အလုပ်သမားတွေကို အောက်တိုဘာလအတွင်းမှာပဲ ထောက်ပံ့ကြေးထုတ်ပေးဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

လူမှုဖူလုံရေး အာမခံကြေး ထည့်ထားခြင်းမရှိတဲ့  အလုပ်သမားတွေကိုလည်း အလုပ်ယာယီပိတ်ထားတဲ့ကာလအတွက် ငွေကျပ် ၃သောင်းထောက်ပံ့ဖို့ အလုပ်သမားစာရင်း စိစစ်နေတယ်လို့ ရန်ကုန်တိုင်း လူမှုဖူလုံရေးအဖွဲ့ထံကနေ သိရပါတယ်။

အလုပ်သမားစာရင်း စိစစ်ပြီးပါက အလုပ်သမားတွေကို အောက်တိုဘာလအတွင်းမှာပဲ ထောက်ပံ့ကြေးထုတ်ပေးဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ 



"လူမှုဖူလုံရေးမှာ အကျုံးဝင် မှတ်ပုံတင်ထားတာမရှိတဲ့ လုပ်ငန်းကဏ္ဍများမှာ လုပ်ကိုင်နေတဲ့ လုပ်သားတွေ ပိတ်ရက် နှစ်ပတ်မှာ လုပ်ခလစာ ဆုံးရှုံးမှုမရှိစေဖို့ ရန်ကုန်တိုင်းအစိုးရက တစ်ဦးကို ငွေကျပ် ၃ သောင်းထောက်ပံ့ပေးနိုင်ဖို့စီစဉ်နေပါတယ်။ ဒီလို ထောက်ပံ့ပေးနိုင်ဖို့အတွက် လူမှုဖူလုံရေး အကျိုး ခံစားခွင့်မရှိတဲ့ လုပ်သားများစာရင်းကို စတင်စိစစ်နေပြီ "လို့ ရန်ကုန်တိုင်း လူမှုဖူလုံရေးအဖွဲ့ တိုင်းမှူး ဦးထွန်းကြိုင်က ပြောပါတယ်။

 အရင်က ကောက်ခံထားတဲ့ စာရင်းတွေမှာတော့ ဖူလုံရေးအကျိုးခံစားခွင့် မထည့်ဝင်ထားတဲ့ အလုပ်သမား ၆ သိန်းကျော်ရှိတာကြောင့် လက်ရှိမှာ အဲ့ဒီစာရင်း မှန်၊ မမှန်ကို စိစစ်နေတယ်လို့ သိရပါတယ်။ 

"လူမှုဖူလုံရေး ကြေးမထည့်ထားတဲ့ အလုပ်သမား တွေကို ၃၀၀၀၀ ထောက်ပံ့မယ်လို့သိရတယ်။ ဖူလုံရေးကြေးထည့်ဝင်ထားသူတွေကိုတော့ အလုပ်ပိတ်ရက်တစ်ရက်ကို တနေ့လုပ်ခလစာ ၄၈၀၀ အပေါ် ၄၀ ရာခိုင်နှုန်း တွက်ပေးမယ်လို့သိရတယ်။။ ဒါဟာ အလုပ်သမား တွေအတွက်တော့ ထိရောက်တဲ့ထောက်ပံ့မှုမျိုးမဟုတ်ဘူး"လို့ မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ကိုသက်နှင်းအောင်ကပြောပါတယ်။

ရန်ကုန်တိုင်းတွင်းမှာ CMP စနစ် လက်ခစား စက်ရုံ၊ အလုပ်ရုံတွေကို စက်တင်ဘာလ ၂၄ ရက်ကနေ အောက်တိုဘာလ ၇ ရက်နေ့အထိ ယာယီပိတ်ထားဖို့  ညွှန်ကြားထားပါတယ်။ လက် ရှိမှာတော့ အလုပ်သမားတွေကို လုပ်ငန်းရှင်တချို့က စက်ရုံပိတ်ထားတဲ့ ကာလအတွက် လစာကြိုတင်ထုတ်ပေးခြင်းမရှိတဲ့အတွက်  အဆောင်လခ ပေးချေဖို့ နဲ့ ကြားရက်တွေမှာ စားဝတ်နေရေးအတွက် အဆင်မပြေမှူတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က