Music zone ပိုင်ရှင်နဲ့ မန်နေဂျာဟာ သင်္ဃန်းကျွန်းမြို့မရဲစခန်းကို လာရောက်အဖမ်းခံခဲ့တယ်လို့ သိရပါတယ်။

 Music Zone စားသောက်ဆိုင် ရဲ့ ပိုင်ရှင်ဖြစ်သူနဲ့ မန်နေဂျာကို ဖမ်းဆီးလိုက်ပြီဖြစ်တယ်လို့ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေလှဝင်းက အတည်ပြုပြောပါတယ်။ 



အောက်တိုဘာလ ၃ ရက်နေ့ ညအချိန် ၉ နာရီလောက်မှာ Music zone ပိုင်ရှင်နဲ့ မန်နေဂျာဟာ သင်္ဃန်းကျွန်းမြို့မရဲစခန်းကို လာရောက်အဖမ်းခံခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

"မနေ့က ၉ နာရီဝန်းကျင်မှာပေါ့ စခန်းမှာပဲထိန်းသိမ်းထားတယ်။သင်္ဃန်းကျွန်းမြို့မ ရဲစခန်း မှာပဲ ထိန်းသိမ်းထားတယ်။ရဲစခန်းရဲ့လုပ်ထုံးလုပ်နည်းနဲ့ဆက်လုပ်လိမ့်မယ်၊ တရားရုံးတင်ဖို့ ကိစ္စတွေပေါ့။"လို့ ဦးရွှေလှဝင်းက ပြောပါတယ် ။

လက်ရှိမှာတော့ ပိုင်ရှင်နဲ့ မန်နေဂျာကို သင်္ဃန်းကျွန်းမြို့မ ရဲစခန်းမှာပဲ ထိန်းသိမ်းထားကြောင်း၊ ရုံးထုတ်စစ်ဆေးမယ့် ရက်ကိုတော့အတိကျမသိရသေးကြောင်းနဲ့ ရုံးထုတ်တဲ့အခါ သတင်းမီဒီယာ သမားတွေအနေနဲ့ လူစုလူဝေးဖြစ်စေမှုကို သတိပြုစေလိုတယ်လို့ ဆိုပါတယ်။

" "သတင်းမီဒီယာ စတုတ္ထမဏ္ဍိုင်အနေနဲ့အလေးလည်းထားတယ် ဒါကြောင့် ခုကိုဗစ်ကာလမှာ လူစုလူဝေးမဖြစ်အောင်သတိလေးထားပေးစေချင်တယ်။ သတင်းထောက်ကျ လူ ၄၀ လောက်စုတာကျ ဘာမှမဖြစ်ဘူးလားလို့ မေးစရာတွေဖြစ်လာတာကြောင့် သတိလေးထားစေချင်ပါတယ်"လို့ ဦးရွှေလှဝင်းက ပြောပါတယ် ။

Music Zone ပိုင်ရှင်ဖြစ်သူနဲ့ မန်နေဂျာကိုတော့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၃၀ ရက်နေ့မှာသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅နဲ့ သင်္ဃန်းကျွန်းမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက တရားလိုပြုလုပ်ပြီးသင်္ဃန်းမြို့နယ်ရဲစခန်းကအမှုဖွင့်ထားတာဖြစ်ပါတယ်။

Music Zone ဆိုင်ဟာ ကိုဗစ်ကာလ မှာတားမြစ်ထားတဲ့ စည်းကမ်းချက်များကို ချိုးဖောက်ခဲ့ပြီး ကိုဗစ်ရောဂါကူးစက်ပျံ့ပွားမှုဖြစ်ပွားခဲ့တာကြောင့် တရားစွဲဖို့  သင်္ဃန်းမြို့နယ် ကိုဗစ် ကော်မတီအစည်းအဝေးက  ဆုံးဖြတ်ချခဲ့တာဖြစ်ပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့ထားသော သတင်းဖြစ်ပါသည်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က