အင်းစိန်မြို့နယ်က ကိုဗစ်ပိုးတွေ့ရှိတဲ့ သံဃာနဲ့ သီလရှင််တွေကို တပ်မတော်််က ဆေးကုသမှုပေးနေတာပါ။

အင်းစိန်မြို့နယ် ၊ မြို့သစ် (ဂ)ရပ်ကွက် ၊ ဓမ္မဝါဒီသီလရှင်စာသင်တိုက်က သီလရှင်အပါး ၈၀ကျော်ကို ကိုဗစ် ၁၉ ရောဂါပိုး စစ်ဆေးမှုပြုလုပ်ခဲ့ပြီး ၃၆ပါးမှာ ရောဂါပိုး တွေ့ရှိထားတယ်လို့ မြို့နယ်ကျန်းမာရေးဌာနက သိရပါတယ်။


လက်ရှိမှာတော့ တပ်မတော်က အင်းစိန်မြို့နယ်က ကိုဗစ်၁၉ရောဂါပိုးတွေ့ရှိထားတဲ့ကို သံဃာနဲ့ သီလရှင််ဆရာလေးတွေကို ဆေးကုသမှုပေးနေတယ်လို့ မြို့နယ်ကျန်းမာရေးဌာန တာဝန်ရှိသူက Duwun ကိုပြောပါတယ်။




" ဆေးကုသမှုကိုတော့ တပ်မတော်က ဆောင်ရွက်ပေးနေပါတယ် ။ ကျောင်းမှာ အပါးဘယ်လောက်ရှိတာလဲဆိုတော့ အဆောင်မှာ (၈၁)ပါးရှိတယ်။ positive ပထမထွက်သွားတဲ့ (၆)ပါးကို နှုတ်၊ ကျန်တဲ့ (၇၁)ပါးကိုစစ်တော့ အခု အပါး(၃၀)တွေ့ထားတယ်ဆိုတော့ ကျန်တဲ့အပါးတွေတော့ ကျောင်းမှာ ရှိနေမှာပါ " လို့ အင်းစိန်မြို့နယ် ၊ ကျန်းမာရေးဦးစီးမှူး ဒေါက်တာသန္တာဆွေက Duwun ကို ပြောပါတယ်။

အင်းစိန်မြို့နယ် ၊ မြို့သစ် (ဂ)ရပ်ကွက် ၊ ဓမ္မါဒီသီလရှင်စာသင်တိုက်က စက်တင်ဘာလ ၂၈ရက်မှာ သီလရှင် (၆)ပါး နဲ့ အောက်တိုဘာလ ၁ရက်မှာ အပါး(၃၀) ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့တာဖြစ်ပါတယ် ။


လက်ရှိမှာတော့ အင်းစိန်မြို့နယ် ကိုဗစ်ပိုးကူးစက်မှု အခြေအနေက ဘုန်တော်ကြီးကျောင်းတိုက်တွေနဲ့ သီလရှင်ကျောင်းတိုက်တွေအထိကူးစက်မှုရှိလာခဲ့တာဖြစ်ပါတယ်။ သံဃာအပါး (၅၀၀)ကျော်သတင်းသုံးနေထိုင်တဲ့ အင်းစိန်ရွာမ ပရိယတ္တိ စာသင်တိုက်မှာလည်း သံဃာအပါး (၃၅၄)ပါးအထိ ကူးစက်မှု ခံထားရတာဖြစ်ပါတယ်။


ကိုဗစ်ဒုတိယလှိုင်းအတွင်း အင်းစိန်မြို့နယ်မှာ ပိုးတွေ့လူနာက ၇၀၀ ကျော််််််််််ရှိနေပြီး ရန်ကုန်တိုင်းအတွင်း ကိုဗစ်ရောဂါပိုးတွေ့ရှိမှု အများဆုံး မြို့နယ်ဖြစ်ပါတယ်။


ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ အောက်တိုဘာလ ၁ ရက်နေ့ ည (၈)နာရီအထိ ထုတ်ပြန်ချက်အရ ပိုးတွေ့လူနာသစ် (၁၀၁၀)ဦး တိုးခဲ့ပြီး သေဆုံးလူနာသစ် (၁၁)ဦးတိုးခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ပိုးတွေ့လူနာ စုစုပေါင်း (၁၄၃၈၃)ဦးရှိကာ ကုသဆဲလူနာ (၉၉၀၆)ဦး ၊ ဆေးရုံဆင်းသူ (၄၁၅၆)ဦး နဲ့ သေဆုံးသူ (၃၂၁)ဦး ရှိနေပြီ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က