မိသားစုလိုက် ကူးစက်ခံခဲ့ရတာဖြစ်ပါတယ်။

ပဲခူးက ကိုဗစ်လူနာ (၈)ရက်သားအရွယ် ကလေးဟာ မိခင်နဲ့အတူ ရောဂါပျောက်ကင်းသွားပြီဖြစ်လို့ အောက်တိုဘာလ (၁)ရက်နေ့ညနေပိုင်းကပဲ ဆေးရုံကဆင်းသွားပြီဖြစ်တယ်လို့ သိရပါတယ်။

photo- Su Ya

အဆိုပါ ကလေးငယ်အပါအဝင် မိသားစုလိုက်ရောဂါပိုးကူးစက်ခံခဲ့ရတာလည်းဖြစ်ပြီးမနေ့ကတော့ ကလေးငယ်ရဲ့ မိခင်နဲ့ဖခင်တို့ (၃)ဦးကဆေးရုံဆင်းခွင့်ရခဲ့တာဖြစ်ပါတယ်။

“ဟုတ်ပါတယ် သူတို့က ကလေးအပါအဝင် မိဘနှစ်ပါးပေါ့နော် ကျန်းမာရေးကောင်းမွန်လို့ မနေ့ကညနေကပဲဆေးရုံဆင်းခွင့်ပေးလိုက်ပြီ။ ဆေးပြန်စစ်တော့လည်း negative ပြတယ်။ ကျန်းမာရေးကလည်း ကောင်းတယ်ပေါ့နော်။သတ်မှတ်စည်းကမ်းတွေအတိုင်းတော့ အိမ်မှာပဲ ကွာရန်တင်းဆက်နေရမှာပေါ့”လို့ ပဲခူးမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးညွန့်ရွှေက Duwun ကိုပြောပါတယ်။

အဆိုပါ မိသားစုထဲကတစ်ဦးက ရန်ကုန် ကြည့်မြင်တိုင်ငါးစျေးက ပြန်လာပြီး ပိုးတွေ့ရှိခဲ့တာကြောင့် မိသားစုဝင်(၅)ဦးလုံးကို ရောဂါပိုးကူးစက်ခံခဲ့ရတာပါ။

စက်တင်ဘာလ ၂၃ ရက်နေ့က ကလေးငယ်မှာ ကိုဗစ်‌ရောဂါပိုး စတင်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ရောဂါပိုး စတွေ့ခဲ့စဉ်ကတည်းက ကလေးငယ်ရဲ့ ကျန်းမာရေးအခြေအနေက ကောင်းမွန်လျှက်ရှိပြီး လက်ရှိမှာတော့ ရောဂါပိုးကင်းစင်လို့ ဆေးရုံကပါ ဆင်းခွင့်ရရှိသွားပြီဖြစ်ပါတယ်။

အဆိုပါကလေးက ပဲခူးကပိုးတွေ့လူနာ စာရင်းထဲမှာတော့ အသက်အငယ်ဆုံးကလေးလည်းဖြစ်ပါတယ်။




Share

Loading Next Article...
က္က