မနက်ဖြန်မှာစတင်လုပ်ဆောင်မယ်လို့လည်း ဆိုပါတယ်။

ရွေးကောက်ပွဲကျင်းပတဲ့နေ့မှာ ကျန်းမာရေးအရ လုံလုံခြုံခြုံနဲ့ ပြည်သူများ မဲပေးနိုင်ရန် အတွက် ကြိုတင်အစမ်းလေ့ကျင့်မှု (၃) ကြိမ်ပြုလုပ်သွားမယ်လို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

လက်ရှိအချိန်မှာ မြန်မာနိုင်ငံအနေနဲ့ အားလုံးစုပေါင်းအင်အားနဲ့ ကိုဗစ်ကို ကျော်လွှားရမှာဖြစ်သလို ရွေးကောက်ပွဲကိုလည်း အောင်အောင်မြင်မြင်ဖြစ်နိုင်အောင် ကျင်းပနိုင်ရမှာဖြစ်တာကြောင့် ရွေးကောက်ပွဲနေ့အတွက် ကြိုတင်အစမ်းလေ့ကျင့်မှုအပေါ် မူတည်ကာ ဘယ်လိုစည်းမျဉ်းတွေ ချမှတ်မလဲဆိုတာ ရွေးကောက်ပွဲကော်မရှင်က ဦးဆောင်အကောင်အထည်ဖော်မှာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တာပါ။ ဒီကနေ့ အောက်တိုဘာ (၅) ရက်မှာ ထုတ်လွှင့်တဲ့ ကိုဗစ်-၁၉ နောက်ဆုံးအခြေအနေနဲ့စပ်လျဉ်းပြီး ပြည်သူသို့အစီရင်ခံစာတင်ပြတဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့တာပါ။



“ မနက်ဖြန်မှာ ပထမဆုံးအကြိမ်အဖြစ် တကယ့်ကို ရွေးကောက်ပွဲကျင်းပတဲ့နေ့မှာ ဘယ်လိုပုံစံနဲ့ မဲရုံတွေမှာကျင်းပမလဲ၊ ပြည်သူတွေက ကျန်းမာရေးအရ လုံလုံခြုံခြုံမဲပေးနိုင်အောင် စီစဉ်မလဲဆိုတာ လေ့ကျင့်ပြီးတော့ သေသေချာချာစစ်ဆေးပါမယ်။ ဘာလုပ်ဖို့လိုလဲ၊ ဘယ်လိုအကောင်းဆုံးဖြစ်အောင် ကျွန်မတို့လုပ်ရမလဲ၊ ပြည်သူတွေအတွက် စိတ်လုံခြုံမှုလည်းရအောင်၊ တကယ်လည်းလုံခြုံအောင်လို့ ဘယ်လိုစီစဉ်ရမလဲဆိုတာတွေကို ကျွန်မတို့သတ်မှတ်ပါမယ်”လု့ိ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲမှာ မဲပေးတဲ့အခါမှာ ပြည်သူတွေရဲ့ လုံခြုံရေးအတွက် လက်ရှိအချိန်ကတည်းစပြီး စီစဉ်ပေးနေပြီး ရွေးကောက်ပွဲ အထူးရဲတွေကို ရောဂါပိုးရှိ၊ မရှိ အမြန်သိနိုင်တဲ့ Antigen Test Kit တွေနဲ့ စစ်ဆေးပေးနေတယ်လို့လည်းသိရပါတယ်။ ကွာရန်တင်းဝင်နေရတဲ့ ပြည်သူတွေ၊ ဆေးရုံတက်နေရတဲ့ပြည်သူတွေကို ကြိုတင်မဲပေးနိုင်ဖို့ အရေးကိုလည်း စီစဉ်နေပြီး ထိရောက်လုံခြုံတဲ့နည်းလမ်းနဲ့ နိုင်ငံသားအခွင့်အရေးအပြည့်အဝရရှိနိုင်အောင် ဆောင်ရွက်မယ်လို့လည်း အတိုင်ပင်ခံက ဒီကနေ့ မိန့်ခွန်းမှာထည့်သွင်းပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က