Volunteer လုပ်ရင်း လှူဖို့ အကြံရခဲ့တာလို့ ဆိုပါတယ်။

တိုင်ရွန်က Covid ကာလမှာ အောက်ဆီဂျင်လိုအပ်သူများကို အချိန်မရွေးကူညီခွင့်ရဖို့ အောက်ဆီဂျင်ဗူးတွေ လှူဒါန်းခဲ့တယ်လို့ ပြောပါတယ်။ 

Photo: Tyron



သရုပ်ဆောင် တိုင်ရွန်ကတော့ Covid ကာလမှာ Volunteer တစ်ယောက်အနေနဲ့ ပိုးသတ်ဆေးဖြန်းခြင်း၊ အောက်ဆီဂျင်လိုအပ်နေတဲ့ လူနာတွေကို ဆေးရုံသို့ လိုက်လံပို့ဆောင်ပေးခြင်းများ ပြုလုပ်လျှက်ရှိပါတယ်။ ဒါ့ပြင် သူ့အနေနဲ့ အောက်ဆီဂျင်လိုအပ်နေသူတွေကို ချက်ချင်းအကူအညီပေးနိုင်ဖို့ အတွက် လက်တွဲအလုပ်လုပ်နေတဲ့ ပရဟိတအဖွဲ့ကို အောက်ဆီဂျင်ဗူးတွေ လှူဒါန်းခဲ့တယ်လို့ ဆိုပါတယ်။ 

" ဟိုနေ့က အောက်စီဂျင်လိုအပ်သူတွေလိုက်ကူပေးရင်းကိုယ့်အဖွဲ့ထဲရှိရင်အချိန်မရွေးကူညီလို့ပိုကောင်းမယ်လို့ စိတ်ကူးပေါက်တာနဲ့ ကိုရဲဟိန်း အား အောက်စီဂျင်ဘူးဆယ်ဗူးနှင့်အသက်ရှုကိရိယာများ လှူဒါန်းခဲ့ပါတယ်။ ရန်ကုန်တွင်းအရေးပေါ်အောက်စီဂျင်လိုအပ်သူများ ၂၄နာရီအချိန်မရွေး ကျွန်တော်တို့ဆီ ဆက်သွယ်လို့ရပါတယ်။ လာပို့ပေးပါမယ် နိုင်သလောက်ကူညီပေးပါ့မယ်" ဆိုပြီးတော့ အောက်တိုဘာလ (၅) ရက်နေ့ ညနေ ၆ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ 

Photo: Tyron

တိုင်ရွန်ဟာ ၂၀၁၅ ခုနှစ်တုန်းက ရေဘေးဖြစ်တဲ့အချိန်မှာ လိုအပ်တဲ့နေရာတွေမှာ သွားရောက်လှူဒါန်းဖို့အတွက် အလှူခံကြခဲ့ အချိန်မှာ Future Youth ပရဟိတ အဖွဲ့နဲ့ ပူးပေါင်း ပြီး ပရဟိတအလုပ်တွေ လုပ်ခဲ့ဖူးသူတစ်ယောက်ပါ။ အဲဒီနောက် မီးဘေး အန္တရာယ် ကျရောက်ချိန်မှာလည်း မီးသတ်သမား တစ်ယောက်အနေနဲ့ ပါဝင်လာခဲ့သေးတယ်လို့လည်း သိရပါတယ်။ 

Photo: Tyron

တိုင်ရွန်ဟာ ပရိသတ်တွေအတွက် စံပြတစ်ယောက်ဖြစ်အောင် အကောင်းဆုံး ကြိုးစားပြီး နေထိုင်တယ်လို့ ဆိုပါတယ်။ သူ့အနေနဲ့အနုပညာရှင်တစ်ယောက်ဖြစ်တဲ့အတွက် ရှေ့ဆက်ပြီးတော့လည်း အနုပညာအလုပ်တွေနဲ့ အတူ ပရဟိတအလုပ်တွေကိုလည်း စွမ်းစွမ်းတမံ ဆောင်ရွက်သွားမယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။သူဟာ အနုပညာလောကထဲကို Model တစ်ယောက်အနေနဲ့ စတင်ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ အခုချိန်မှာတော့ အောင်မြင်တဲ့လူငယ် အနုပညာရှင်တစ်ယောက်ဖြစ်လို့ နေပါပြီ။ သရုပ်ဆောင်အလုပ်နဲ့ ပတ်သက်လို့တော့ အောက်ခြေသိမ်းကစပြီး ကြိုးစားလာတဲ့ လူငယ်အနုပညာရှင် တစ်ယောက်ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က