အသစ်ဖွင့်လှစ်မယ့် ဆေးရုံ (၂)ခုဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း အသစ်ဖွင့်လှစ်မယ့် ပုဂ္ဂလိကဆေးရုံနှစ်ခုကို ကိုဗစ်ကုသရေးစင်တာအဖြစ်ထားရှိဖို့အတွက် ပုဂ္ဂလိကဆေးရုံများအသင်းက ကျန်းမာရေးဝန်ကြီးဌာနကို တင်ပြထားတယ်လို့ သိရပါတယ်။

လက်ရှိလူနာတွေကို ကုသပေးနေတဲ့ ဆေးရုံတွေမဟုတ်ဘဲ အသစ်ဖွင့်ဖို့အတွက် ပြင်ဆင်ထားတဲ့ ရွှေပြည်သာမြို့နယ်က ဆေးရုံနဲ့ မြောက်ဥက္ကလာပမြို့နယ်က ဆေးရုံတို့ဖြစ်ပါတယ်။

“ ဆေးရုံအသစ်တွေပါ။ ဘာလို့လဲဆို တခြားလူနာတွေကိုကုသပေးနေတဲ့ ဆေးရုံတွေမှာလည်း ကိုဗစ်လူနာတွေကို ထားလို့အဆင်မပြေဘူးလေ။ အဲဒါကြောင့် ဆေးရုံ အသစ်နှစ်ခုကို လုပ်ဖို့အတွက် ဝန်ကြီးဌာနကို တင်ပြထားတယ်။ သီးသန့်အခန်းတွေဖွဲ့မယ်။ ကုသမှုပေးမယ့်လူနာတွေက ရောဂါလက္ခဏာမပြတဲ့လူနာတွေနဲ့ မပြင်းထန်တဲ့လူနာတွေကို ထားရှိကုသသွားမှာပါ”လို့ ပုဂ္ဂလိကဆေးရုံလုပ်ငန်းရှင်များ အသင်း ဥက္ကဌ ဦးထင်ပေါ်က Duwun ကိုပြောပါတယ်။

ယခုပုဂ္ဂလိက ဆေးရုံနှစ်ခုမှာတော့ ကျန်းမာရေးဝန်ကြီးဌာနက လွှဲပြောင်းတဲ့လူနာတွေနဲ့ မိမိဆန္ဒအလျှောက် တက်လိုတဲ့ လူနာတွေကို ထားရှိကုသပေးသွားမှာဖြစ်ပါတယ်။

ရွှေပြည်သာမြို့နယ်က ဆေးရုံက ကုတင်(၅၀)ဆံ့ဆေးရုံဖြစ်ပြီး ဝန်ကြီးဌာနက ခွင့်ပြုရင်တော့ တစ်ပတ်အတွင်းဖွင့်လှစ်နိုင်မယ်လို့ သိရပါတယ်။

မြောက်ဥက္ကလာပ ဆေးရုံက ကုတင်(၁၀၀)ဆံ့ဆေးရုံဖြစ်ပြီး ဆောက်လုပ်ဆဲဖြစ်လို့ ပြင်ဆင်မှုအပိုင်းတွေကို အချိန်ယူလုပ်ဆောင်ရဦးမှာဖြစ်တယ်လို့ ဦးထင်ပေါ်က ပြောပါတယ်။

ပုဂ္ဂိလဆေးရုံမှာ တက်ရောက်ကုသမယ့်လူနာအရေအတွက်နဲ့ ကျန်းမာရေးအခြေအနေတွေကိုတော့ နေ့စဉ် ဝန်ကြီးဌာနကို သတင်းပို့ရမှာဖြစ်တယ်လို့ဆိုပါတယ်။

ကိုဗစ်ဒုတိယလှိုင်းမှာ လူနာအရေအတွက်တွေလည်း အဆမတန်များလာတဲ့အတွက် အစိုးရဆေးရုံတွေမှာလည်း လူနာတွေအတွက်နေရာမလုံလောက်တာကြောင့် ဆေးရုံတွေမှာ တိုးချဲ့ပြင်ဆင်ဆောင်ရွက်နေသလို ယာယီဆေးရုံတွေကိုလည်း ပြင်ဆင်ဆောင်ရွက်ထားရှိထားတာပါ။

ယခုတင်ပြထားတဲ့ ပုဂ္ဂိလကဆေးရုံနှစ်ခုကိုသာ ဝန်ကြီးဌာနက ခွင့်ပြုခဲ့ပါက ပထမဆုံးကိုဗစ်ကုသရေးစင်တာအဖြစ်ထားရှိမယ့် ပုဂ္ဂိလကဆေးရုံတွေလည်းဖြစ်ပါတယ်။




Share

Loading Next Article...
က္က