အောက်တိုဘာလ (၅)ရက်နေ့ညကစပြီးခွင့်ပြုခဲ့တာပါ။

COVID-19 ကာလအတွင်း သယ်ယူပို့ဆောင်ရေးကိစ္စရပ်တွေနဲ့ မြို့ဝင်၊မြို့ထွက်ကိစ္စတွေမှာ အဆင်ပြေစေဖို့အတွက် ကုန်တင်ယာဉ်တွေကို ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်ကနေ ဖြတ်သန်းသွားလာခွင့်ပြုထားတယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့ပါတယ်။ 

ကုန်တင်ယာဉ်တွေအနေနဲ့ အမြန်လမ်းမှာ သတ်မှတ်ထားတဲ့ ဖြတ်သန်းခပေးဆောင်စေပြီးအောက်တိုဘာ(၅)ရက်နေ့ ညပိုင်းကကစလို့ အောက်တိုဘာလကုန်အထိ ဖြတ်သန်းခွင့်ပြုလိုက်တာဖြစ်ပါတယ်။

ကုန်တင်ယာဉ်တွေအားလုံး အမြန်လမ်းပေါ်မှာ သတ်မှတ်စည်းကမ်းချက်တွေအတိုင်း မောင်းနှင်ရမှာဖြစ်ပြီး တစ်နာရီကို (၆၀)ကီလိုမီတာနှုန်းနဲ့လက်ယာဘက်ယာဉ်ကြောကပဲမောင်းနှင်ရမှာ ဖြစ်ပါတယ်။ 

သတ်မှတ်အမြန်နှုန်းထက်ကျော်မမောင်းဖို့၊ Rest Campတွေမှာပဲရပ်နားပြီး လမ်းဘေးက ကျူးကျော်ဆိုင်တွေမှာမစားသောက်ဖို့နဲ့ သတ်မှတ်တန်ချိန်ထက်ပိုပြီး မတင်ဆောင်ဖို့ စတဲ့ စည်းကမ်းချက်တွေကိုလည်း လိုက်နာရမှာဖြစ်ပြီး 

စည်းကမ်းချက်တွေကို ချိုးဖောက်ရင်တော့ နောက်တစ်ကြိမ်ဖြတ်သန်းခွင့်ပြုမှာမဟုတ်ဘူးလို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

အမြန်လမ်းမကြီး ရဲတပ်ဖွဲ့အနေနဲ့ကလည်း ကုန်တင်ယာဉ်တွေကို အမြန်လမ်းမပေါ်ဖြတ်သန်းခွင့်ပြုတဲ့အချိန်ကစလို့ တိုးဂိတ်မှာကုန်တင်ယာဉ်တွေကို စစ်ဆေးမှုတွေပြုလုပ်ပြီး အမြန်လမ်းတစ်လျှောက် ယာဉ်အန္တရာယ်မရှိစေရေး အတွက်ကိုလည်း လှည့်ကင်းပတ်ကင်းများနဲ့ ဆောင်ရွက်လျှက်ရှိတယ်လို့ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့ခွဲမှူးရုံးရဲ့ ဖေ့ဘွတ်စာမျက်နှာမှာ ရေးသားဖော်ပြထားပါတယ်။


Share

Loading Next Article...
က္က