မေတ္တာသင်္ဂဟ အဖွဲ့ဝင်တွေရဲ့ အလှူလည်း ပါဝင်ပါတယ်။

COVID-19 ဆေးကုသရေးဌာန( မှော်ဘီ)မှာရှိတဲ့ သီလရှင်အပါး(၅၀) အတွက် ခန့်စည်သူနဲ့ အတူ မေတ္တာသင်္ဂဟ အဖွဲ့ဝင်များက အလှူအတန်းတွေ ပြုလုပ်ခဲ့ပါတယ်။ 

Photo: Khant Si Thu


သရုပ်ဆောင် ခန့်စည်သူကတော့ မှော်ဘီမြို့ရှိ ကိုဗစ်ဆေးကုသရေးဌာနမှာ ဆေးကုသမှု ခံယူလျှက်ရှိတဲ့ သီလရှင်ဆရာလေး အပါး(၅၀) အတွက် စားနပ်ရိက္ခာများ ထောက်ပံ့ လှူဒါန်းခဲ့တာ တွေ့ရပါတယ်။ 

" ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ အမှတ် (၆)စစ်မြေပြင်ဆေးတပ်ရင်း Covid-19 ကုသရေးဌာန( မှော်ဘီ) တွင် ဆေးကုသမှုခံယူနေသော ဓမ္မဝါဒီ သီလရှင်ကျောင်းမှ သီလရှင်ဆရာလေးများ အပါး(၅၀) အတွက် လင်းသာသူဆိုင်မှနေ့ဆွမ်း၊ သွားတိုက်ဆေး (၅၀)၊ သွားပွတ်တံ (၅၀)၊ မွှေးဆပ်ပြာခဲ (၅၀)

၊ ဆပ်ပြာမှုန့်အထုပ် (၅၀)၊ Nice Food မှ မုန့်မျိုးစုံပါဂျပ်ဖာ (၅၀)၊ ဆင်ဖြူတော်ခြံကြက် ဥအလုံး (၅၀၀) ကို တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး အောင်ပြည့်နှင့် အကျိုးတော်ဆောင် ဒုတိယဗိုလ်မှူးကြီး သက်နောင်ထံ လှူဒါန်းခဲ့ကြပါသည်။အခက်အခဲများထဲမှ လှူဒါန်းပေးကြပါသော အလှူရှင်များနှင့်မေတ္တာသင်္ဂဟအဖွဲ့ဝင်များအား ကျေးဇူးအထူးပဲတင်ရှိပါတယ်" ဆိုပြီးတော့ အောက်တိုဘာလ (၇) ရက်နေ့ နေ့လယ်ပိုင်းက ခန့်စည်သူရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။ 

Photo: Khant Si Thu

မေတ္တာသိင်္ဂဟ အဖွဲ့ကိုတော့ ၂၀၁၁ ခုနှစ်က စတင်တည်ထောင်ခဲ့တာ ဖြစ်ပြီး သရုပ်ဆောင် ခန့်စည်သူ အပါအဝင် အနုပညာရှင်များစွာတို့ အတူတူ ဖွဲ့စည်းထားတဲ့ ပရဟိတအသင်း တစ်ခုဖြစ်ပါတယ်။ အဆိုပါ ပရဟိတအဖွဲ့ဟာ သဘာဝဘေးအန္တရာယ်ကြောင့် စားဝတ်နေရေး အခက်အခဲ ကြုံတွေ့ခဲ့ရတဲ့ ဒေသတွေ၊ ပညာရေး၊ ကျန်းမာရေး တို့အပြင် လူမှုပတ်ဝန်းကျင်နဲ့ သက်ဆိုင်တဲ့ အရာတွေကို အမြဲမပြတ် ကုသိုလ်ပြုနေတဲ့ အဖွဲ့ဆိုရင်လည်း မမှားပါဘူး။ အခုချိန်မှာတော့ မေတ္တာသိင်္ဂဟ ပရဟိတအဖွဲ့ သက်တမ်းဟာ(၉) နှစ်တာ ခိုင်ခိုင်မာမာရပ်တည်လျှက်ရှိတာတွေ့ရပါတယ်။ 

Photo: Khant Si Thu

လက်ရှိ COVID-19 ကာလမှာလည်း အနုပညာလောကသားတွေထဲက စားဝတ်နေရေးအဆင်မပြေသူများဖြစ်တဲ့ စက်မှုအခြေခံအလွှာ ၊ အမေများအဖွဲ့ တို့ကိုလည်း စားနပ်ရိက္ခာတွေနဲ့ ငွေကြေးထောက်ပံ့မှုများပြုလုပ်ခဲ့သလို ရန်ကုန် ကလေးဆေးရုံကြီး၊ ဝေဘာဂီဆေးရုံ ကြီး နဲ့ မန္တလေးဆေးရုံကြီးတွေမှာလည်း အာဟာရ အလှူဒါနတွေ ပြုလုပ်တာဖြစ်ပြီး တာမွေမြို့နယ်ရှိ အလိုတော်ပြည့် ဘုန်းကြီးကျောင်းမှ စာသင်ကြားနေကြတဲ့ ဆရာ၊ ဆရာမများနဲ့ ကျောင်းသား ကျောင်းသူများအတွက်လည်း စားနပ်ရိက္ခာနဲ့ ငွေကြေးထောက်ပံ့မှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။  

Photo: Khant Si Thu

ပရဟိတကုသိုလ်တွေ လုပ်လေ့ရှိတဲ့ အနုပညာရှင်တွေထဲမှာ ခန့်စည်သူက သီဟသုဓမ္မမဏိဇောတဓရ၊ အဘိဓမ္မဓရ ဘွဲ့ကို ရရှိထား သူဖြစ်ပါတယ်။ သူဟာ ရုပ်ရှင်ကားကြီးတွေလည်း ရိုက်ကူးနေရတာဖြစ်သလို သွားရောက်ရိုက်ကူးတဲ့ နယ်မြို့တွေမှာလည်း အမြဲတမ်း အလှူအတန်းတွေ လုပ်ခဲ့တာကို တွေ့ရပါတယ်။ ခန့်စည်သူဟာ ပရဟိတအလုပ်တွေမှာသာမက၊ ဘုရားတည်၊ ကျောင်းဆောက် စတဲ့ အလှူတွေလည်း လုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။  




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က