ဒိန်းမတ်ဟာ သားမွေးလုပ်ငန်းအတွက် အမွေးရှည်မြွေပါ အများဆုံးမွေးမြူထုတ်လုပ်နေတဲ့ နိုင်ငံဖြစ်ပါတယ်။

ဒိန်းမတ်နိုင်ငံမှာ အမွေးရှည်မြွေပါ အကောင်‌ရေ ၁ သန်းကို COVID-19 ကူးစက်ပျံ့နှံ့အန္တရာယ်ကြောင့် သုတ်သင်သွားမယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

(Photo: Getty Images)

ဒိန်းမတ်ဟာ သားမွေးလုပ်ငန်းအတွက် အမွေးရှည်မြွေပါ အများဆုံးမွေးမြူထုတ်လုပ်နေတဲ့ နိုင်ငံဖြစ်ပြီး ယခင်ကလည်း အလားတူ သုတ်သင်မှုတွေ ပြုလုပ်ခဲ့ပေမဲ့ ကူးစက်မှုတွေ ဆက်လက်ရှိနေခဲ့တယ်လို့ ဆိုပါတယ်။ အမွေးရှည်မြွေပါ မွေးမြူးရေးခြံ ၄၁ ခုမှာ ကူးစက်မှုအသစ်များ တွေ့ခဲ့ရပြီး နောက်ထပ် ခြံ ၂၀ မှာလည်း ကူးစက်မှုတွေရှိကြောင်း ယုံကြည်ထားပြီး စုစုပေါင်း အကောင်ရေ ၁ သန်းဖြစ်တယ်လို့ ပတ်ဝန်းကျင်နဲ့ အစားအစာဝန်ကြီးဌာနက အောက်တိုဘာ ၁ ရက် ညပိုင်း ထုတ်ပြန်ချက်တစ်ခုမှာ ပြောထားပါတယ်။



ကျွန်တော် အဓိက အာရုံစိုက်တာက အမွေးရှည်မြွေပါခြံတွေက လူတွေအတွက် ကူးစက်မှုအန္တရာယ် ဖြစ်မလာဖို့ပါ၊ ဒါကြောင့် အစိုးရက အမွေးရှည်မြွေပါတွေကို သုတ်သင်ဖို့ ဆုံးဖြတ်လိုက်တာပါ

(Photo: Robin Utrecht/Rex/Shutterstock)

ကြိုတင်ကာကွယ်မှုအဖြစ် COVID-19 ကူးစက်ခံထားရတဲ့ အမွေးရှည်မြွေပါများရှိရာ မွေးမြူရေးခြံရဲ့ ၅ မိုင်ပတ်လည်အတွင်းရှိ မွေးမြူး‌ရေးခြံများမှာလည်း သုတ်သင်မှုတွေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ "ကျွန်တော် အဓိက အာရုံစိုက်တာက အမွေးရှည်မြွေပါခြံတွေက လူတွေအတွက် ကူးစက်မှုအန္တရာယ် ဖြစ်မလာဖို့ပါ၊ ဒါကြောင့် အစိုးရက အမွေးရှည်မြွေပါတွေကို သုတ်သင်ဖို့ ဆုံးဖြတ်လိုက်တာပါ" လို့ ပတ်ဝန်းကျင်နဲ့ အစားအစာဝန်ကြီးဌာန ဝန်ကြီး Mogens Jensen က သတင်းစာရှင်းလင်ပွဲမှာ ပြောပါတယ်။

မေလအတွင်းကလည်း စပိန်နိုင်ငံမှာ အမွေးရှည်မြွေပါ မွေးမြူရေးခြံတစ်ခြံရှိ အကောင်ရေအများစုမှာ COVID-19 ကူးစက်ခံထားရမှု တွေ့ရပြီးနောက် လူတွေကို ကူးစက်မှု ကာကွယ်တားဆီးရန် အမွေးရှည်မြွေပါ အကောင်ရေ ၁ သိန်းနီးပါး (၉၃,၀၀၀) ကို သုတ်သင်ရန် အစိုးရက ညွှန်ကြားခဲ့ပါတယ်။

(Photo: Diego Azubel/EPA)

ထို့အတူ နယ်သာလန်နိုင်ငံမှာလည်း လူနှစ်ဦးကို အမွေးရှည်မြွေပါများထံမှ COVID-19 ကူးစက်ခဲ့ကြောင်း သတင်းထွက်ပေါ်ခဲ့ပြီးနောက် အမွေးရှည်မြွေပါ ခန့်မှန်းခြေအားဖြင့် အကောင်ရေ ၁ သန်းကို သုတ်သင်ခဲ့ကြောင်း သိရပါတယ်။ တိရိစ္ဆာန်မှလူသို့ COVID-19 ကူးစက်မှုဟာ အလွန်ရှားပါးတဲ့ဖြစ်ရပ်လို့ ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က