အိန္ဒိယဈေးကွက်မှာ Realme ဖုန်းသစ်နှစ်မျိုး ဝင်ရောက်ခဲ့ပြီး တစ်ခုကတော့ Special Edition သစ် Realme 7 Pro ဖြစ်ပါတယ်။

Special Edition ဗားရှင်းမှာ အကြမ်းခံပြီး ဆွဲဆောင်အားကောင်းတဲ့ လယ်သာကာဗာနဲ့လာပါတယ်။ မီးခိုးနဲ့ လိမ္မော်နှစ်ရောင် Two-tone နှစ်ရောင်စပ်ဒီဇိုင်း ဖြစ်ပြီး တိရစ္ဆာန်အရေက မဟုတ်တဲ့ ပလတ်စတစ်နဲ့ သဘာဝပစ္စည်းတွေကနေ ရတဲ့ လယ်သာသုံးသွားတာ ဖြစ်လို့ Eco-Friendly ဖြစ်တယ်လို့ ဆိုရမှာပါ။



Photo: GSMArena

Realme ကတော့ ဒီဗားရှင်းကို Sun Kissed Leather Special Edition လို့ နာမည်ပေးထားပါတယ်။ ဒီဇိုင်းက လွဲရင် ကျန်တာကတော့ ပြီးခဲ့တဲ့ လက ထွက်ခဲ့တဲ့ Realme 7 Pro နဲ့ တစ်ပုံစံတည်း အပြောင်းအလဲ မရှိပါဘူး။ မျက်နှာပြင်အရွယ်အစား ၆.၄ လက်မ S-AMOLED display နဲ့ လာပြီး FHD+ ရုပ်ထွက် ပံ့ပိုးထားပါတယ်။

မှန်ပြင်အောက်မှာ in-display လက်ဗွေနည်းပညာထည့်သွင်းထားပြီး Snapdragon 720G chipset ပါရှိပါတယ်။ ကျောဘက်မှာ ထောင်လိုက် စတုဂံကင်မရာကွက်ပါရှိပြီး Sony IMX682 64MP sensor ၊ 8MP ultrawide lens ၊ 2MP macro lens နဲ့ 2MP depth sensor ကင်မရာလေးလုံးသုံးထားပါတယ်။ 

Photo: GSMArena

ကျောဘက်ကင်မရာတွေဟာ 4K UHD တွေကို 30fps နှုန်းနဲ့ ရိုက်ကူးနိုင်ပြီး EIS ရုပ်ငြိမ်စနစ် ပါရှိပါတယ်။ punch-hole ကင်မရာထဲမှာ ၈၅ ဒီဂရီမြင်ကွင်းကျယ် ရိုက်နိုင်မယ့် 32MP selfie ကင်မရာ သုံးသွားပါတယ်။ 4500mAh ဘက်ထရီဟာ 65W Fast Charging အမြန်အားသွင်းနည်းပညာ နဲ့ လာတာဖြစ်လို့ နာရီဝက်ကျော်ကျော်နဲ့ အားအပြည့်သွင်းနိုင်မှာပါ။

RAM 6GB / 128GB storage မော်ဒယ်ကို ရူပီး ၂ သောင်း(မြန်မာငွေ ၃ သိန်းခွဲကျော်) နဲ့ RAM 8GB/128GB storage ကို ရူပီး ၂၂၀၀၀ (မြန်မာငွေ ၄ သိန်းနီးပါး) ဈေးနဲ့ ရောင်းချသွားမှာပါ။ 

Share

Loading Next Article...
က္က