ရုံးပိတ်ရက်တွေမှာ မဲပေးမယ့်သူ ပိုမိုများပြားမည်ဖြစ်ကြောင်း Myanmar Club(Singapore) ကပြောသည်။

ကြိုတင်မဲပေးမှု ဒုတိယနေ့အဖြစ် အောက်တိုဘာလ ၂ရက်မှာ စင်ကာပူရောက် မြန်မာနိုင်ငံသား မဲဆန္ဒရှင် ၁၄၀၀ ကျော်လာရောက် မဲပေးခဲ့ပြီး ပထမနေ့ကထက် နှစ်ဆနီးနီး မြင့်တက်ခဲ့တယ်လို့ Myanmar Club (Singapore) လူမှုရေးအသင်းက သိရပါတယ်။

ပထမနေ့မှာ မဲပေးသူအရေအတွက် ၈၀၀ ကျော်််််််််််််ရှိတဲ့အတွက် စင်္ကာပူနိုင်ငံမှာ ပထမနေ့နှစ်ရက်ပေါင်း ကြိုတင်မဲပေးသူအရေအတွက် ၂၂၀၀ကျော်ရှိနေပြီဖြစ်ပြီး လာမယ့် စနေ ၊ တနင်္ဂနွေရုံးပိတ်ရက်မှာ မဲပေးဖို့ စာရင်းကြိုတင်ပေးထားသူအရေအတွက်က ဒီထက်ပိုများပြားမှာဖြစ်တယ်လို့လည်း သိရပါတယ်။



ဓာတ်ပုံ-Myanmar Club (Singapore) ဒုတိယမြောက် ကြိုတင်မဲပေးတဲ့နေ့ စင်္ကာပူသံရုံးတွင် မြန်မာနိုင်ငံသားများ မဲပေးရန်စောင့်ဆိုင်းနေစဉ်

"ဒီနေ့က ၁၄၀၀ကျော်ပေါ့ ။ ဆယ်ဂဏန်းလောက်တော့ ကြိုတင်စာရင်းပေး(Q)ယူထားပြီး လာမပေးသူရှိတယ် ။ မနေ့ကထက် လာပေးသူ နှစ်ဆနီးပါးများခဲ့ပေမယ့် အကုန်အဆင်ပြေတယ်။ မိုးမရွာတဲ့အတွက် လုပ်ငန်းပိုအဆင်ပြေချောမွေ့တယ်။မဲဆန္ဒရှင်တွေက သူတို့တန်းစီ(Q)ယူထားတဲ့အတိုင်း အချိန်အတိုင်းလာကြတယ်။အဲဒီတော့ သူ့သတ်မှတ်ချက်အတိုင်း အချိန်တွင်း လုပ်ငန်းပြတ်တယ်။ ၅နာရီခွဲ မဲရုံပိတ်နိုင်ခဲ့တယ် ။ မနေ့ကတော့ ၅နာရီ ၄၅လောက်အထိဖွင့်ပြီး တစ်ယောက်စောင့်ခဲ့ရတာပေါ့ " လို့ Myanmar Club(Singapore) ဥက္ကဌ ဦးဘိုဘိုဝင်းက Duwun ကို ပြောပါတယ် ။

ဒီနေ့ ကြိုတင်မဲပေးဖို့အတွက် စာရင်းပေး(Q)ယူထားပြီး မလာရောက်ခဲ့တဲ့ မြန်မာနိုင်ငံသား ၃၀ ၀န်းကျင်ခန့်ရှိခဲ့ပြီး သူတို့တွေက စင်္ကာပူနိုင်ငံရဲ့ ကျန်းမာရေးစည်းကမ်းသတ်မှတ်ချက်ကြောင့် အပြင်ထွက်ခွင့်ကန့်သတ်ခံရသူတွေဖြစ်နိုင်တယ်လို့လည်း ဦးဘိုဘိုဝင်းက သုံးသပ်ပါတယ်။

ဓာတ်ပုံ-Myanmar Club (Singapore) ဒုတိယမြောက် ကြိုတင်မဲပေးတဲ့နေ့ စင်္ကာပူသံရုံးတွင် မြန်မာနိုင်ငံသားများ မဲပေးရန်စောင့်ဆိုင်းနေစဉ်

" Q (ကြိုတင်စာရင်းပေးထားပြီး) swab test လုပ်ရတယ် ။ အဲဒီမှာ SHL အနေနဲ့ ထပ်ပြီးအိမ်မှာ သုံးရက်နေရမှာရှိပြီး Qယူပျက်သွားတာတွေရှိမယ် ။ ဒီမှာ swab test လုပ်ရတဲ့သူတွေ ရှိကြတော့ အဲဒီမှာ delay ဖြစ်သွားတာတွေကြောင့်ထင်တယ် ။ ရာသီဥတုကြောင့်တော့ မဟုတ်ဘူး။ သူတို့အပြင်ထွက်မရတာ ဖြစ်နိုင်တယ် ။ အခုချိန်ထိတော့ သတင်းတွေတက်မလာဘူး" လို့ Myanmar Club(Singapore) ဥက္ကဌ ဦးဘိုဘိုဝင်းက Duwun ကို ပြောပါတယ် ။

စင်ကာပူရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ ကြိုတင်ဆန္ဒမဲပေးခြင်းကို အောက်တိုဘာလ ၁ရက်နေ့ကနေ ၁၈ ရက်နေ့အထိ ဆောင်ရွက်ကြမှာဖြစ်ပြီး မဲပေးဖို့လျှောက်ထားသူ သုံးသောင်းလေးထောင်ခန့်ထဲကနေ သုံးသောင်းနှစ်ထောင်ကို ပြည်ပရောက်မဲဆန္ဒရှင်အဖြစ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အကြောင်းပြန်ခဲ့တာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က