ကျောင်းတိုက်မှာ ဆရာတော်ကြီးနဲ့ သံဃာ (၅)ပါးသာကျန်ရှိပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်းမြို့နယ်အတွင်းရှိ မဟာသိမ်တော်ကြီး ကျောင်းတိုက်က သံဃာအပါး (၇၆)ပါးနဲ့ ကပ္ပိယ (၁၄)ဦးတို့မှာ ကိုဗစ်ပိုးတွေ့ရှိခဲ့တာကြောင့် ဒီကနေ့ မနက်ပိုင်းကပဲ ကျန်းမာရေးတာဝန်ရှိတွေက လာရောက်ခေါ်ဆောင်သွားပြီလို့ သိရပါတယ်။

တစ်ကျောင်းလုံးနီးပါး ကူးစက်ခံခဲ့ရတာဖြစ်ပြီး ကျောင်းမှာ ကျောင်းထိုင်ဆရာတော်ကြီးအပါအဝင် သံဃာအပါး (၆)ပါးသာ ကျန်ရှိခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ ကျောင်းကို lock down ချထားပြီး ကျန်ခဲ့တဲ့ သံဃာတော်တွေကိုတော့ ကျောင်းအတွင်းမှာ ဆက်လက် ီတင်းသုံးဆောင်ခွင့်ပြုထားတယ်လို့ ပန်းပဲတန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်စိုးပပလှိုင်က Duwun ကို ပြောပါတယ်။



“ မနက်ပဲ ပိုးတွေ့သံဃာတော်တွေနဲ့ ကပ္ပိယတွေကို လာခေါ်သွားပါပြီ။ ကူးစက်မှုကိုကြည့်မယ်ဆိုရင် ခန့်မှန်းရသလောက် သံဃာတွေကတော့ ကျောင်းပေါ်မှာပဲ သတင်းသုံးဆောင်တယ်ဆိုပေမယ့် ကပ္ပိယတွေက ဆွမ်းချက်ပြုတ်ရေးအတွက် ဈေးဝယ်တာ ဘာညာရှိတယ်။ ဈေးဝယ်အပြင်ထွက်သွားလာတာတွေကနေပဲ ကူးစက်နိုင်တယ်လို့ ယူဆတယ်ပေါ့နော်။ ကူးစက်ခံရတဲ့ထဲမှာ ဆရာတော်ကြီးတော့မပါဘူး။ ဆရာတော်ကြီးအပါအဝင် သံဃာ(၆)ပါး ကျောင်းမှကျန်ပါတယ်”လို့ ဒေါ်စိုးပပလှိုင်က ပြောပါတယ်။

ပိုးတွေ့ သံဃာတွေနဲ့ ကပ္ပိယတွေကိုတော့ ဗဟန်းက အဘိဓမ္မာစာမေးပွဲဖြေဆိုတဲ့ ဗိမာန်ကြီးမှာ ထားရှိကုသပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဆရာတော်၊ သံဃာတော်တွေ အစုလိုက်ကူးစက်ခံရမှုက ယခု ပန်းပဲတန်း မဟာသိမ်တော်ကြီးကျောင်းတိုက်က ဒုတိယကူးစက်ခံရတာဖြစ်ပါတယ်။

ပထမဆုံး ကူးစက်ခံခဲ့ရတာက သံဃာအပါး (၅၀၀)ကျော် သတင်းသုံးနေထိုင်တဲ့ အင်းစိန်ရွာမ ပရိယတ္တိ စာသင်တိုက်မှဖြစ်ပြီး သံဃာအပါး (၃၅၄)ပါးအထိ ကူးစက်မှု ခံထားရတာလည်းဖြစ်ပါတယ်။ စာသင်တိုက်က သံဃာတော်တွေအနေနဲ့ ရောဂါပိုးကူးစက်ခံမှုက နေ့စဉ်ဈေးသွားပြီး ချက်ပြုတ်နေရတဲ့ဆွမ်းချက်ဆောင်တွေကတဆင့် ကူးစက်ခံရနိုင်ကြောင်း တာဝန်ရှိသူတွေအနေနဲ့ သုံးသပ်ပြောဆိုထားပါတယ်။

Share

Loading Next Article...
က္က