အကြမ်းပတမ်း အသုံးခံနိုင်တဲ့ Ulefone အမှတ်တံဆိပ် ဖုန်းသစ် ထွက်လာပြီ ဖြစ်ပါတယ်။
Ulefone ဟာ အကြမ်းခံ Rugged ဖုန်းတွေနဲ့ နာမည်ကျော်တဲ့ Brand တစ်ခုဖြစ်ပြီး အသစ်ထွက်လာတဲ့ Armor X8 မှာလည်း ဒီဂုဏ်သတင်းကို ဆက်ထိန်းထားပါတယ်။ Ulefone Armor X8 ဟာ စမတ်ဖုန်းတစ်လုံးအတွက် အမြင့်ဆုံးရေစိုခံနှုန်း နဲ့ ရေငွေ့ဒဏ်ခံ စံချိန်ဖြစ်တဲ့ IP68/69K နဲ့လာပြီး စစ်တပ်အဆင့် အကြမ်းခံနှုန်းဖြစ်တဲ့ MIL-STD-810G rating ပါရှိပါတယ်။
Photo: GSMArena
ဒါကြောင့်ပဲ ဖိမိတာ ၊ လွတ်ကျတာနဲ့ ပြင်းထန်လွန်းတဲ့ အပူချိန်တွေကို ခံနိုင်ရည် ရှိမှာပါ။ ရေအနက် ၁ မီတာခွဲမှာ မိနစ် ၃၀ အထိ အစိမ်ခံနိုင်ပြီး အမြင့် ၁.၂ မီတာကနေ ကြမ်းတမ်းတဲ့ အမာခံမြေပြင်ပေါ် လွတ်ကျတဲ့ ဒဏ်ခံနိုင်မှာ ဖြစ်ပါတယ်။ တစ်ခြား Rugged ဖုန်းတွေလိုပဲ အကြမ်းခံကိုယ်ထည်ဒီဇိုင်းနဲ့ လာပြီး ကိုယ်ထည် Casing ဟာ ရေမဝင်အောင် ကာကွယ်နိုင်မယ့် ရာဘာအစွပ်တွေ သုံးထားပါတယ်။
မျက်နှာပြင် ၅.၇ လက်မ HD+ LCD display ဟာ အမာခံမှန် တပ်ဆင်ထားပြီး ဘယ်ဘက်ကိုယ်ထည်မှာ easy shortcut ခလုတ်လေးတစ်ခု ထည့်ထားပါတယ်။ ကျောဘက် အလယ်ထောင်လိုက် သုံးလုံးတွဲကင်မရာအောက်မှာ လက်ဗွေဖတ်ကင်မရာစနစ် တပ်ဆင်ထားပါတယ်။ headphone jack တစ်ခုလည်း ထည့်ပေးထားလို့ functionable ဖြစ်တယ်လို့ ဆိုရမှာပါ။
Photo: GSMArena
Armor X8 ဟာ MediaTek Helio A25 chipset နဲ့ လာပြီး RAM 4GB ၊ 64GB Storage သုံးထားပါတယ်။ screen အပေါ်အောက်မှာ ဘောင်ခပ်ထူထူ ပါရှိပြီး အပေါ်ဘောင်မှာ 8MP ဆယ်လ်ဖီကင်မရာ ထည့်ထားပါတယ်။ ကျောဘက်မှာ 13MP main sensor ၊ 2MP macro နဲ့ 2MP depth sensor ကင်မရာသုံးလုံး ပါရှိပြီး ဧရာမ 5080mAh ဘက်ထရီပါဝါနဲ့ လာပါတယ်။
Android 10 OS သုံးထားပြီး အနက်နဲ့ လိမ္မော်ကာလာ ၂ ရောင်နဲ့ ထွက်ထားပါတယ်။ ဒေါ်လာ ၁၈၀ (မြန်မာငွေ ၂ သိန်း ၃ သောင်းခန့်) ဈေးနဲ့ ရောင်းချသွားမှာပါ။