အသက် (၅၂)နှစ်အရွယ် အမျိုးသားတစ်ဦးပါ။

လမ်းမတော်မြို့နယ် အမှတ် (၄)ရပ်ကွက်မှာနေထိုင်တဲ့ အမျိုးသားတစ်ဦးဟာ အောက်တိုဘာလ(၂)ရက်နေ့ မနက်အစောပိုင်းက ကြိုးဆွဲချ သေဆုံးမှု ဖြစ်ပွါးခဲ့ပါတယ်။

photo- Thein Zaw

သေဆုံးတဲ့ အမျိုးသားက ဆီချက်ဆိုင်ဖွင့်လှစ်ထားတာဖြစ်ပြီး ဆိုင်ဖွင့်ထားတဲ့ အမှတ်(၄)ရပ်ကွက် တိုက်အမှတ် (၉၇)မြေနီထပ်မှာပဲ ကြိုးဆွဲချသေဆုံးခဲ့တာပါ။

“ သူက ဆီချက်ဆိုင်ဖွင့်ထားတယ်။ ဆိုင်နဲ့ အိမ်နဲ့ကမတူဘူး။ မိသားစုနဲ့နေတာက တိုက်အမှတ် (၉၂)မှာနေတာ။ သူက ညပိုင်းဆို ဆိုင်မှာညစောင့်အိပ်တာ တစ်ယောက်တည်း။ သူအခုလိုလုပ်သွားတာလည်း မိသားစုတွေမသိလိုက်ရဘူး။ ခုမနက်မှသိတာ”လို့ အမှတ်(၄)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးတင့်ဆွေအောင်က Duwun ကို ပြောပါတယ်။

သေဆုံးသူအမျိုးသားမှာ အသက် (၅၂)နှစ်အရွယ်ဖြစ်ပြီး ဆိုင်မှာတစ်ယောက်တည်းရှိနေစဉ် အခုလို ကြိုးဆွဲချသေဆုံးခဲ့တာဖြစ်ပါတယ်။

ဇနီးဖြစ်သူက မနက်စာလာပို့တဲ့အချိန်မှာ ဆွဲကြိုးချသေဆုံးနေတာကိုတွေ့ရတဲ့အတွက် ရပ်ကွက်တာဝန်ရှိသူတွေကိုအကြောင်းကြားခဲ့တာဖြစ်တယ်လို့သိရပါတယ်။

သေဆုံးသွားတဲ့အမျိုးသားရဲ့ ဇနီးပြောပြချက်အရ မိသားစုအတွင်းမှာလည်း ဘာပြဿနာမှမရှိဘူးလို့သိရပါတယ်။

လက်ရှိမှာတော့ အမျိုးသားရဲ့ အလောင်းကို ဆေးရုံကြီးကိုပို့ဆောင်ထားပြီး မြို့နယ်ရဲစခန်းမှာပဲ သေမှုသေခင်းနဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။


Share

Loading Next Article...
က္က