ထီ(၅) သောင်းဆုပေါက်ခဲ့တာဖြစ်ပါတယ်။

သားညီကတော့ အကြိမ်(၂၀) မြောက် အောင်ဘာလေထီဆုပေးပွဲမှာ ထီဆုပေါက်ခဲ့တဲ့အကြောင်း ဝမ်းသာအားရ ပြောပြလာပါတယ်။ 

Photo: Thar Nyi



ဒါရိုက်တာ သားညီကတော့ အောက်တိုဘာလရဲ့ အစမှာ ကံကောင်းခြင်းတွေ ရောက်လာပြီလို့သိရပါတယ်။ သူ့အနေနဲ့ အကြိမ်(၂၀) မြောက် အောင်ဘာလေ သိန်းဆုပေးပွဲမှာ ထီ(၅) သောင်းဆု ပေါက်တယ်လို့ ဆိုပါတယ်။ 

" မိုင်ထောင်ချီဝေးတဲ့ ခရီးတွေဟာလည်း ခြေတစ်လှမ်းကစတာပါပဲတဲ့။ စိန်သားညီရဲ့ သိန်း 15000 ခရီးကတော့ ဦးဇော် နဲ့ အန်တီညူး တို့ ထီဆိုင်က ငါးသောင်းဆုနဲ့ စတယ်။ Thank you October !!!" ဆိုပြီးတော့ အောက်တိုဘာလ (၁) ရက်နေ့ ညနေ (၃) နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားထားတာ ဖြစ်ပါတယ်။

Photo: Thar Nyi

သားညီဟာ ယခင်ကလို သရုပ်ဆောင်ပိုင်းတင်မက ဒါရိုက်တာဘက်ကိုပါ အားကြိုးမာန်တက်နဲ့ကြိုးစားလာတာကိုတွေ့ရပါတယ်။ အခုဆိုရင် ဇာတ်ကားတော်တော်များများကို ဒါရိုက်တာ လုပ်လာပြီဖြစ်ကာ ဒါရိုက်တာတစ်ယောက်အနေနဲ့ ပရိသတ်တွေကပါ လက်ခံလာကြတာကိုလည်း တွေ့ရပါတယ်။ သားညီအနေနဲ့သရုပ်ဆောင် ဘဝမှာ ဖန်တီးခွင့်မရတာလေးတွေကို ဒါရိုက်တာ ဘဝမှာ ဖန်တီးခွင့်ရလာတယ်လို့လည်း ယခင်က အင်တာဗျူးတွေမှာ ဖြေဆိုဖူးပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က