Poco စီးရီးထဲက သုံးလုံးတွဲကင်မရာနဲ့ ဈေးအနည်းဆုံးဖုန်း ထွက်လာပါတယ်။
Xiaomi ကနေ ခွဲထွက်ထားတဲ့ Poco အမှတ်တံဆိပ်ကနေ Poco C3 နာမည်နဲ့ ဖုန်းသစ်တစ်မျိုးကို ကြေညာလိုက်တာပါ။ C ဆိုတာကတော့ ကင်မရာကို ကိုယ်စားပြုတာ ဖြစ်ပြီး Poco C3 မှာ ကျောဘက်ကင်မရာ ၃ လုံး ပါရှိပါတယ်။ ဘက်ဂျက်ဗားရှင်းမော်ဒယ်တစ်မျိုး ဖြစ်ပြီး ကျောဘက်မှာ နှစ်ရောင်စပ် Two-Tone Pattern နဲ့ လာပါတယ်။
Photo: GSMArena
Poco C3 ဟာ ရှေ့ဘက်မှာ Waterdrop notch နဲ့အတူ ကျောဘက်မှာ စတုရန်းပုံကင်မရာကွက်လေး သုံးထားပါတယ်။ Arctic Blue ၊ Lime Green နဲ့ Matte Black ကာလာ ၃ ရောင်နဲ့ ထွက်ထားပါတယ်။ မျက်နှာပြင်အရွယ်အစား၆.၅၃ လက်မရှိပြီး 20:9 aspect ratio ကိုယ်ထည် သုံးထားပါတယ်။
notch ထဲမှာ video call နဲ့ selfi ဆွဲဖို့ 5MP ကင်မရာ ထည့်ထားပါတယ်။ ကျောဘက်မှာ 13MP main sensor ၊ 2MP macro lens နဲ့ 2MP depth sensor တို့ ပါရှိပါတယ်။ 5000mAh ဘက်ထရီဟာ 10W charging ပံ့ပိူးထားပါတယ်။ အားသွင်းဖို့အတွက် micro USB port သုံးထားပြီး 3.5mm headpone jack ပါရှိပါတယ်။
Photo: GSMArena
processor အနေနဲ့ MediTek Helio G35 SoC နဲ့ လာပြီး RAM 3GB နဲ့ 4GB ထွက်ထားပါတယ်။ storage ကိုတော့ 32GB နဲ့ 64GB ဗားရှင်းများ လာပြီး microSD card ကနေ storage ထပ်မြှင့်နိုင်မှာပါ။ ဆော့ဖ်ဝဲလ်ပိုင်းမှာ Android 10 ကို အခြေခံထားတဲ့ MIUI 12 စနစ်နဲ့ လာပါတယ်။
Poco C3 (RAM3GB/32GB storage) မော်ဒယ်ကို ၇၄၉၉ ရူပီး (မြန်မာငွေ ၁ သိန်း ၃ သောင်းခွဲခန့်) ဈေးနဲ့ ရောင်းချသွားမှာပါ။ RAM 4GB/ 64GB storage ဗားရှင်းရဲ့ ဈေးနှုန်းကတော့ ၈၉၉၉ ရူပီး ( မြန်မာငွေ ၁ သိန်း ၆ သောင်းခန့်) သတ်မှတ်ထားပါတယ်။