၂၀၂၀ အကုန်မှာ မြင်ရဖို့ ရှိပါတယ်။

မိုဘိုင်းလ် chipmaker ကြီးတစ်ခုဖြစ်တဲ့ Qualcomm ကလည်း Gaming ဖုန်းတွေ ထုတ်လုပ်သွားမယ်လို့ သတင်းထွက်နေပါတယ်။

ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း Gaming ဖုန်းဈေးကွက် အားကောင်းလာပြီး စမတ်ဖုန်း OEM တွေ ဖြစ်တဲ့ Asus ၊ Razer ၊ Black Shark ၊ IQOO နဲ့ Nubia တို့ရဲ့ Gaming Smartphone ထုတ်ကုန်ကို မြင်လာခဲ့ရပါတယ်။ ထိုင်ဝမ်နည်းပညာသတင်းဝက်ဆိုက်တစ်ခုဖြစ်တဲ့ Digitimes ရဲ့ အဆိုအရ Qualcomm ဟာလည်း Asus နဲ့ ပေါင်းပြီး Qualcomm အမှတ်တံဆိပ် Gaming ဖုန်းတွေ ထုတ်လုပ်သွားမယ်လို့ ဆိုပါတယ်။



Photo: thelatestlivenews

"Qualcomm ဟာ Asustek Computer နဲ့ ပူးပေါင်းပြီး ကိုယ်ပိုင် Brand ဂိမ်းဖုန်းတွေ နှစ်အကုန်ပိုင်းကို အစောဆုံးထား ထွက်ရှိလာနိုင်တယ်လို့ သတင်းအရင်းအမြစ်တွေက ဖော်ပြနေပါတယ်။"လို့ Digitimes သတင်းက ဖော်ပြထားပါတယ်။

Gaming ဖုန်းရဲ့ ဒီဇိုင်းနဲ့ Hardware ပိုင်းအတွက် Asus က တာဝန်ယူရပြီး အတွင်းပိုင်း Industry Design နဲ့ ဆော့ဖ်ဝဲလ်ပိုင်းကို Qualcomm က ဖန်တီးသွားဖို့ ရှိပါတယ်။ ပုံမှန်အချိန်ဇယားအတိုင်းဆို Qualcomm ဟာ ဒီဇင်ဘာမှာ flagship processor သစ် မိတ်ဆက်နေကျ ဖြစ်ပါတယ်။

Photo: beebom

ဒီနှစ်မှာ 5nm Snapdragon 875 SoC သစ်ကို မိတ်ဆက်သွားဖို့ ရှိပါတယ်။ Digitimes ဝက်ဘ်ဆိုက်အရ Qualcomm နဲ့ Asus တို့ဟာ တစ်နှစ်ကို ဖုန်းအလုံးရေ ၁ သန်းခန့် ထုတ်လုပ်သွားဖို့ ခန့်မှန်းထားပြီး ဒီထဲမှာ Qualcomm တံဆိပ် Gaming ဖုန်းအလုံးရေ ၅ သိန်းခန့် ပါဖို့လည်း ရှိပါတယ်။ ဖုန်းအကြောင်း တစ်ခြား အချက်အလက်တွေတော့ မသိရသေးပါဘူး။

ခေတ်ပေါ် Gaming ဖုန်းတစ်လုံးမှာ မြင်ရတဲ့အတိုင်း Refresh rate အမြင့် Screen ၊ Shoulder Trigger ဂိမ်းခလုတ် ၊ အဆင့်မြင့် အအေးခံစနစ် ၊ အကြီးစားဘက်ထရီပါဝါနဲ့ ထိပ်တန်း Processor တို့ သုံးသွားဖို့ ရှိပါတယ်။ Qualcomm ရဲ့ Gaming ဖုန်းအကြောင်းတော့ မကြာခင်မှာ ထပ်ပြီး ကြားရဖို့ ရှိနေပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က