အိုင်ဒီယာနဲ့ ဖန်တီးမှုက Traft ကို မထင်လောက်အောင် ငွေရှာပေးခဲ့တာပါ

ဒီဇိုင်နာတစ်ယောက်ဟာ iOS သစ်နဲ့ စီးပွားဖြစ်နေတဲ့အကြောင်းကို Twitter မှာ မျှဝေခဲ့ပါတယ်။

Traf လို့ ခေါ်တဲ့ ဒီဇိုင်နာတစ်ယောက်ဟာ iOS 14 Home Screen ကို Customize လုပ်ထားတဲ့ icons ဒီဇိုင်းတွေ Twitter မှာ တင်ခဲ့ပါတယ်။ စက်တင်ဘာ ၂၀ ရက်နေ့က Traf ဟာ သူ့ရဲ့ iOS 14 Home screen အတွက် ဒီဇိုင်းထုတ်ထားတဲ့ icons set လိုက် Tweet တင်ခဲ့တာ ဖြစ်ပြီး ဒီ Tweet ဟာ ချက်ချင်းဆိုသလို လူမှုကွန်ရက်သုံးစွဲသူများရဲ့ စိတ်ဝင်စားမှု ရခဲ့တာပါ။



Photo: Creative Bloq

သူရေးဆွဲလိုက်တဲ့ iOS 14 icon ဒီဇိုင်းသစ်အပေါ် စိတ်ဝင်စားမှုတွေ မြင့်တက်လာပြီးနောက် Traf ဟာ သူ့ရဲ့ ကိုယ်ပိုင် icon set ဒီဇိုင်းထုတ်ပြီး ရောင်းချဖို့အတွက် upload တင်ခဲ့ပါတယ်။ ဈေးကွက်တင်ရောင်းချပြီး ၆ ရက်အတွင်း သူဟာ icon set ပေါင်း ၃၆၂၆ ခု ရောင်းချနိုင်ခဲ့ပြီး ဒေါ်လာ ၁၀၁၅၂၈ အထိ အမြတ်ရခဲ့တယ်လို့ Apple Insider သတင်းက ဆိုပါတယ်။

Apple ဟာ ပြီးခဲ့တဲ့ ဇွန်လထဲမှာ iOS 14 သစ်ကို မိတ်ဆက်ခဲ့ပါတယ်။ iOS 14 သစ်မှာ Widget တွေ သုံးပြီး iPhone Home screen ကို စိတ်ကြိုက် customize လုပ်နိုင်လာပါတယ်။ ဒီ feature ဟာ အန်းဒရိုက်မှာ အရင်နှစ်တွေကတည်းက ရပြီးသား feature ဖြစ်ပါတယ်။ Traf ဟာ သူ့ရဲ့ customize icon တွေမှာ dark mode နဲ့ light ဗားရှင်းတွေလည်း ဆွဲခဲ့ပါတယ်။


Photo: Apple Insider

၄၈ နာရီအတွင်း သူဟာ ဒေါ်လာ ၆၀၀၀ ဖိုး ရောင်းချနိုင်ခဲ့ပါတယ်။ ဒီနောက် နာမည်ကြီး နည်းပညာ YouTuber ဖြစ်တဲ့ မားကွက်ဇ်ဘရောင်လီရဲ့ YouTube ချန်နယ်မှာ Traft ရဲ့ minimalist icon ဒီဇိုင်းဆန်းတွေအကြောင်း မျှဝေပြီးနောက် ပြီးခဲ့တဲ့ သီတင်းပတ်အကုန်အထိ Traft ရဲ့ icon set ကို လူပေါင်း ၄၁၈၈ ဦး က ဝယ်ယူခဲ့ပြီး ဒေါ်လာ ၁၁၆၀၀၀ ဝင်ခဲ့တယ်လို့ ဆိုပါတယ်။ 

Traf ဟာ သူ့ရဲ့ iOS 14 Home screen icons set တစ်စုံကို ၂၈ ဒေါ်လာနှုန်းထားနဲ့ ရောင်းချခဲ့တာ ဖြစ်ပါတယ်။ ဒီဂျစ်တယ် content ဖန်တီးမှုဟာ ဈေးကွက်တစ်ခုအဖြစ် ရှိနေပြီး Traft ဟာ ၂၀၁၃ ခုနှစ်ကလည်း iOS icon တစ်ခုကို ၁၇ ဒေါ်လာနှုန်းထားနဲ့ အွန်လိုင်းပေါ် ရောင်းချခဲ့တာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က