ကမ္ဘာဇဘဏ်မှ ငွေကျပ် သိန်း (၇,၀၀၀) နဲ့ ရွှေသံလွင်ကုမ္ပဏီက သိန်း (၃,၀၀၀) စုစုပေါင်း ကျပ်သိန်းတစ်သောင်း လှူဒါန်းငွေနဲ့ ဆောင်ရွက်နေတာပါ။

ကိုဗစ်-၁၉ လူနာတွေကို ထားရှိကုသနိုင်ဖို့ အင်းယားလိတ်ဟိုတယ်ဝင်းအတွင်းက YCC ခန်းမကို ကုတင်(၅၀၀) ဆံ ကိုဗစ်စင်တာ တစ်ခုအဖြစ် တည်ဆောက်နေတာဖြစ်ပြီး ဆယ်ရက်အတွင်း အပြီးတည်ဆောက်မှာဖြစ်တယ်လို့လည်း သိရပါတယ်။

ဓာတ်ပုံ- ကိုဇော်ရဲနောင် (အင်းယားလိတ်ကိုဗစ်စင်တာကို ပြင်ဆင်နေစဉ်)

အောက်တိုဘာ (၉) ရက်နေ့ကစတင်ကာ ကိုဗစ်လူနာတွေကို စတင်ထားရှိကုသပေးနိုင်ဖို့ ပြင်ဆင်နေတာဖြစ်ပြီး အောက်ဆီဂျင်ပေးဖို့ လိုအပ်တဲ့လူနာတွေအတွက်ပါ HDU ကုတင် (၁၆) လုံး ပြင်ဆင်ထားတယ်လို့လည်း အင်းယားလိတ်ကိုဗစ်စင်တာမှ တာဝန်ရှိသူ ကိုဇော်ရဲနောင်က Duwun ကိုပြောပါတယ်။



“ အခုလက်ရှိ အခန်းဖွဲ့စည်းမှုက ၉၀ ရာခိုင်နှုန်းလောက်ပြီးသွားပြီ။ကုတင်ထည့်တာတွေ၊ အဲကွန်းတပ်တာတွေကို ဆက်လုပ်နေတယ်။ ကျွန်တော်တို့ ဆယ်ရက်အတွင်း အပြီးတည်ဆောက်မယ်။ (၉) ရက်နေ့မှာ လူနာတွေထားနိုင်ဖို့ အဆင့်သင့်ပြင်ဆင်နေတယ်။ “ လို့ ကိုဇော်ရဲနောင်က ဆိုပါတယ်။ အဆိုပါ ကိုဗစ်စင်တာ တည်ဆောက်နိုင်ဖို့ အတွက် ကမ္ဘာဇဘဏ်ကုမ္ပဏီလီမိတက်မှ ငွေကျပ် သိန်း (၇,၀၀၀) နဲ့ ရွှေသံလွင်ကုမ္ပဏီက သိန်း (၃,၀၀၀) စုစုပေါင်း ကျပ်သိန်း တစ်သောင်း ကနဦး မတည်လှူဒါန်းငွေနဲ့ ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။

ဓာတ်ပုံ- ကိုဇော်ရဲနောင် (အင်းယားလိတ်ကိုဗစ်စင်တာကို ပြင်ဆင်နေစဉ်)

အင်းလျားလိတ်ကိုဗစ်စင်တာမှာ လူနာတစ်ဦးချင်းအတွက် အခန်းတစ်ခန်းစီ ပြင်ဆင်ထားတာဖြစ်ပြီး မိသားစုလိုက် ကူးစက်ခံရတာမျိုးရှိခဲ့ရင် တစုတစည်းတည်းနေနိုင်အောင်လည်း မိသားစု အခန်း (၄) ယာက်ခန်း ၊(၂)ယောက်ခန်း စသဖြင့် ပြင်ဆင်ထားတာဖြစ်တယ်လို့ အင်းယားလိတ်ကိုဗစ်စင်တာမှ ကိုဇော်ရဲနောင်က ရှင်းပြပါတယ်။ ဒါ့အပြင် ကုသစောင့်ရှောက်မှုပေးမယ့် ဆရာဝန်၊ သူနာပြု ကျန်းမာရေးဝန်ထမ်းတွေ နေထိုင်ဖို့ အတွက်လည်းပြင်ဆင်ပေးထားပြီး လူနာနဲ့ ဆရာဝန်တွေ အထိအတွေ့နည်းနိုင်အောင် လူနာတွေကို အပြင်ကနေ စောင့်ကြည့်နိုင်အောင် ပြင်ဆင်ပေးထားတယ်လို့ ဆိုပါတယ်။

“ လူနာတွေရှိတဲ့အထဲကို ဆရာဝန်တွေ များသောအားဖြင့် မဝင်နိုင်အောင် အွန်လိုင်းကနေပြီး ကြည့်ရအောင်၊ CCTV တွေကတစ်ဆင့် ကြည့်ရအောင်၊ Inter Call က တစ်ဆင့်လှမ်းပြောနိုင်အောင် နည်းပညာသုံးပြီး ကျွန်တော်တို့လုပ်သွားမယ်။ လူနာတွေ စားချင်တဲ့ဟာကို ယူစားလို့ရအောင် အဲဒီစင်တာ အဆောက်အဦအတွင်းမှာပဲ Food Court တွေထားပေးထားပါတယ်” လို့ ကိုဇော်ရဲနောင်က ဆက်ပြောပါတယ်။

ဒါ့အပြင် အင်းလျားလိတ်ကိုဗစ်စင်တာမှာ လာရောက်ကုသတဲ့ ကိုဗစ်လူနာတွေထဲမှာ ဆီးချို၊သွေးတိုး၊ နှလုံး စသဖြင့် ရောဂါအခံရှိသူတွေ ပါလာခဲ့ရင် ဆေးဝါးတွေ အခမဲ့ ပေးသွားမယ်လို့လည်း ဆိုပါတယ်။ 

လက်ရှိတော့ ကနဦးအနေနဲ့ ကုတင် (၅၀၀) ဆံ့ အင်းယားလိတ် ကိုဗစ်စင်တာတစ်ခုအဖြစ် ပြင်ဆင်နေတာဖြစ်ပြီး နောက်ပိုင်းမှာတော့ YCC ခန်းမရဲ့ အပြင်ဘက်မှာပါ ယာယီ Tent တွေထိုးပြီး နောက်ထပ် လူနာ (၅၀၀) ထားရှိနိုင်အောင် ပြင်ဆင်သွားမယ်လို့လည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က