်လို့ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာစောအောင်ရွှေဖြူကပြောပါတယ်။

"ကျန်းမာရေးက တရားလိုလုပ်တာဟုတ်တယ် ရဲစခန်းကအမှုဖွင့်တယ်။ အမှုသွားအမှုလာတော့မသိသေးဘူး။"လို့ ဒေါက်တာစောအောင်ရွှေဖြူက ပြောပါတယ်။

Music Zone စားသောက်ဆိုင်ဟာ ကိုဗစ်ကာလမှာတားမြစ်ထားတဲ့  စည်းကမ်းသတ်မှတ်ချက်တွေကိုချိုးဖောက်ခဲ့တာကြောင့် သင်္ဃန်းမြို့နယ် ကိုဗစ် ကော်မတီကလည်း သဘာဘေးအန္တရာယ် စီမံ ခန့်ခွဲမှုဥပဒေနဲ့ တရားစွဲဆိုဖို့ ဆုံးဖြတ်ချထားတဲ့ ကိစ္စဖြစ်ပါတယ်။

Music Zone စားသောက်ဆိုင်ရဲ့ ဝန်ထမ်း ၉၀ ကျော်မှာ ကိုဗစ်ကူးစက်ခံခဲ့ရပေမယ့် လက်ရှိမှာတော့ ဆေးရုံကနေဆင်းခွင့်ရသူ တွေရှိနေပြီဖြစ်ပါတယ်။ဆေးရုံဆင်းခွင့်ရရှိသူတွေအနက် နေအိမ်ကိုပြန်သူရှိသလို အဲ့ဒီ ဆိုင်မှာပဲ ဆက်နေထိုင်သူတွေလည်းရှိတယ်လိုသိရပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချို ပေးပို့ထားသော သတင်းဖြစ်ပါသည်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က