NLD ပါတီဗဟိုရွေးကောက်ပွဲကော်မတီက အောက်တိုဘာ (၃) ရက် ညနေပိုင်းက မေတ္တာရပ်ခံစာတစ်စောင် ထုတ်ပြန်ခဲ့တာပါ။

၂၀၂၀အထွေထွေရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် အမြို့မြို့အနယ်နယ်က NLD ပါတီဝန်းရံထောက်ခံသူတွေအနေနဲ့ ကိုဗစ်-၁၉ရောဂါကူးစက်မှုအခြေအနေကြောင့် လမ်းပေါ်ထွက် အင်အားပြသတာမျိုးကို မလုပ်ကြရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီက မေတ္တာရပ်ခံပန်ကြားခဲ့ပါတယ်။ 

NLD ပါတီထောက်ခံဝန်းရံသူတွေအနေနဲ့ စက်တင်ဘာလအတွင်းကစတင်ပြီး ၂၀၂၀ရွေးကောက်ပွဲအတွက် NLD ပါတီကို ထောက်ခံကြောင်းပြသရန်အတွက် သက်ဆိုင်ရာ ပြည်နယ်/တိုင်းအသီးသီးမှာ ယာဉ်တန်းတွေနဲ့လှည့်လည်အင်အားပြသမှုတွေကို လုပ်ခဲ့ကြပါတယ်။ ၂၀၂၀ရွေးကောက်ပွဲအတွက် ပါတီအသီးသီးကို ထောက်ခံသူတွေဟာ အင်အားပြသရာမှာ ကား၊ ဆိုင်ကယ်အစရှိတဲ့ယာဉ်တွေအပြင် ရေယာဉ်တွေနဲ့ပါလှည့်လည်မှုတွေရှိခဲ့ပြီး လူစုလူဝေးဖြစ်ပွားစေတဲ့အတွက် ပြစ်တင်ဝေဖန်မှုတွေလည်းရှိနေပါတယ်။ 



NLD ပါတီဗဟိုရွေးကောက်ပွဲကော်မတီကတော့ အောက်တိုဘာ(၃)ရက်နေ့ ဒီကနေ့ညနေပိုင်းက မေတ္တာရပ်ခံစာတစ်စောင်ထုတ်ပြန်ခဲ့ပြီး အဖွဲ့ချုပ်ကိုယ်စားလှယ်လောင်းများရဲ့စည်းရုံးမှုကို ကိုဗစ်-၁၉ကပ်ရောဂါကူးစက်မှုကြောင့်ခေတ္တရပ်နားထားကြောင်း၊ ပါတီကိုတစ်ခဲနက်ဝန်းရံထောက်ခံသူများကို အထူးကျေးဇူးတင်ရှိကြောင်း၊ ထောက်ခံဝန်းရံကြောင်းကိုပြသတဲ့အနေနဲ့ အင်အားပြသရာမှာ လူစုလူဝေးဖြစ်ပေါ်စေပြီး အထင်လွဲမှားမှုတွေဖြစ်စေနိုင်ကြောင်း၊ ဒါကြောင့် လှည့်လည်စီတန်းမှုများကို ခေတ္တဆိုင်းငံ့ပေးရန် မေတ္တာရပ်ခံကြောင်း ရေးသားဖော်ပြခဲ့ပါတယ်။ 

Share

Loading Next Article...
က္က